Connect with us

Culture

တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှစ် ၄၀ ပြည့် နိုင်ငံတကာ ဓာတ်ပုံ ပြပွဲ အား မြန်မာ နိုင်ငံ တွင် ကျင်းပ


ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှစ် ၄၀ ပြည့် နိုင်ငံတကာ လှည့်လည်ဓာတ်ပုံပြပွဲ-မြန်မာ ပြပွဲ အား မတ်လ ၁ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ Ms.Shi Ying (ဒေါ်ယဉ်ယဉ်မေ) က ဓာတ်ပုံပြပွဲ ၌ အဖွင့်နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ လက်ရှိ အခြေအနေ သို့ ရောက်ရှိလာခြင်း သည် ၁၉၇၈ တွင် စတင် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှင့် ကင်းကွာ၍ မရနိုင်ကြောင်း ၊ တရုတ် နိုင်ငံ က ယင်း ဆောင်ရွက်မှု စတင် ဆောင်ရွက်ခဲ့ချိန် မှ စတင်၍ တစ်ဆင့် ပြီး တစ်ဆင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် နိုင်ခဲ့ကြောင်း ၊ ဓာတ်ပုံ ပြပွဲ တွင် ဓာတ်ပုံပေါင်း ၁၂၈ ပုံ အား တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း ၏ သမိုင်းဖြစ်မှတ်တမ်းများ ၊ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှု ရလဒ်များ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများ ဟူ၍ အပိုင်း သုံးပိုင်း ခွဲကာ ပြသ ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှစ် ၄၀ ပြည့် နိုင်ငံတကာ ဓာတ်ပုံ ပြပွဲ ကျင်းပ ပြုလုပ် နေစဉ်(ဆင်ဟွာ)

တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ Ms.Shi Ying (ဒေါ်ယဉ်ယဉ်မေ) က ဓာတ်ပုံပြပွဲ ၌ အဖွင့်နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှစ် ၄၀ ပြည့် နိုင်ငံတကာ ဓာတ်ပုံ ပြပွဲ ကျင်းပ ပြုလုပ် နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း နှစ် ၄၀ ပြည့် နိုင်ငံတကာ ဓာတ်ပုံ ပြပွဲ ကျင်းပ ပြုလုပ် နေစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ အစိုးရ က ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင် ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့် ပေါ်လစီ ကျင့်သုံးခြင်း အား စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြပွဲ တွင် တရုတ် နိုင်ငံ ၏ ၁၉၇၀ ခုနှစ် နောက်ပိုင်း ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များ ၊ ၁၉၉၀ ခုနှစ် နောက်ပိုင်း တွင် ဆောင်ရွက်ခဲ့သည့် ပြည်ပ စီးပွားရေး ပုံစံ နှင့် မြို့ပြပုံစံ ဆောင်ရွက်မှုများ ၊ တရုတ် နိုင်ငံ အစိုးရ ၏ ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ၊ တရုတ် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ပြည်သူလူထု တို့၏ ဝင်ငွေ တိုးတက်မှု တို့ကို ဖော်ပြသော ဓာတ်ပုံများ ကို ပြသ သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ ဓာတ်ပုံပြပွဲ အား မတ်လ ၁ ရက်နေ့ မှ စတင်၍ မတ်လကုန်ချိန် အထိ မြန်မာ နိုင်ငံ ရှိ ပြည်သူလူထု တို့အား အခမဲ့ ပြသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)