Connect with us

Asia

သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအဆင့်အတန်းမြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးဟု ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ်များဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မော်စကိုမြို့ Vnukovo အထူးလေဆိပ်သို့ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မေ ၇ ရက် ညပိုင်းက ရောက်ရှိပြီးနောက် ရုရှားဘက်က လေဆိပ်တွင် ကြိုဆိုပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖိန် ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီး မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်သွားမည်ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးစဉ်သည် လေးနက်သော အနက်အဓိပ္ပာယ်ရှိပြီး နှစ်နိုင်ငံ၏ မြင့်မားသော အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန် ထောက်ခံအားပေးမှုကို ပေါ်လွင်စေကာ ရုရှား-တရုတ်ဆက်ဆံရေးကို ပိုမိုအဆင့်အတန်းမြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးလိမ့်မယ်ဟု ရုရှားနိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက ယူဆကြသည်။

သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်၍ ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်းသည် “အလွန်မြင့်မြတ်သော သမိုင်းအနက်အဓိပ္ပာယ်ရှိ” ကြောင်း ရုရှားဖက်ဒရေးရှင်းကောင်စီ (အထက်လွှတ်တော်) ဥက္ကဋ္ဌ Valentina Matviyenko က ဆိုသည်ဟု TASS သတင်းဌာနက မေ ၇ ရက်တွင် သတင်းဖော်ပြထားသည်။

အချို့သောနိုင်ငံများသည် ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒအား ချေမှုန်းခဲ့သည့် သမိုင်းအတိတ်အမှတ်တရများကို ပုံဖျက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ရုရှားနှင့် တရုတ်သည် ထိုသို့ကြိုးပမ်းမှုများကို အတိအလင်း အတူတကွဆန့်ကျင်ကြပြီး နောင်လာနောက်သားများအတွက် သမိုင်းဖြစ်ရပ်မှန်ချန်ရစ်ထားနိုင်ရန် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း Valentina Matviyenko က ပြောကြားခဲ့သည်။

ရုရှား-တရုတ်ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းအဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံကြီးဆက်ဆံရေး၏ “စစ်မှန်သောစံနမူနာ” ဖြစ်သည်ဟု နှစ်ဖက်လုံးက ယူဆကြကြောင်း ရုရှားနိုင်ငံသမ္မတလက်ထောက် Yuri Ushakov က မေ ၆ ရက်တွင် RIA Novosti ၊ TASS စသည့် ရုရှားနိုင်ငံ ပင်မမီဒီယာများကို ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးစဉ်သည် အနက်အဓိပ္ပာယ် ကြီးမားလှကြောင်း၊ “အပြန်အလှန် အပြည့်အဝ ယုံကြည်မှု၊ တန်းတူညီမျှဖြစ်၍ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ မည်သည့်တတိယဘက်ကိုမျှ ဦးတည်ခြင်းမရှိမှု” ဟူသော ရုရှား-တရုတ်ဆက်ဆံရေး ဆက်လက်ရှေ့သို့ တိုးတက်လာရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်၍ ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်းသည် “လက်ရှိ ရုရှား-တရုတ်ဆက်ဆံရေးရဲ့ တစ်ခါမှမရှိခဲ့ဖူးတဲ့ လွန်စွာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနဲ့ အပြန်အလှန် ထောက်ခံအားပေးမှုကို ထပ်မံသက်သေထူနေပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က မေ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရုရှား-တရုတ်ဆက်ဆံရေးသည် “စစ်မှန်သော ဘက်စုံရှိရာ အပြုသဘောဆောင်တဲ့ အနှစ်သာရအသစ်တွေ အဆက်မပြတ် ဖြည့်တင်းနေကာ နှစ်နိုင်ငံပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ကိုက်ညီသလို နှစ်နိုင်ငံပြည်သူတွေရဲ့ အစွမ်းကုန် ထောက်ခံအားပေးမှုကို ရရှိထားပါတယ်” ဟု Maria Zakharova က ဆိုသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်ဦးဆောင်မှုအောက်တွင် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မတူညီသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးပလက်ဖောင်းနှင့် အခမ်းအနားများတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပြီး ကုလသမဂ္ဂကို ဗဟိုပြုခြင်းအား ခိုင်မာစွာကိုင်စွဲ၍ စစ်မှန်သည့် တန်းတူညီမျှသော၊ တရားမျှတမှုရှိသော ဗဟုဝင်ရိုးအသွင် ကမ္ဘာ့စည်းစနစ် တည်ဆောက်ရေးအား တွန်းအားပေးလျက်ရှိကြောင်းလည်း Maria Zakharova က ပြောကြားခဲ့သည်။
ရုရှား-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သောအလားအလာကို ဆက်လက်ထိန်းသိမ်းထား၍ ကမ္ဘာ့အတိုင်းအတာအတွင်း နိုင်ငံကြီးများက ကဏ္ဍစုံတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်သည့် စံနမူနာကို တည်ဆောက်သွားမည်ဟု ယုံကြည်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ တရုတ်နှင့် ယနေ့ခေတ်အာရှ သုတေသနဌာန ဌာနမှူး Kirill Babaev က မကြာသေးမီက ဆင်ဟွာသတင်းထောက် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအဆင့်၊ နှစ်နိုင်ငံတည်ဆောက်ထားသော ရင်းနှီးသည့်ဆက်သွယ်မှုနှင့် နက်ရှိုင်းသော နားလည်မှုတို့သည် ကမ္ဘာ့နိုင်ငံကြီးဆက်ဆံရေးတွင် ပြိုင်စံရှားပင်ဖြစ်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဒုတိယဌာနမှူး Alexander Romanov က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
俄罗斯人士:习近平主席访问将推动两国关系向更高水平发展
新华社莫斯科5月7日电 应俄罗斯总统普京邀请,国家主席习近平5月7日至10日对俄罗斯进行国事访问并出席在莫斯科举行的纪念苏联伟大卫国战争胜利80周年庆典。俄罗斯各方人士认为,习近平主席此访意义重大,彰显两国高度互信与相互支持,将推动俄中关系向更高水平发展。
塔斯社7日报道,俄罗斯联邦委员会(议会上院)主席瓦莲京娜·马特维延科说,习近平主席对俄罗斯进行国事访问并出席纪念苏联伟大卫国战争胜利80周年庆典,“具有崇高的历史意义”。
马特维延科说,有些国家正试图歪曲粉碎法西斯主义和军国主义的历史记忆,俄中明确共同抵制这一企图,将在为后代留存历史真相方面发挥决定性作用。
俄罗斯总统助理乌沙科夫6日对俄新社、塔斯社等俄主流媒体说,俄中关系正处于历史最好水平,双方均认为两国关系堪称大国关系的“真正典范”。他表示,习近平主席此访意义重大,将推动“完全彼此信任、平等互利、不针对任何第三方”的俄中关系继续向前发展。
俄罗斯外交部发言人扎哈罗娃6日在记者会上说,习近平主席应邀对俄罗斯进行国事访问并出席纪念苏联伟大卫国战争胜利80周年庆典,“再次证明了当今俄中关系前所未有的高度互信、相互理解与彼此支持”。
扎哈罗娃说,俄中关系“具有真正的全面性,不断充实着新的建设性内涵,符合两国人民根本利益并得到两国人民的全力支持”。她表示,在两国领导人的引领下,俄中合作将长期稳步发展。
扎哈罗娃还说,在不同的多边平台和场合中,俄罗斯和中国致力于维护国际公平正义,并坚持以联合国为核心,推动构建真正平等公正的多极世界秩序。
俄罗斯科学院中国与现代亚洲研究所所长基里尔·巴巴耶夫日前接受新华社记者采访时表示,相信俄中两国合作将延续良好态势,在世界范围内打造大国开展各领域互利共赢合作的范例。俄罗斯科学院世界经济与国际关系研究所副所长亚历山大·洛马诺夫对记者说,俄中两国之间的政治互信水平,两国所建立的紧密联系与深刻理解,在世界大国关系中独一无二。(完)
图说:当地时间5月7日晚,国家主席习近平乘专机抵达莫斯科,应俄罗斯总统普京邀请,对俄罗斯进行国事访问并出席纪念苏联伟大卫国战争胜利80周年庆典。俄方在机场举行隆重迎接仪式。这是习近平检阅仪仗队。新华社记者 谢环驰 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.