International Organizations
ဝင်ငွေနည်းပါးသော စီးပွားရေး အစုအဖွဲ့များက ကုန်သွယ်ရေးတင်းမာမှု အခြေအနေ၏ ရိုက်ခတ်မှုဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားရနိုင်ဟု IMF အာရှ-ပစိဖိတ်ရေးရာဌာန ဌာနမှူး Krishna Srinivasan ပြောကြား

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
စဉ်ဆက်မပြတ် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာမှု အခြေအနေက အာရှစီးပွားရေး တိုးတက်မှုကို နှေးကွေးစေလျက်ရှိရာ အာရှတိုက်ရှိ ဝင်ငွေနည်းပါးသော စီးပွားရေးအစုအဖွဲ့က အလွန်ဆိုးရွားသည့် ရိုက်ခတ်မှုကို ခံရနိုင်ဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အာရှ-ပစိဖိတ်ရေးရာဌာန ဌာနမှူး Krishna Srinivasan က မကြာမီရက်ပိုင်း ဝါရှင်တန်၌ ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင်ပင် ၎င်းက တရုတ်နိုင်ငံ စသည့် အဓိကစီးပွားရေးအစုအဖွဲ့နှင့် ဒေသတွင်း ပမာဏ အနည်းငယ် သေးငယ်သည့် စီးပွားရေး အစုအဖွဲ့ အားလုံးမှာမူ အကောင်းမြင်ဖွယ် ပြည်တွင်းလိုအပ်ချက် တိုးတက်မှုအလားအလာ ရှိကြောင်း ထောက်ပြခဲ့သည်။
IMF က အာရှစီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကုန်သွယ်ရေး ပွတ်တိုက်မှု အဆင့်မြင့်တက်လာသည့် နောက်ခံအခြေအနေတွင် အာရှ-ပစိဖိတ်ဒေသ၏ ယခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၃.၉ ရာခိုင်နှုန်းအထိ နှေးကွေးသွားမည် ဖြစ်ရာ ယခင်ခန့်မှန်းတန်ဖိုးထက် ရာခိုင်နှုန်းပွိုင့် ၀.၅ လျော့နည်းကြောင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ ယခုအကြိမ် လျှော့ချရသည့် အကြောင်းရင်းမှာ “စည်းကြပ်ခွန်အစီအမံ၊ ကုန်သွယ်ရေးတင်းမာမှု အခြေအနေ၊ မရောရာမှုများ ပိုမို ဆိုးရွားလာခြင်းနှင့် ဘဏ္ဍာရေး အခြေအနေ တင်းကျပ်လာခြင်း” ကြောင့် ဖြစ်ကြောင်း Krishna Srinivasan က ထောက်ပြ ပြောကြားခဲ့သည်။
တိုးတက်မှုခန့်မှန်းချက် လျှော့ချခြင်းအပြင် IMF က စီးပွားရေး ကျဆင်းမှုအန္တရာယ်ကိုပါ သတိပေးထားရာ မသေချာမှုများ အရှိန်အဟုန်မြင့်တက်ခြင်း၊ ဘဏ္ဍာရေးအခြေအနေများ ပိုမို တင်းကျပ်လာခြင်းနှင့် ပြည်ပဝယ်လိုအား လျော့နည်းလာခြင်း ဟူသော ဤအကြောင်းအရင်းများက အာရှ-ပစိဖိတ်ဒေသ စီးပွားရေးအပေါ် ပို၍ ဆိုးရွားသော အနုတ်လက္ခဏာသက်ရောက်မှု ရှိလာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ၎င်းတို့ ထိုမတိုင်မီကြေညာထားသည့် မြင့်မားသော အကောက်ခွန်မူဝါဒကို အကောင်အထည်ဖော်လိုက်သည်နှင့် စီးပွားရေးပမာဏ အနည်းငယ် သေးငယ်၍ ဝင်ငွေ အတန်အသင့် လျော့နည်းသော အာရှနိုင်ငံများသည် ပိုမိုဆိုးရွားသည့် ရိုက်ခတ်မှုဒဏ် ခံစားရမည် ဖြစ်ကြောင်း Krishna Srinivasan က သတိပေး ပြောကြားခဲ့သည်။
ပြင်ပစိန်ခေါ်မှုများကို ရင်ဆိုင်ရန် နိုင်ငံအားလုံးတွင် လုံလောက်သည့် မူဝါဒ အခွင့်အလမ်းများ မရှိကြောင်း Krishna Srinivasan က ထောက်ပြသည်။ စည်းကြပ်ခွန် စသည့် မူဝါဒရိုက်ခတ်မှု၊ ပြင်ပဝယ်လိုအား ကျုံ့ဝင်မှုကို ရင်ဆိုင်ရာတွင် မူဝါဒချိန်ညှိမှုအခွင့်အလမ်း အကန့်အသတ်ရှိသည့် စီးပွားရေးအစုအဖွဲ့များ၏ အန္တရာယ်အား ခုခံနိုင်မှုစွမ်းရည်သည် ပြင်းထန်သည့် စမ်းသပ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် ပမာဏ အနည်းငယ် သေးငယ်သော နိုင်ငံများ၏ နိုင်ငံတကာ ဈေးနှုန်းညှိနှိုင်းနိုင်စွမ်းမှာ အကန့်အသတ်ရှိသလို ကုန်သွယ်ရေးဆွေးနွေးမှုတွင် လိုအပ်သလို ကိုင်တွယ်ဖြေရှင်းနိုင်သည့်အနေအထားမှာ အနည်းငယ်သာရှိရာ အနာဂတ်အလားအလာ ကောင်းမွန်မှု မရှိလှကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနာဂတ်ကို မျှော်မှန်းရာတွင် Krishna Srinivasan က အာရှစီးပွားရေးအစုအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန် အကြံပြုသည်။ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွင် ထဲထဲဝင်ဝင် ပေါင်းစည်းထားကာ ကုန်သွယ်ရေး လွတ်လပ်မှုမှ အကျိုးစီးပွားများ ခံစားရသည့် စီးပွားရေးအစုအဖွဲ့များအနေဖြင့် ပြည်တွင်းဝယ်လိုအားကို အားသွန်ခွန်စိုက် တိုးချဲ့သင့်ပြီး ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကို တူညီစွာအလေးထားသည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပုံစံကို တည်ဆောက်ရမည်သည်ဟု ၎င်းအနေဖြင့် ယူဆသည်။
တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား စသည့် အဓိက စီးပွားရေး အစုအဖွဲ့များနှင့် ဒေသတွင် ပမာဏ အနည်းငယ် သေးငယ်သော စီးပွားရေး အစုအဖွဲ့အားလုံးတွင် ကောင်းမွန်သော ပြည်တွင်းဝယ်လိုအား အလားအလာနှင့် ပြည့်စုံကြောင်း၊ အာရှ စီးပွားရေးအစုအဖွဲ့များအနေဖြင့် စားသုံးမှုနှိုးဆွခြင်း၊ အရပ်ဘက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း စသည့် နည်းလမ်းများဖြင့် ပို၍ ဟန်ချက်ညီသော တိုးတက်မှုပုံစံဖြစ်အောင် တွန်းအားပေးရန် IMF က အကြံပေးကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။
ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ဖြစ်ရေး၏ အရေးကြီးပုံကိုလည်း Krishna Srinivasan က တစ်ချိန်တည်းတွင်ပင် အလေးထားပြောကြားခဲ့သည်။ အာရှစီးပွားရေးအစုအဖွဲ့များကြားရှိ ကုန်သွယ်ရေးသည် အလွန်ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု” (RCEP) စသည့် ကုန်သွယ်ရေးသဘောတူညီချက်အကြောင်း ပြောကြားရာတွင် အဆိုပါ IMF အရာရှိက ရှင်းလင်းသော၊ တည်ငြိမ်သောနှင့် ကြိုတင်ခန့်မှန်းနိုင်မှုရှိသော မည်သည့် ကုန်သွယ်ရေးပတ်ဝန်းကျင်မဆို အလွန်အကျိုးရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးအနေဖြင့် လက်တွေ့ကျသော၊ အပြုသဘောဆောင်သော နည်းလမ်းဖြင့် သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရန် IMF က တိုက်တွန်းကြောင်း၊ “ယင်းသဘောတူညီချက်များမှာ ဒေသအသွင်ဖြစ်နိုင်သလို ဒေသဖြတ်ကျော်ပြီးသော်လည်းကောင်း၊ နှစ်ဖက်အနေဖြင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒါတွေ အားလုံးက တင်ပို့မှုမှတစ်ဆင့် တိုးတက်မှုအလားအလာကို နှိုးဆွရန်အတွက် အထောက်အကူ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
专访|低收入经济体或遭到贸易紧张局势更严重冲击——访IMF亚太部主任斯里尼瓦桑
新华社华盛顿4月27日电 专访|低收入经济体或遭到贸易紧张局势更严重冲击——访IMF亚太部主任斯里尼瓦桑
新华社记者熊茂伶 谢锷
国际货币基金组织(IMF)亚太部主任克里希纳·斯里尼瓦桑日前在华盛顿接受新华社记者专访时表示,持续的贸易紧张局势正导致亚洲经济增长放缓,亚洲低收入经济体可能遭受尤为严重的冲击。但他同时指出,中国等主要经济体及区域内较小规模经济体,均具备可观的内需发展潜力。
IMF24日发布亚洲经济增长预测。数据显示,在贸易摩擦升级背景下,亚太地区今年经济增长率将放缓至3.9%,较此前预测值下调0.5个百分点。斯里尼瓦桑指出,此次下调源于“关税措施、贸易紧张局势、不确定性加剧以及金融条件收紧”。
他表示,除了增长预期下调之外,IMF还警示经济下行风险。不确定性上升、金融条件进一步收紧以及外需持续疲软,这些因素都可能对亚太地区经济造成更严重的负面影响。
斯里尼瓦桑警告,一旦美国实施其此前宣布的高关税政策,经济规模较小、收入较低的亚洲国家将遭受更严重冲击。
斯里尼瓦桑指出,不是所有国家都拥有足够政策空间应对外部挑战。当面临关税等政策冲击、外需萎缩时,政策调节空间有限的经济体抗风险能力将面临严峻考验。此外,规模较小的国家国际议价能力相对有限,在贸易谈判中灵活应对的余地也较小,前景不容乐观。
展望未来,斯里尼瓦桑建议亚洲经济体推进结构性改革。他认为,这些深度融入全球供应链、受益于贸易自由化的经济体,应着力扩大内需,构建内外需并重的均衡发展模式。
他指出,中国、印度、印度尼西亚等主要经济体及区域内较小规模经济体,均具备可观的内需潜力。IMF建议亚洲经济体通过刺激消费、提振民间投资等方式,推动形成更加平衡的增长模式。
斯里尼瓦桑同时强调深化区域经济一体化的重要性。他表示,亚洲经济体之间的贸易仍有巨大发展空间。
谈及《区域全面经济伙伴关系协定》(RCEP)等贸易协定时,这位IMF官员表示,任何清晰、稳定和可预测的贸易环境都将是非常有益的。IMF呼吁各国以务实、建设性的方式达成协议。“这些协议可以是区域性的,可以是跨区域的,也可以是双边的。这些都将有助于通过出口激发增长潜力。”(完)
1. 这是2024年4月16日在美国华盛顿拍摄的国际货币基金组织总部。新华社记者刘杰摄