Connect with us

Social

“ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲ ရန်ကုန် တရုတ် ယဉ်ကျေးမှုစင်တာ၌ ဖွင့်လှစ် ပြသ


ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း ၂၀၂၀ ခုနှစ်တွင် နှစ် ၇ဝ ပြည့် အထိမ်းအမှတ်နှင့် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်အား ပေကျင်းမြို့၌ ကျင်းပခြင်းကို ဂုဏ်ပြု ကြိုဆို သောအားဖြင့် ” ကျွန်ုပ်တို့၏ပိုးလမ်းမ ” ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို ့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

“ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံများသည် ပိုးလမ်းမကြီးပေါ်ရှိ မတူညီသော နိုင်ငံ နှင့် လူမျိုးစုများ၏ သဘာဝရှုခင်း ၊ လူမှုယဉ်ကျေးမှုနှင့် ချမ်းမြေ့သာယာဖွယ် ကောင်းသောဘဝအတွက် ကြိုးပမ်းအားထုတ်မှု များကို ဖော်ပြထားကြောင်း သိရသည်။

“ကျွန်ုပ်တို့၏ ပိုးလမ်းမ” ဓာတ်ပုံပြပွဲအား ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ၌ ပြသထားမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ခံ လီရှောင်ယန် (Li Xiaoyan)က ပြပွဲတွင် ခေတ်သစ်ပိုးလမ်းရှိ နိုင်ငံများ တိုင်းရင်းသားလူမျိုးများ၏ သဘာဝရှုခင်းအလှများ၊ ယဉ်ကျေးမှုများကို ဖော်ဆောင် သည့် ဓာတ်ပုံလက်ရာများကို ရွေးချယ်ထားပြသထားခြင်းဖြစ်ကြောင်း ၊ မြန်မာမိတ်ဆွေများအနေဖြင့် ပြပွဲမှတစ်ဆင့် ခေတ်သစ် ပိုးလမ်းမ တစ်လျှောက်နိုင်ငံများ၏ သဘာဝအလှရှုခင်းများ ကို တွေ့မြင်ခံစားနိုင်မည်ဖြစ်သလို နိုင်ငံအသီးသီးမှ ပြည်သူများ လှပသည့်အနာဂတ်ကိုလျှောက်နေကြသည့် ပုံရိပ်များကိုလည်း တွေ့မြင်နိုင်ရာ ခေတ်သစ်ပိုးလမ်းမ၏ ပူးပေါင်းဆောင်ရွက်မှုလမ်းစဉ်၊မျှော်လင့်ချက်လမ်းစဉ်နှင့် အတူအကျိုးဖြစ်ထွန်းမှု လမ်းစဉ်များကို ပိုမိုနားလည်စေမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပြပွဲတွင် ဓာတ်ပုံပေါင်း ပုံ ၆၀ ကို ပြသထားရှိပြီး “ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဓာတ်ပုံပြပွဲကြီး ” ၏ ဓာတ်ပုံဆရာ ၃၃၀ ဦးကျော်မှ ရိုက်ထား သော ထူးခြားပြောင်မြောက်လှသည့် ဓာတ်ပုံပေါင်း ၈၀၀၀ ကျော်အနက်မှ ရွေးချယ်ထား ခြင်း ဖြစ်ပြီး ယင်းဓာတ်ပုံများတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံ လေးပုံ ပါဝင်ကြောင်း သိရသည်။

ယခုအကြိမ်ပြပွဲမှတစ်ဆင့် နိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် မတူညီသော ယဉ်ကျေးမှုများ အကြား အပြန်အလှန် နားလည်သဘောပေါက်မှု နှင့် နှစ်သက်သဘောကျမှုများကို မြှင့်တင်စေနိုင်ပြီး “ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု ” တည်ဆောက်မှု၊ လူသား ကံကြမ္မာများ အတူတကွရှိရေးတည်ဆောက်မှုတု့ိအတွက် မဆုတ်မနစ်သော စိတ်ဓာတ် တွန်းအားဖြစ်စေနိုင်ရန် မျှော်လင့်ကြောင်း သိရသည်။

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ၌ ဖွင့်လှစ် ပြသသော “ကျွန်ုပ်တို့၏ပိုးလမ်းမ” ဓာတ်ပုံပြပွဲအား မေလလယ် အထိ ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)