တိုကျို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မိုး/ဇလဌာန(JMA) က ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် ကျူရှူးဒေသ၌ လှုပ်ခတ်သွားခဲ့သည့် ငလျင်ကို ပြင်းအား ၆ ဒသမ ၆ အဆင့်သို့ အမြှင့်တင်သတ်မှတ်ခဲ့သည်။ ဂျပန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ငလျင်ကြောင့် လူဆယ်ဦးကျော်...
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) “ရုရှား-ဘီလာရုဇ် ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းကာကွယ်ရေးစနစ်”၏ အသင့်အနေထားကို စမ်းသပ်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိန်းချုပ်သည့်တပ်ဖွဲ့နှစ်ဖွဲ့ကို ဘီလာရုဇ်နိုင်ငံသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ခုမှ လွှတ်တော်အမတ် ၁၄၀ ကျော်က ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် ထောက်ပို့ရေးကွင်းဆက်ပြတ်တောက်မှုမှ ပြန်လည်ကောင်းမွန်လာအောင် အမေရိကန်လုပ်ငန်းများကိုကူညီပေးရန် နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် နယ်ပယ် တိုးချဲ့ပေးခြင်း ပူးတွဲစာစောင်ကို ဇန်နဝါရီ...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံမှ ဂရုပြုသည့် ယူကရိန်းအခြေအနေနှင့် ရုရှားနိုင်ငံမှ ဂရုပြုသည့် နေတိုးအရှေ့သို့ချဲ့ထွင်ခြင်းနှင့် ရုရှားလုံခြုံရေးအာမခံမှုအရေးများအပေါ် အမြင်သဘောထားချင်း...
ကူမင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလမ်းဆောက်လုပ်ရေး ခွန်းလွင်ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရင်းနှီးမြှုပ်နှံပြီး ဖောက်လုပ်ထားသည့် ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်သည် ဇန်နဝါရီ ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းအဝေးပြေးလမ်း ဖွင့်လှစ်ခြင်းသည် ယူနန်ပြည်နယ်၏ အရှေ့-အနောက် စင်္ကြံ လမ်းကြောင်း၏ ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းတွင် ဖြစ်ပေါ်သည့် ယာဉ်ကြောပိတ်ဆို့မှုကို...
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၂၁ ရက် ကုလသမဂ္ဂညီလာခံတွင် ၂၀၂၂ ခုနှစ် အဓိက လုပ်ငန်းဆောင်တာများအား ပြောကြားခဲ့ရာတွင် ကမ္ဘာလုံးဆိုင်ရာ အခြေအနေအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ချွတ်ယွင်းခြင်း၊ ရာသီဥတုအန္တရာယ်အကျပ်အတည်း၊ နည်းပညာသစ်များအား အလွဲသုံးစားပြုလုပ်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ ဟူ၍ သတိပေးချက်...
ဆန်းရ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဂေဟပတ်ဝန်းကျင်ထူထောင်ရေးကို အရှိန်မြှင့်တင်ရန်အတွက် ဆန်းရ သန္တာကျောက်တန်းဂေဟဗေဒသုတေသဌာနက သက်ဆိုင်ရာလုပ်ငန်းများနှင့်ပူးတွဲ၍ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရ ရာလုံပင်လယ်အော်တွင် လူကပြုလုပ်ထားသော သန္တာကျောက်တန်း ၈၀ နီးပါး နေရာချထားပေးခဲ့သည်။ ယင်းကျောက်တန်းများကို သက်ရှိပုံတူဇီဝပတ်ဝန်းကျင်ကာကွယ်ရေးပစ္စည်း အမျိုးအစားသစ်များနှင့် ပြုလုပ်ထားခြင်းဖြစ်ရာ သန္တာကောင်လေးများနှင့် သမုဒ္ဒရာအတွင်းရှိ အခြားသော အဏုဇီဝသက်ရှိများ...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းထန်းသော မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ၊ မီးတောင်ပြာကျဆင်းမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရာ ၎င်းဖြစ်ရပ်သည် တွန်ဂါနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ...
ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) “ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း ၊ အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
မော်စကို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရုရှားရေတပ်စစ်သင်္ဘောတပ်ဖွဲ့က ရေကြောင်းစစ်ရေးခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံလက်နက်ကိုင်အင်အားစု၏ ၂၀၂၂ ခုနှစ် လေ့ကျင်မှုအစီအစဉ်အရ ၎င်းတို့သည် ဇန်နဝါရီမှ...