ကဘူးလ် ၊ မေ ၁၃ ရက် (ဆင်ဟွာ) တာလီဘန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မေ ၁၁ ရက်၌ Wardak ပြည်နယ် Nerkh ဒေသကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းနှင့် ယင်းဒေသသည် မြို့တော် ကဘူးလ် နှင့် ၃၅ ကီလိုမီမျှသာ ကွာဝေးကြောင်း အာဖဂန်နစ္စတန်နိုင်ငံ Wardak ပြည်နယ်အုပ်ချုပ်ရေးမှူး...
တီဟီရန် ၊ မေ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ Hassan Rouhani က မေ ၁၂ ရက်၌ အစိုးရအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ ၏ အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံတွင် ကုန်ဈေးနှုန်းများ မြှင့်တက်လာခဲ့ပြီး ဆေးဝါးများ မလုံလောက်မှုကြုံတွေ့ခဲ့ရကြောင်း ၊...
ဂါဇာ ၊ မေ ၁၃ ရက် (ဆင်ဟွာ) ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ ဟားမက်စ် (Hamas) က ၎င်းတို့လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Qassam တပ်ဖွဲ့၏ အဆင့်မြင့်ညွှန်ကြားမှုအရာရှိများစွာသည် မေလ ၁၂ ရက်နံနက်ပိုင်းအချိန်တွင် ဂါဇာဒေသ၌ အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးသွားခဲ့ရကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။ Hamas ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အစ္စရေးနိုင်ငံတပ်ဖွဲ့အနေဖြင့်...
ပေကျင်း၊ မေ ၁၃ ရက်(ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် မေ ၁၀ ရက် ညပိုင်းမှစ၍ ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်သည်အထိ အရှိန်မြင့်လာခဲ့ရာ ပါလက်စတိုင်းဘက်တွင် လူပေါင်း ဒါဇင်နှင့်ချီသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သလို အစ္စရေးဘက်ကလည်း ဒဏ်ရရသူ ဒါဇင်နှင့်ချီ ရှိကြောင်း သိရသည်။...
ပေကျင်း၊ မေ ၁၀ ရက်(ဆင်ဟွာ) အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုရှိသည့်အပေါ် အကောင်းဘက်က ရှုမြင်ကြောင်း ၊ အီရန်အပေါ် အဓိက ပိတ်ဆို့သည့် သဘောတူညီချက်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး (၃၀၈.၂၂၆)သန်း ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခတ္တမန္ဒု ၊ မေ ၈ ရက် (ဆင်ဟွာ) အသက် ၅၁ နှစ်ရှိပြီးသူတစ်ဦးဖြစ်သည့် နီပေါနိုင်ငံသား Sherpa လူမျိုး တောင်တက်လမ်းညွှန် Kami Rita Sherpa က မေလ ၇ ရက်တွင် နီပေါနိုင်ငံဘက်ခြမ်းမှတစ်ဆင့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ဧဝရက်တောင်ထိပ်အား ၂၅ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး...
ရှီးအန်း၊ မေ ၇ ရက် (ဆင်ဟွာ) လျှပ်စစ်ရေနွေးအိုး၊ Fiber optic modems၊ ကလေးစက်ဘီး စသည့် ကုန်ပစ္စည်း အတွဲ (၅၀) တင်ဆောင်ထားသည့် X8155 တရုတ်-ဥရောပ ရထား(ရှီးအန်း)သည် မေ ၆ ရက်က တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းနိုင်ငံတကာဆိပ်ကမ်းမှ ထွက်ခွါခဲ့သည်။ ထိုပို့ဆောင်မှုသည်...
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် (၂၄)နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၁၀,၀၀၀)ကျော် ရှိပြီး အသစ်ထပ်တိုးသေဆုံးသူ (၃,၉၈၀)ဦးရှိကြောင်း အိန္ဒိယအစိုးရ၏ မေ ၆ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်ပွဲတော် ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို “မပျံသန်းရဇုန်”အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။