ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သလို တရုတ် ဗဟိုအကျိုးစီးပွား၏ အချက်အချာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံခြားရေး ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။...
ယွီကျုံး၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ်သစ်ကူးနေ့နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ရေကြီးရေလျှံမှုသဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး စုစည်းအိမ်ပြောင်းရွှေ့ခြင်းနှင့် ဝင်ရောက်နေထိုင်ခြင်းအစီအစဉ်များကို ပြန်လည်နေရာချထားရေးနေရာအသီးသီးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ သဘာဝဘေးသင့် ဒေသခံပြည်သူတို့သည် ပျော်ရွှင် အေးချမ်းစွာဖြင့် သဘာဝဘေး အရိပ်မည်းကြီးမှ နှုတ်ဆက်ကာ အိမ်အသစ်များသို့ ပြောင်းရွှေ့လာကြပြီး...
ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ်သစ်အချိန်အခါ ကျရောက်တော့မည့် အခါသမယတွင် တရုတ်နိုင်ငံ ဒေသအသီးသီး၌ အမျိုးစုံလင်သော လှုပ်ရှားမှုများ ကျင်းပလျက်ရှိပြီး ပြည်သူများက ပျော်ရွှင်ချမ်းမြေ့ဖွယ် အငွေ့အသက်များကြားတွင် ၂၀၂၆ ခုနှစ်အား ကြိုဆိုလျက်ရှိသည်။ (Xinhua) ——————– (Chinese Version) 多彩活动迎新年 新华社照片,北京,2025年12月29日 新年将至,各地开展丰富多彩的活动,人们在欢乐的氛围中迎接2026年的到来。...
ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်က ဗင်နီဇွဲလား၌ လှုပ်ရှားမှုအတွင်း “အကြီးစား အဆောက်အဦ” တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်သည့်အချိန်အထိ ဗင်နီဇွဲလားဘက်က အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက် ထုတ်ပြန်ခြင်း မရှိသေးပေ။ ဗင်နီဇွဲလားနိုင်ငံ၌...
ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ ခရီးစဉ် ရောက်ရှိနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အကယ်၍ အီရန်က ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းပါက အမေရိကန်အနေဖြင့်...
နှင်းနဂါး၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသာ “နှင်းနဂါး” ဝင်ရိုးစွန်းဒေသ သိပ္ပံလေ့လာရေး ရေခဲခွဲသင်္ဘောသည် ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၉ ရက်တွင် ချင်လျင်စခန်း ပင်လယ်ပြင်သို့ ရောက်ရှိပြီး ကုန်ပစ္စည်းချခြင်းလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။ ယခုအကြိမ် ကုန်ချမည့်အထောက်အပံ့ပစ္စည်းများ၏ စုစုပေါင်းအလေးချိန်မှာ...
ရင်ချွမ်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ချမ်းအေးသော ဆောင်းရာသီကာလတွင် နံနက်အရုဏ်ဦးအလင်းရောင်ခြည်အောက်ရှိ တရုတ်နိုင်ငံ ”အနောက် ရှမင်းဆက် ဧကရာဇ် ဂူဗိမာန်များ” သည် အရောင်အသွေးစုံလှသော ကောင်းကင်အလင်းတန်းများနှင့် ထူထပ်မြင့်မားသည့် ဟယ့်လန်တောင်တန်းတို့ဖြင့် ကြီးကျယ်ခမ်းနား၍ တင့်တယ်လှပသော ရှုခင်းတစ်ခုဖြစ်ပေါ်စေသည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင်...
ဟာရာရီ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ၏ အကြီးဆုံးသတင်းစာ Herald ၏ မကြာသေးမီက ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် တရုတ်နိုင်ငံသည် အာဖရိက အနာဂတ်အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဆောင်းပါး၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများအတွက် အာဖရိကတွင် မြေအောက်သတ္တုနှင့် စွမ်းအင်အရင်းအမြစ်များ...
မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာ ပူတင်က ဒီဇင်ဘာ ၂၈ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ လူထုဆန္ဒခံယူပွဲကို အကြောင်းပြ၍ ယာယီအပစ်အခတ်ရပ်စဲခြင်းမှာ ရုရှား-ယူကရိန်းပဋိပက္ခကို ကြာရှည်စေမည်သာဖြစ်သည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov...
ကူမင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့၌ ဒီဇင်ဘာ ၂၉ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊...