Connect with us

China

၁၀ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာစာရေးဆရာများအသင်း ၈ ကြိမ်မြောက် ဥက္ကဋ္ဌအဖွဲ့ အစည်းအဝေး၊ ၅ ကြိမ်မြောက် မျက်နှာစုံညီ ကော်မတီအစည်းအဝေး ပေကျင်းမြို့တွင် ကျင်းပ

ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)
၁၀ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာစာရေးဆရာများအသင်း ၈ ကြိမ်မြောက် ဥက္ကဋ္ဌအဖွဲ့ အစည်းအဝေး၊ ၅ ကြိမ်မြောက် မျက်နှာစုံညီ ကော်မတီအစည်းအဝေးကို မတ် ၂၀ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးကို တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယအကြီးအကဲ ထျယ်နင် တက်ရောက်၍ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၈ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာကွန်ဂရက်မှစ၍ စာရေးဆရာများနှင့် စာပေသမားများသည် “နိုင်ငံ၏ အရေးကြီးကိစ္စရပ်များ” ကို ရင်ဝယ်ပိုက်လျက် ခေတ်သစ် ယဉ်ကျေးမှုသမိုင်းတာဝန်ကို မိမိ၏အသိစိတ်ဖြင့် ထမ်းဆောင်ကြကြောင်း၊ ပြည်သူဗဟိုပြုမှုကို အခိုင်အမာလက်ကိုင်ထား၍ စာပေလက်ရာဖြင့် လူရည်ချွန်ပေါ်ထွက်ရေး အဓိကတာဝန်လုပ်ငန်းကို ဗဟိုပြု၍ ဆန်းသစ်တီထွင်မှု တိုးချဲ့ခြင်း၊ မဆုတ်မနစ် ရှေ့သို့တက်လှမ်းခြင်းဖြင့် ခေတ်သစ် စာပေ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဖော်ဆောင်ကာ ယဉ်ကျေးမှုကဏ္ဍ အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ရေးအတွက် အကျိုးပြုခဲ့ကြောင်း ထောက်ပြခဲ့သည်။

ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို သွေးစည်းခိုင်မာအောင်၊ အထူးသဖြင့် ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုအတွေးအခေါ် ဖော်ဆောင်မှုကို ထဲထဲဝင်ဝင်လေ့လာရမည် ဖြစ်ကြောင်း၊ ပါတီ၏ယဉ်ကျေးမှုအနုပညာလမ်းကြောင်း ရည်မှန်းချက်မူဝါဒကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ “ပြည်သူ့အတွက်၊ ဆိုရှယ်လစ်ဝါဒအတွက် ဝန်ဆောင်မှု နှစ်ရပ်” ဟူသော ဦးတည်ချက်၊ “စာပေအနုပညာပန်းပေါင်းစုံပွင့်လန်းရေးနှင့် အတွေးအခေါ်မျိုးစုံ ကြွယ်ဝရေး” ရည်မှန်းချက်ကို အခိုင်မာလက်ကိုင်ထားပြီး တီထွင်ဖန်တီးမှုမှ ဆန်းသစ်ဖန်တီးမှုအဖြစ် အသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာလက်ကိုင်ထားလျက် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းကာ တရုတ်ယဉ်ကျေးမှု အထွတ်အထိပ်သစ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း အစည်းအဝေးတွင် အလေးထားပြောပြခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
中国作家协会十届八次主席团会、十届五次全委会在京召开
新华社北京3月20日电 3月20日,中国作家协会十届八次主席团会、十届五次全委会在京召开。全国人大常委会副委员长铁凝出席并主持会议。
会议指出,党的十八大以来,广大作家和文学工作者心怀“国之大者”,自觉担负新时代的文化使命,坚持以人民为中心,围绕出作品出人才主责主业,开拓创新、锐意进取,努力推动新时代文学实现高质量发展,为文化强国建设贡献力量。
会议强调,要坚持以习近平新时代中国特色社会主义思想凝心铸魂,特别是要深入学习实践习近平文化思想,贯彻落实党的文艺路线方针政策,坚持“二为”方向、“双百”方针,坚持创造性转化创新性发展,坚定不移走中国特色社会主义文化发展道路,构筑中华文化的新高峰。(完)