Connect with us

NPC

ယခုနှစ်ရည်မှန်းချက်ကို ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ပြီး ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ်ကို အပြည့်အဝ လက်တွေ့အကောင်အထည်ဖော်ကာ အရည်အသွေးကို ထိရောက်စွာ မြှင့်တင်၍ အရေအတွက်ပမာဏကို သင့်လျော်စွာ တိုးတက်အောင် ဖော်ဆောင်ရမည် ဖြစ်ကြောင်း အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် ပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
ယခုနှစ် ရည်မှန်းချက်ကို ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ်ကို အပြည့်အဝ လက်တွေ့အကောင်အထည်ဖော်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ဤအဓိကတာဝန်ကို အရှိန်မြှင့် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းနှင့် အရေအတွက်ပမာဏ အကျိုးသက်ရောက်မှုကို ပေါင်းစည်းခြင်းအား အခိုင်အမာလက်ကိုင်ထားကာ အရည်အသွေးကို ထိရောက်စွာ မြှင့်တင်၍ အရေအတွက်ပမာဏကို သင့်လျော်စွာ တိုးတက်အောင် ဖော်ဆောင်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ် ၅ ရက်၌ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းလိုအပ်ချက် မဟာဗျူဟာကို အခိုင်အမာ တိုးချဲ့ဖော်ဆောင်ခြင်း၊ ပြည်တွင်း၌ လည်ပတ်မှုကြီးကို ကြီးမား၍ အားကောင်းအောင် ဆောင်ရွက်ခြင်း၊ တံခါးဖွင့်လှစ်မှုကို တိုးချဲ့ရာ၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို ချဲ့ထွင်ခြင်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ နှစ်ထပ်ကွမ်းလည်ပတ်မှုကို ပို၍ အဆင့်မြင့်မားစွာ အပြန်အလှန်မြှင့်တင်ရေးနှင့် အပြန်အလှန် အပြုသဘော ဆက်နွှယ်မှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ထောက်ပံ့မှုဘက်၏ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းကို ထဲထဲဝင်ဝင် စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး စားသုံးခြင်းထောက်ပံ့ရေး၏ ဖွဲ့စည်းပုံဆိုင်ရာ ပဋိပက္ခများကို အားထားဖြေရှင်းကာ အရည်အသွေးမြင့် ထောက်ပံ့မှုဖြင့် လိုအပ်ချက်ကို ဦးဆောင်၍ လိုအပ်ချက်ကို ဆန်းသစ်တီထွင်ပြီးပိုမို အလေးထားရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများအား ဘက်စုံနက်ရှိုင်းစွာ တစ်ဆင့်တိုး ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍစုံ၏တက်ကြွမှုကို နှိုးဆော်ခြင်းအား အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်သလို လူမှုအသိုက်အဝန်းတစ်ရပ်လုံး၏ ဆန်းသစ်ဖန်တီးမှုတက်ကြွစွမ်းအားကို ဖော်ထုတ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
两会·要闻|李强在政府工作报告中指出,完成好今年目标任务,必须深入贯彻习近平经济思想,实现质的有效提升和量的合理增长
新华社北京3月5日电 国务院总理李强5日在政府工作报告中指出,完成好今年目标任务,必须深入贯彻习近平经济思想,紧抓高质量发展这个首要任务,坚持以质取胜和发挥规模效应相统一,实现质的有效提升和量的合理增长。
坚定实施扩大内需战略,做大做强国内大循环,在扩大开放中拓展国际合作空间,实现国内国际双循环在更高水平上相互促进、良性互动。持续深化供给侧结构性改革,着力破解消费供给的结构性矛盾,更加注重以高质量供给引领需求、创造需求。坚持以进一步全面深化改革调动各方面积极性,激发全社会创新创造活力。(完)
1. 3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。