မော်စကို၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်း ရေတပ်နှင့် ပစိဖိတ်ရေတပ်၊ တာဝေးလေကြောင်းစစ်သည်အင်အားကို အားဖြည့်ထားပြီး တိုက်ပွဲဝင်အသင့်အနေထားစတင်နေပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဇန်နဝါရီ ၂၈ ရက်တွင် ရုရှားသမ္မတ ပူတင်ကို အစီရင်ခံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ရုရှားစစ်တပ် မဟာဗျူဟာ...
ပေကျင်း၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံ Gomelဒေသတွင် ပြုလုပ်ခဲ့သည်။ယင်းနေ့တွင်ပင် ပြင်သစ် သမ္မတ မိုက်ခရွန်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။
ဘရပ်ဆဲလ်၊ မတ် ၁ ရက်(ဆင်ဟွာ) နေတိုးမှ ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်၊ တင့်ကားဖျက်လက်နက်နှင့်အခြားအကူအညီများ ပေးပို့နေပြီဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဖေဖော်ဝါရီ ၂၈ ရက်တွင် လူမှုကွန်ရက် မီဒီယာ၌ ရေးသား ဖော်ပြခဲ့သည်။
ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်များက ကိဗ်မြို့ကို ကြိမ်ဖန်များစွာ ထိုးစစ်ဆင်နေသော်လည်း အောင်မြင်ခြင်းမရှိကြောင်း ယူကရိန်းကြည်းတပ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးများအတွင်း ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများ ရှိကြောင်း ၊ သို့သော် အရေအတွက်က ယူကရိန်း အမျိုးသားရေးဝါဒီ၊ ယူကရိန်းတပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရသူထက် နည်းပါးကြောင်း ရုရှားကာကွယ်ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၂၃၄ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏...
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ အထိ ဟောင်ကောင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆,၀၂၆ ဦး ထပ်တိုးလာကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးဒေသအစိုးရ ကျန်းမာရေးဌာန ကျန်းမာရေးကာကွယ်မှုဗဟိုက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။