International Organizations
အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ပြင်းထန်စွာစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ နိုင်ငံများ၏ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မှုရရှိ

ဂျီနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုန်စည်ကုန်သွယ်ရေး ကောင်စီ၏ နှစ်စဉ် ပထမအကြိမ် အစည်းအဝေးကို ဧပြီ ၉ ရက်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံက အစည်းအဝေး အကြောင်းအရာကို စီစဉ်ချမှတ်ခဲ့ပြီး အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံများနှင့် ၎င်းတို့၏ ဆိုးရွားသော သက်ရောက်မှုများအပေါ် ပြင်းထန်စွာ စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အပေါ် အပျက်သဘောဆောင်သည့် ရိုက်ခတ်မှုများကို ရှောင်ရှားရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် WTO ၏စည်းမျဉ်းစည်းကမ်းများအား လက်တွေ့ကျကျ လိုက်နာရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ ပြောကြားချက်ကို နိုင်ငံအသီးသီးက ခိုင်ခိုင်မာမာ လက်ခံတုံ့ပြန်ခဲ့ကြသည်။ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ ဆွစ်ဇာလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ မလေးရှား၊ ဘရာဇီး၊ ပီရူး၊ ကာဇက်စတန်နှင့် ချတ် စသည် WTO အဖွဲ့ဝင်နိုင်ငံ ၄၆ နိုင်ငံက ထိုအစည်းအဝေးအစီအစဉ်တွင် အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံအပေါ် စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားကာ WTO စည်းမျဉ်းစည်းကမ်းများကို လက်တွေ့ကျ လိုက်နာရန် အမေရိကန်အား တိုက်တွန်းခဲ့သည်။
WTO ကို ဗဟိုပြုသော နိုင်ငံစုံကုန်သွယ်ရေးစနစ်က ကမ္ဘာ့ကုန်သွယ်ရေးအတွက် အခြေခံစည်းစနစ် အာမခံမှု ထောက်ပံ့ပေးခဲ့ကြောင်း၊ အထူးခံစားခွင့်ရှိ နိုင်ငံများ ဆက်ဆံရေး (Most-Favoured Nation – MFN) အခြေခံမူကို အခြေခံထားသော နိုင်ငံစုံ စည်းကြပ်ခွန်အနေဖြင့် အဖွဲ့ဝင်အားလုံးများက ပွင့်လင်းမြင်သာမှုရှိသော၊ မျှော်မှန်းနိုင်သော၊ ခွဲခြားဆက်ဆံမှုမရှိသော ပတ်ဝန်းကျင်တွင် ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်စေရေးကို အာမခံပေးရန် ကတိပြုထားကြောင်း တရုတ်နိုင်ငံက ထောက်ပြခဲ့သည်။
အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အခွန်နှုန်းသည် ၎င်းက WTO တွင် ကတိကဝတ်ပြုထားသော စည်းကြပ်ခွန် ကန့်သတ်အတိုင်းအတာထက် လွန်စွာမြင့်မားနေပြီး တစ်ဖက်သတ် စိတ်ကြိုက် တိုးမြှင့်ထားသော ခွဲခြားဆက်ဆံမှုရှိသည့် စည်းကြပ်ခွန်သည် WTO ၏ အထူးခံစားခွင့်ရှိနိုင်ငံများ ဆက်ဆံရေးဟူသည့် အခြေခံမူကို ဆိုးရွားစွာ ချိုးဖောက်ပြီး ယင်းသည် စံတင်လောက်သည့် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် အနိုင်ကျင့်ဗိုလ်ကျသော လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။
အမေရိကန်သည် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ တည်ထောင်သူနှင့် အဓိက အကျိုးခံစားရသူဖြစ်ကြောင်း၊ ကုန်စည်ကုန်သွယ်ရေး ဟန်ချက်ညီမှုရှိ၊ မရှိဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးတွင် ယေဘုယျအားဖြင့် ရရှိမည့် အကျိုးအမြတ် အနည်းအများကို အကဲဖြတ်ခြင်းသည် အင်မတန် အပေါ်ယံဆန်လွန်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” ဆိုသည်မှာ “မှားယွင်းသောကုထုံး၊ ဆေးအမှား သောက်သုံးခြင်း” ဖြစ်ကြောင်း၊ ယင်းသည် ကုန်သွယ်ရေး ဟန်ချက်မညီမှုပြဿနာ ဖြေရှင်းရေးအတွက် အထောက်အကူမပြုသည့်အပြင် အမေရိကန်ကိုယ်တိုင်ကလည်း တန်ပြန်ခံစားရပြီး နိုင်ငံတကာကုန်သွယ်ရေး စည်းစနစ်ကို ပြင်းထန်သော အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။
စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူဟူ၍ မရှိကြောင်း၊ WTO အဖွဲ့ဝင်များအနေဖြင့် သမိုင်းမှ သင်ခန်းစာယူကာ နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်းစည်ကမ်းများကို လက်ကိုင်ထား ထိန်းသိမ်းရန်၊ နိုင်ငံစုံ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံ အနေဖြင့် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံများသည် WTO အခြေခံမူများကို ဆိုးရွားစွာ ချိုးဖောက်နေပြီး ကုန်သွယ်ရေး ဟန်ချက်မညီမှု ပြဿနာကို ဖြေရှင်းရေးတွင် အထောက်အကူပြုမည်မဟုတ်ကြောင်း ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။
ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား စသည့် အဖွဲ့ဝင်နိုင်ငံများကမူ အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံများသည် နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်စွာ လည်ပတ်ရေးကို ဖျက်ဆီးနေသဖြင့် အမေရိကန်အပါအဝင် နိုင်ငံအသီးသီးမှ ထုတ်လုပ်ရေးလုပ်ငန်းရှင်၊ ဝယ်ယူစားသုံးသူတို့၏ အကျိုးစီးပွားကို ထိခိုက်မည်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
ပီရူး၊ ကာဇက်စတန်နှင့် ချတ်စသည့် အဖွဲ့ဝင်နိုင်ငံများက အမေရိကန်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံများသည် စီးပွားရေး ထိခိုက်လွယ်သော ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများအပေါ် အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးအဖွဲ့ဝင်နိုင်ငံများအပေါ် ဆိုးရွားသော ရိုက်ခတ်မှုများ ဖြစ်စေကြောင်း ရှုတ်ချခဲ့ပြီး တန်းတူညီမျှမှု၊ တံခါးဖွင့်မှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုရှိသော၊ ခွဲခြားဆက်ဆံမှု မရှိသော နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။
WTO ကို ဗဟိုပြုသော နိုင်ငံစုံကုန်သွယ်ရေးစနစ်သည် နိုင်ငံတကာကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း၊ WTO ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုကို ဆက်လက် တက်ကြွစွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံစုံ မူဘောင်အတွင်းမှ အချင်းချင်း၏ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများက အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
中方在世贸组织就美国“对等关税”表达强烈关注 引发广泛呼应
新华社日内瓦4月9日电(记者焦倩)世界贸易组织9日在瑞士日内瓦召开货物贸易理事会年度首次会议。中方主动设置议题,对美国“对等关税”措施及其恶劣影响表达严重关切,要求美方切实遵守世贸组织规则,避免对全球经济和多边贸易体制造成负面冲击。
中方发言引发各方强烈共鸣。欧盟、英国、加拿大、日本、瑞士、挪威、韩国、马来西亚、巴西、秘鲁、哈萨克斯坦、乍得等46个世贸组织成员在此议程下发言,对美国“对等关税”措施表达关注,呼吁美国切实遵守世贸组织规则。
中方指出,以世贸组织为核心的多边贸易体制为全球贸易提供了根本制度保障,以最惠国待遇原则为基础的多边关税承诺确保所有成员在透明、可预期和非歧视的环境下开展贸易和合作。美方“对等关税”税率远超其在世贸组织承诺的约束关税水平,单方面任意加征歧视性关税严重违反世贸组织最惠国待遇这一根本原则,是典型的单边主义、保护主义和霸凌行径。
中方表示,美国是多边贸易体制的创建者和主要受益方,以货物贸易平衡与否评判在国际贸易中的整体获益高低是极其片面的。所谓“对等关税”是“开错方、吃错药”,不仅无助于解决贸易不平衡问题,还会反噬美国自身,严重扰乱国际贸易秩序。关税战、贸易战没有赢家,中方呼吁所有世贸组织成员以史为鉴,坚守和维护多边贸易规则,通过多边对话和合作解决分歧。
欧盟表示,美国“对等关税”措施严重损害世贸组织基本原则,无助于解决贸易失衡问题。英国、加拿大、日本、韩国等成员批评美国“对等关税”措施扰乱国际贸易秩序,破坏全球产业链供应链稳定运转,将损害包括美国在内的各国生产商、消费者利益。秘鲁、哈萨克斯坦、乍得等成员谴责美国“对等关税”对经济脆弱的发展中成员,特别是最不发达国家成员造成严重冲击,强调维护公平、开放、透明、包容、非歧视的多边贸易规则对发展中成员具有重要意义。
有关成员强调,以世贸组织为核心的多边贸易体制为国际贸易发展作出了重要贡献,将继续积极支持世贸组织发挥积极作用,呼吁成员在多边框架内解决彼此分歧。(完)
图说:这是9月10日在瑞士日内瓦世界贸易组织总部拍摄的世贸组织2024年公共论坛标识。新华社记者 连漪 摄