ဘန်ကောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) လက်ရှိ ထိုင်းနိုင်ငံအစိုးရသည် အိမ်စောင့်အစိုးရ အနေအထားဖြစ်ပြီး နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများ ရှိနေဆဲဖြစ်ကာ လုံခြုံမှုမရှိသေးခြင်းကို ထောက်ရှု၍ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မရှင် အထူးအစည်းအဝေးကျင်းပရန် ယာယီမလုပ်ဆောင်နိုင်သေးဟု ယူဆကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ဒီဇင်ဘာ...
လန်ဒန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ပါလက်စတိုင်းဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ထပ်မံဆိုးရွားလာခြင်းအပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေးအစိုးရအနေဖြင့် အရေးပေါ် လိုအပ်သော...
ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဥက္ကဋ္ဌ ခါလီဒါဇီယာသည် ဒေသစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ကွယ်လွန်သွားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဒီဇင်ဘာ ၃၀ ရက်...
Golubac ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံသည် နိုင်ငံရေးအင်အားအလုံးစုံဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံအားပေးကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ဒီဇင်ဘာ ၂၉ ရက်တွင် Golubac မြို့လေး၌ တရုတ်ကုမ္ပဏီတာဝန်ယူ တည်ဆောက်သော “ဒန်းညု စင်္ကြံ (Danube Corridor)”...
နန်နင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ရှေ့ပြေးဖြစ်သော ချုံချင့်-ကွေ့ကျိုး-ကွမ်ရှီး “တောင်ပိုင်းစင်္ကြံ” အသစ် ရထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ပထမဆုံးပြေးဆွဲမှု ပြုလုပ်ခဲ့ရာ ယင်းမှာ တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်၊ ဒေသ၊ မြို့များနှင့် အာဆီယံနိုင်ငံများ...
ကျိုချွမ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၁၂ မိနစ်တွင် ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March-4B သယ်ဆောင်ရေးဒုံးပျံအား အသုံးပြု၍ Tianhui-7 ဂြိုဟ်တုအား ဝေဟင်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့...
ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သလို တရုတ် ဗဟိုအကျိုးစီးပွား၏ အချက်အချာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံခြားရေး ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။...
ယွီကျုံး၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ်သစ်ကူးနေ့နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ရေကြီးရေလျှံမှုသဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး စုစည်းအိမ်ပြောင်းရွှေ့ခြင်းနှင့် ဝင်ရောက်နေထိုင်ခြင်းအစီအစဉ်များကို ပြန်လည်နေရာချထားရေးနေရာအသီးသီးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ သဘာဝဘေးသင့် ဒေသခံပြည်သူတို့သည် ပျော်ရွှင် အေးချမ်းစွာဖြင့် သဘာဝဘေး အရိပ်မည်းကြီးမှ နှုတ်ဆက်ကာ အိမ်အသစ်များသို့ ပြောင်းရွှေ့လာကြပြီး...
ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ်သစ်အချိန်အခါ ကျရောက်တော့မည့် အခါသမယတွင် တရုတ်နိုင်ငံ ဒေသအသီးသီး၌ အမျိုးစုံလင်သော လှုပ်ရှားမှုများ ကျင်းပလျက်ရှိပြီး ပြည်သူများက ပျော်ရွှင်ချမ်းမြေ့ဖွယ် အငွေ့အသက်များကြားတွင် ၂၀၂၆ ခုနှစ်အား ကြိုဆိုလျက်ရှိသည်။ (Xinhua) ——————– (Chinese Version) 多彩活动迎新年 新华社照片,北京,2025年12月29日 新年将至,各地开展丰富多彩的活动,人们在欢乐的氛围中迎接2026年的到来。...
ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်က ဗင်နီဇွဲလား၌ လှုပ်ရှားမှုအတွင်း “အကြီးစား အဆောက်အဦ” တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်သည့်အချိန်အထိ ဗင်နီဇွဲလားဘက်က အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက် ထုတ်ပြန်ခြင်း မရှိသေးပေ။ ဗင်နီဇွဲလားနိုင်ငံ၌...