ရင်ချွမ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နင်းရှဒေသ စီကျွေဆန်းမြို့ ဖိန်လောခရိုင်အတွင်း တည်ရှိသည့် ဆားဟူရှုခင်းသာဧရိယာသည် ရွှေ့ပြောင်းငှက်များ၏ အရေးပါသော နားခို မျိုးပွားရာ နေရာများအနက်တစ်ခု ဖြစ်သည်။ နှစ်စဉ် မတ်လမှ အောက်တိုဘာလအတွင်း ရွှေ့ပြောင်းငှက်အများအပြားသည် ဤနေရာ၌ လာရောက်နားခို မျိုးပွားကြသည်။ ဆားဟူရေပြင် ကျယ်ပြောကြည်လင်လှခြင်း၊ မျောလှေးနှင့်...
တီဟီရန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် စစ်ပွဲလုံးဝပြီးဆုံး၍ ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည်အထိ ဟော်မုဇ်ရေလက်ကြား သွားလာရေးကို စောင့်ကြည့်ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ (SNSC) အတွင်းရေးမှူးရုံးက အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ၏ နောက်ဆုံးတိုးတက်မှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အီရန် Nour...
ဘေရွတ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံတောင်ပိုင်း ခိုနင်မြို့နှင့် ဘေထရွန်မြို့အကြားရှိ ကားလမ်းပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးအား ဧပြီ ၁၇ ရက်တွင် အစ္စရေးက ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အမျိုးသားသတင်းဌာန (NNA) ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နမီးဘီးယားနိုင်ငံခြားရေးဝန်ကြီး Selma Ashipala-Musavyi တို့ ဧပြီ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နှင့် အီရန် နှစ်နိုင်ငံကြားတွင် ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန် ရည်ရွယ်သည့် သဘောတူညီချက်ရရှိရေး တွန်းအားပေးရန်အတွက် ပါကစ္စတန်အနေဖြင့် ခိုင်ခိုင်မာမာ အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဧပြီ ၁၆ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌...
ပေကျင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဧပြီ ၁၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်ထံသို့ ရင်းနှီးစွာနှုတ်ခွန်းဆက်စကားအား...
တက်ဟုန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ၌ ကျင်းပသော သင်္ကြန်ရေသဘင်ပွဲတွင် နိုင်ငံခြားသားတစ်ဦးကို တရုတ်မိတ်ဆွေများက မင်္ဂလာရေချမ်းများ ဝိုင်း၍ပက်ဖြန်းကြသည်။ ဘာသာစကားနားမလည်သော်ငြားလည်း ယင်းမှာ ပျော်ရွှင်စွာ ဆုမွန်ကောင်းတောင်းပေးခြင်းဖြစ်သည်ကို နားလည်လိုက်ပြီး ၎င်းကလည်း ရေဖြင့် ၃၆၀ ဒီဂရီ ပတ်ပတ်လည်လှည့်ကာ ရေချမ်းများ ပြန်လည်ပက်ဖြန်းခဲ့သည်။...
တက်ဟုန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နေရာအနှံ့အပြားတွင် သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပလျက်ရှိသည်။ မန်စီမြို့တွင် တိုင်းရင်းသားပြည်သူအသီးသီးက ပွဲတော်အတွက် ခမ်းနားထည်ဝါသည့် အဝတ်တန်ဆာများ ဆင်မြန်းကာ အိုးစည်ဗုံမောင်းသံများကြားတွင် တစ်ပျော်တစ်ပါး သီဆိုကခုန် ဆင်နွှဲကြသည်။ အရပ်မျက်နှာအသီးသီးမှလာသော ခရီးသွားဧည့်သည်များကလည်း မင်္ဂလာရေချမ်းကို...
ယူနန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့တွင် ဧပြီ ၁၃ ရက် ညပိုင်းက မီးပုံးပျံပေါင်း သောင်းနှင့်ချီ လန်ချန်းမြစ်ကမ်းနံဘေးကို ထွန်းလင်းခဲ့သည်။ အနယ်နယ်အရပ်ရပ်မှလာကြသော ခရီးသွားဧည့်သည်များနှင့် မြို့နေပြည်သူများက ဆုမွန်ကောင်းတောင်းစာများရေးသားထားသော မီးပုံပျံလေးများကို လွှတ်တင်ကြရာ ထောင်သောင်းချီသော...
ရွှေလီ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် ရွှေလီ သင်္ကြန်ပွဲတော် တူယှဉ်နွှဲပျော်အစီအစဉ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရေကစားရင်ပြင်တွင် ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။ အခမ်းအနားအစီအစဉ်တွင် ဆိုင်းသံဗုံသံ၊ ရေမှုန်၊ ရေမွှား၊ ရေပန်းများနှင့်အတူ တိုင်းရင်းသားအသီးသီးက ပြည်တွင်းပြည်ပ ဧည့်သည်တော်...