Connect with us

Africa & Middle East

“ခန်းမနီဖိုရမ်၊ ကိုင်ရိုဆွေးနွေးပွဲ- တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးက ကမ္ဘာကြီးအတွက် အဖိုးတန်သော အတွေ့အကြုံများဆောင်ကြဉ်းပေးခြင်း” ဆွေးနွေးပွဲ အီဂျစ်တွင် ကျင်းပ

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ကျင်းပသော “ခန်းမနီဖိုရမ်၊ ကိုင်ရိုဆွေးနွေးပွဲ- တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးက ကမ္ဘာကြီးအတွက် အဖိုးတန်သော အတွေ့အကြုံများဆောင်ကြဉ်းပေးခြင်း” ဆွေးနွေးပွဲတွင် “တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဆိုင်ရာ မီဒီယာ၊ တတ်သိပညာရှင် ဆွေးနွေးမှု” ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
“ခန်းမနီဖိုရမ်၊ ကိုင်ရိုဆွေးနွေးပွဲ- တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးက ကမ္ဘာကြီးအတွက် အဖိုးတန်သော အတွေ့အကြုံများဆောင်ကြဉ်းပေးခြင်း” ဆွေးနွေးပွဲကို ဧပြီ ၂၄ ရက်တွင် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ကျင်းပခဲ့သည်။ အာရပ်နိုင်ငံများ အဖွဲ့ချုပ် (LAS)နှင့် တရုတ်၊ အီဂျစ် နှစ်နိုင်ငံ အစိုးရများ၊ သံတမန်အသိုင်းအဝိုင်း၊ မီဒီယာ၊ တတ်သိပညာရှင်၊ ကုမ္ပဏီလုပ်ငန်းနှင့် ကုန်သည်ကြီးများအသင်းစသည်တို့မှ ဧည့်သည့်တော် ၁၀၀ ကျော်ခန့်သည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး “ခေတ်မီအသွင်ပြောင်းရေးကို လက်တွဲတွန်အားပေးကာ ပိုမိုအဆင့်မြင့်သော တရုတ်-အာရပ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး”၊ “တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဆိုင်ရာ မီဒီယာ၊ တတ်သိပညာရှင် ဆွေးနွေးမှု”၊ “ကမ္ဘာ့တောင်ဘက်ခြမ်း ရှုထောင့်မှ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး” စသည့် ဆွေးနွေးရန်ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် ခေတ်မီအသွင်ပြောင်းမှုဖြင့် ၎င်း၏ ကြွယ်ဝချမ်းသာမှု၊ အင်အားတောင့်တင်းမှုကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်ခဲ့ကြောင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း ပုံဖော်တည်ဆောက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောမှုကို တွန်းအားပေးကြောင်း အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Essam Sharaf က ဖိုရမ်အဖွင့် အမှာစကားတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော ကမ္ဘာကြီးသည် အကျပ်အတည်းသို့ ကျရောက်နေကြောင်း၊ နိုင်ငံအများအပြားမှာ အကျပ်အတည်းမှ ရုန်းထွက်ပြီး သာယာဝပြောရေး၊ ကြွယ်ဝချမ်းသာရေး၊ အင်အားတောင့်တင်ရေးကို ဦးတည်လျှောက်လှမ်းရန် လိုအပ်ရာ ယင်းမှာ အပြန်အလှန် ယုံကြည်၍ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးလည်းဖြစ် အာရပ်အဖွဲ့ချုပ်နိုင်ငံများဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်လည်းဖြစ်သူ လျောက်လိချန်က “တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအင်းအားအတွက် တွန်းအားဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးက ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲ အဖိုးတန်တဲ့ အခွင့်အလမ်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

စည်းကြပ်ခွန် ဗိုလ်ကျအနိုင်ကျင့်မှုနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံက မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊ ယင်းသည် မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်အတွက်သာမက၊ များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် နိုင်ငံတကာ လူ့အဖွဲ့အစည်း၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်သလို နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ရန်လည်း ဖြစ်ကြောင်း၊ တရုတ်- အီဂျစ်၊ တရုတ်-အာရပ်တို့၏ အတူကြိုးပမ်းမှုအောက်တွင် နှစ်ဖက်သည် အတူတကွ ခေတ်မီအသွင်ပြောင်းရေး၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးတို့တွင် ပိုမိုများပြားသော ရလဒ်များ ရရှိပြီး လက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေး တင်းမာမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို တရုတ်- အီဂျစ်၊ တရုတ်-အာရပ်တို့၏ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် အခွင့်အလမ်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အီဂျစ် နိုင်ငံခြားရေးရာ ကော်မတီ ညွှန်ကြားရေးမှူး Izzat Saad က တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးအယူအဆက “ခေတ်မီအသွင်ပြောင်းရေးဆိုသည်မှာ အနောက်တိုင်းပုံစံအဖြစ် ပြောင်းလဲခြင်း” ဆိုသော အယူအဆမှားကို ထိုးဖောက်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုးရိမ်မှုများကို တုံ့ပြန်ကာ ၎င်းတို့၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကို ဖော်ပြပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးအယူအဆက လူသားမျိုးနွယ် ခေတ်မီအသွင်ပြောင်းရေးအတွက် ရွေးချယ်ချက်အသစ်များဆောင်ကြဉ်းပေး၍ အရေးပါသော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ အာရုံစိုက်မှုနှင့် ကြိုဆိုမှုကို မလွဲမသွေရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီဂျစ် သတင်းဌာနချုပ်၏ ပထမ ဒုတိယအကြီးအကဲ မိုဟာမက် ဟူစိန်က “လက်ရှိမှာ အာရပ်-တရုတ် ဆက်ဆံရေးက စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုစတဲ့ ကဏ္ဍအသီးသီးမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိခဲ့ပြီး အာရပ်နိုင်ငံများ ကမ္ဘာရဲ့ ခေတ်မီအသွင်ပြောင်းရေး လုပ်ငန်းစဉ်အပေါ် သိသိသာသာ သက်ရောက်မှုရှိတယ်” ဟု ပြောကြားခဲ့သည်။

အာရပ်နိုင်ငံများကမ္ဘာက တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုများကို ပိုမိုနားလည်လာပြီး ဤလမ်းစဉ်မှာ အနောက်တိုင်းပုံစံနှင့် မတူညီဘဲ အာရပ်နိုင်ငံ ယဉ်ကျေးမှု၊ အစဉ်အလာနှင့် ပိုမိုလျောညီမှုရှိသော လုပ်ဆောင်နိုင်သည့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး နည်းလမ်းများကို ရှာဖွေရန် နက်ရှိုင်းသော အကြံဉာဏ်များ ဆောင်ကြဉ်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ခန်းမနီဖိုရမ်ကို ဆင်ဟွာသတင်းဌာန အရှေ့အလယ်ပိုင်ရုံးချုပ် ဌာနခွဲ၊ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ဆင်ဟွာသတင်းဌာန နိုင်ငံခြားရေးရာဗျူရို၊ ဆင်ဟွာသတင်းဌာန သုတေသနဌာန၊ ဗဟို ပါတီသမိုင်းနှင့် စာတမ်းများ သုတေသနအကယ်ဒမီ၏ သိပ္ပံသုတေသန စီမံကိန်းဌာနတို့မှ အတူကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ကျင်းပသော “ခန်းမနီဖိုရမ်၊ ကိုင်ရိုဆွေးနွေးပွဲ- တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးက ကမ္ဘာကြီးအတွက် အဖိုးတန်သော အတွေ့အကြုံများဆောင်ကြဉ်းပေးခြင်း” ဆွေးနွေးပွဲတွင် အမှာစကားပြောကြားနေသော အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Essam Sharaf အား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………
(Chinese Version)
“红厅论坛·开罗对话:中国式现代化为世界提供宝贵经验”研讨会在埃及举行
新华社开罗4月24日电(记者姚兵 董修竹)“红厅论坛·开罗对话:中国式现代化为世界提供宝贵经验”研讨会24日在埃及首都开罗举行。来自阿拉伯国家联盟(阿盟)以及中埃两国政府、外交界、媒体、智库、企业和商会等的约100余名嘉宾与会,围绕“携手推进现代化,建设更高水平中阿命运共同体”“媒体智库对话中国式现代化”“全球南方视角下的中国式现代化”等议题开展对话交流。
埃及前总理埃萨姆·谢拉夫在论坛开幕式致辞中表示,中国通过现代化逐步实现自身富强,通过构建人类命运共同体推动全球繁荣。当前,面临一系列全球性挑战,世界正陷入困境。许多国家需要摆脱困境,走向繁荣富强,这就需要相互信任,共同应对挑战。
“中国的发展是国际和平与进步力量的增强,中国式现代化始终是世界发展的宝贵机遇。”中国驻埃及大使兼驻阿盟全权代表廖力强指出,在关税霸凌面前,中国挺身而出,不仅是为了维护自身正当权益,也是为了维护包括广大发展中国家在内的国际社会共同利益,更是为了捍卫国际公平正义。相信在中埃、中阿共同努力下,双方共逐现代化、共建“一带一路”会取得更多成果,将当前国际贸易紧张局势带来的挑战,转化为中埃、中阿深化合作和推进命运共同体建设的机遇。
埃及外交事务委员会主任伊扎特·萨阿德说,中国式现代化理论打破了“现代化即西化”的迷思,回应了发展中国家关切,表达了它们的愿景和期望。中国式现代化理论为人类现代化提供了新的选项,作出了重要贡献,理所当然地受到所有发展中国家的关注与欢迎。   “当前,阿中关系在经济、政治和文化等各个层面都取得了长足发展,并显著影响了阿拉伯世界的现代化进程。”埃及新闻总署第一副署长穆罕默德·侯赛因说,阿拉伯世界越来越多地了解中国式现代化,这一路径不同于西方化,为探索更契合阿拉伯文化传统的可行的现代化方案带来深刻启示。
本次红厅论坛由新华社中东总分社、中国驻埃及大使馆、新华社外事局、新华社研究院、中央党史和文献研究院科研规划部共同主办。(完)
图说1:4月24日,在埃及首都开罗举行的“红厅论坛·开罗对话:中国式现代化为世界提供宝贵经验”研讨会上,嘉宾参加“媒体智库对话中国式现代化”对话会。
图说2:4月24日,埃及前总理埃萨姆·谢拉夫在埃及首都开罗举行的“红厅论坛·开罗对话:中国式现代化为世界提供宝贵经验”研讨会上致辞。