Asia
နီပေါ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနားအဖြစ် နီပေါနိုင်ငံတွင် ဓာတ်ပုံပြပွဲ ကျင်းပ

ခတ္တမန္ဒူ၊ မေ ၆ ရက် (ဆင်ဟွာ)
နီပေါ Girija Prasad Koirala ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက နီပေါ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်အား ဂုဏ်ပြုသောအားဖြင့် မေ ၅ ရက်တွင် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူ၌ ဓာတ်ပုံပြပွဲ ကျင်းပခဲ့သည်။
ဓာတ်ပုံပြပွဲတွင် နီပေါ-တရုတ် နှစ်နိုင်ငံ အရေးကြီးသော သံတမန်ဆက်ဆံရေးအခိုက်အတန့်များ၊ နှစ်နိုင်ငံခေါင်းဆောင် အပြန်အလှန် သွားရောက်လည်ပတ်မှုနှင့် ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ ဒါဇင်နှင့်ချီသော ဓာတ်ပုံများကို “ချစ်ကြည်ရေး လက်ဆင့်ကမ်းဆက်ခံခြင်း- ကင်မရာအောက်မှ နီပေါ-တရုတ် ဆက်ဆံရေး နှစ် ၇၀” ဟူသော ခေါင်းစဉ်ဖြင့် ပြသခဲ့သည်။ နီပေါဝန်ကြီးချုပ်ဟောင်း၊ နီပေါကွန်ဂရက်ပါတီ ဥက္ကဋ္ဌ Sher Bahadur Deuba နှင့် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဆုန်းတို့က ဓာတ်ပုံပြပွဲအတွက် ဖဲကြိုးဖြတ်ခဲ့ကြသည်။
နီပေါ-တရုတ် ဆက်ဆံရေးသည် “တန်းတူညီမျှမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု” တို့ကို အခြေခံ၍ ထူထောင်ထားခြင်းဖြစ်ကြောင်း Deuba က အမှာစကားတွင် ပြောကြားခဲ့သည်။ နီပေါနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ခရီးသွား၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စသည့်ကဏ္ဍများတွင် နီပေါနိုင်ငံအပေါ် အဖိုးတန်သော ထောက်ခံအားပေးမှုများ အစဉ်အမြဲ ပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ချန်ဆုန်းက တရုတ်-နီပေါ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်ကို စမှတ်အနေဖြင့် တရုတ်နိုင်ငံသည် နီပေါပြည်သူများနှင့်အတူ အချိန်၊ နေရာကို ကျော်ဖြတ်ကာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ထားရှိလိုကြောင်းနှင့် နှစ်နိုင်ငံ လက်တွဲ၍ ရှေ့သို့ လျှောက်လှမ်းသည့် စာမျက်နှာသစ်ကို ပူးတွဲ ရေးသားသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
尼泊尔举办图片展庆祝尼中建交70周年
新华社加德满都5月5日电(记者易爱军)尼泊尔吉里贾·普拉萨德·柯伊拉腊民主、和平与发展基金会5日在尼首都加德满都举办图片展,庆祝尼泊尔和中国建交70周年。
图片展展出了数十幅展现尼中两国重要外交时刻、高层互访和文化交流的照片,以呈现“友谊的传承:镜头下的尼中关系70年”这一主题。尼泊尔前总理、尼泊尔大会党主席德乌帕和中国驻尼泊尔大使陈松为图片展剪彩。
德乌帕在致辞时表示,尼中关系建立在“平等、互利及和平共处”的基础之上。作为尼泊尔的友好邻邦,中国在基础设施建设、旅游、教育和环境保护等方面一直向尼泊尔提供宝贵的支持。
陈松说,站在中尼建交70周年的新起点上,中方愿同尼泊尔人民延续跨越时空的情谊,共同谱写两国携手并进的新篇章。(完)
图说:5月5日,在尼泊尔加德满都,尼泊尔前总理、尼泊尔大会党主席德乌帕在图片展上致辞。新华社发(哈里·马哈尔詹摄)