Connect with us

မြန်မာ-中文

ပဲရစ်အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် ည ၇း၃၀ နာရီတွင် ကျင်းပရန် စီစဉ်ထား

ပြင်သစ်နိုင်ငံ၊ စိန်းမြစ်ပေါ်တွင် ပဲရစ်အိုလံပစ်ကျင်းပရေးကော်မတီက အိုလံပစ်အားကစားပြိုင်ပွဲအတွက် အသေးစား အစမ်းလေ့ကျင့်မှုတစ်ခု ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ပြုလုပ်ခဲ့စဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အများပြည်သူ စိတ်ဝင်စားမှုအများဆုံးရရှိထားသော ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် ည ၇း၃၀ နာရီတွင် စတင်မည်ဖြစ်ကြောင်း ပဲရစ်အိုလံပစ်ကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ ထိုအချိန်တွင် ပဲရစ်သည် နွေရာသီအချိန်ဖြစ်ပြီး ပေကျင်းနှင့် အချိန် ၆ နာရီ ကွာခြားပြီး၊ တရုတ်ပြည်တွင်း ပရိသတ်များအနေဖြင့် ဇူလိုင် ၂၇ ရက် နံနက် ၁း၃၀ တွင် စတင်မည့် စိန်းမြစ်ပေါ်တွင်ကျင်းပမည့် အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ခံစားကြရမည် ဖြစ်သည်။

ပြင်သစ်နိုင်ငံ၊ စိန်းမြစ်ပေါ်တွင် ပဲရစ်အိုလံပစ်ကျင်းပရေးကော်မတီက အိုလံပစ်အားကစားပြိုင်ပွဲအတွက် အသေးစား အစမ်းလေ့ကျင့်မှုတစ်ခု ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ပြုလုပ်ခဲ့စဉ် (ဆင်ဟွာ)

ပဲရစ်အိုလံပစ်ကျင်းပရေးကော်မတီ၏ မျှော်မှန်းချက်အရ ဖွင့်ပွဲအခမ်းအနားကို နေဝင်ချိန် နေရောင်အောက်တွင် စိန်းမြစ်တစ်လျှောက် ဖြည်းဖြည်းချင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။ အားကစားသမားများသည် အပျော်စီးသင်္ဘောစီးကာ Austerlitzတံတားမှ အရှေ့မှအနောက်သို့ ၆ ကီလိုမီတာအကွာအဝေး ထွက်ခွာလာပြီး အီဖယ်မျှော်စင်၏တစ်ဖက်ခြမ်းရှိ Trocadéro ရင်ပြင်၌ ကျင်းပနေသောဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြမည်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် အနုပညာ ဖျော်ဖြေပွဲများ၊ ပဲရစ်နှင့် ပြင်သစ်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသသည့် ပန်းချီကား ၁၂ ကားကို ပြသရန်စီစဉ်ထားသည်။ ဖွင့်ပွဲအခမ်းအနားတွင် စုစုပေါင်း လှေအစီးရေ ၁၈၀ စီးခန့် ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အနက်မှ ၉၄ စီးကို အားကစားသမားသယ်ဆောင်ရန် အသုံးပြုမည်ဟု ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက လွန်ခဲ့သည့် ရက်အနည်းငယ်က ထုတ်ပြန်ခဲ့သည့် ဖွင့်ပွဲအစီအစဥ်အရ သိရသည်။
ထို့အပြင် ကွင်းရောက်ပွဲကြည့်ပရိသတ်အရေအတွက်ကို ယခင် ခန့်မှန်းထားသည့်ပမာဏ ၆၀၀,၀၀၀ ထက် တစ်ဝက်နီးပါး လျှော့ချခဲ့သည်။ လက်မှတ်ဝယ်ယူသည့် ပရိသတ်ပေါင်း ၁၀၄,၀၀၀ ဦး သည် ရေပြင်အနီးရှိ မြစ်ကမ်ဘေးတွင် ကြည့်ရှုရမည်ဖြစ်ပြီး အခြား အခမဲ့ လက်မှတ်ကိုင်ဆောင်သူ ၂၂၂,၀၀၀ ဦး တို့ကမူ ရေနှင့်ဝေးသော စင်မြင့်ပေါ်မှ စောင့်ဆိုင်းကြည့်ရှုကြမည်ဖြစ်သည်။ သို့ရာတွင် ယခင်က ကြေညာထားသည့် အစီအစဉ်နှင့် မတူဘဲ အဆိုပါ အခမဲ့ လက်မှတ် ၂၂၂,၀၀၀ ဦးကို ပွဲကျင်းပမည့်နေရာများ၊ အားကစားအသင်းများနှင့် သက်ဆိုင်ရာ အခမ်းအနားစီစဉ်သူများနှင့် မိတ်ဖက်များ၏ ဖိတ်ကြားမှုဖြင့်ရရှိနိုင်မည်ဖြစ်သည်။

အိုလံပစ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စိန်းမြစ်တွင်ကျင်းပမည်ဖြစ်ကြောင်း ပဲရစ်အိုလံပစ်ကျင်းပရေးကော်မတီက ၂၀၂၁ ခုနှစ်အကုန်တွင် တရားဝင်ကြေညာခဲ့ပြီးကတည်းက ဤရဲရင့်သောစိတ်ကူးသည် မျှော်လင့်ချက်များနှင့် သံသယများဖြင့် အတူရှိနေခဲ့သည်။ အများပြည်သူများသည် ဤကဲ့သိုသော မကြုံစဖူး လဟာပြင်နေရာတွင် ကျင်းပသည့် အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို မြင်တွေ့ရန် မျှော်လင့်နေရုံသာမက လုံခြုံရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့သော လက်တွေ့ကျသော ပြဿနာများအတွက်လည်း စိုးရိမ်ပူပန်နေကြောင်း သိရသည်။

လုံခြုံရေးအရ ပြင်သစ်အစိုးရသည် ဖွင့်ပွဲအခမ်းအနားမစတင်မီ၊ စတင်ပြီးနှင့် ကျင်းပနေချိန်ကာလအတွင်း ပြင်သစ်အစိုးရသည် ပဲရစ်မြို့ကိုဗဟိုထား၍ ကီလိုမီတာ ၁၅၀ အကွာအဝေးအတွင်းတွင်ရှိသောလေဆိပ်များနှင့် လေပိုင်နက်အားလုံးကို ပိတ်ထားမည်ဟု ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ပြင်သစ်လုံခြုံရေးဝန်ဆောင်မှုများသည် အန္တရာယ်ရှိနိုင်ခြေရှိသော အားကစားသမားများ၊ ဂျာနယ်လစ်များ၊ ပုဂ္ဂလိကလုံခြုံရေးအစောင့်များနှင့် အရေးကြီးသောအခြေခံအဆောက်အအုံများအနီးတွင်နေထိုင်ကြသူများအပါအဝင် လူ ၁ သန်းခန့်ကို စတင်တိုးချဲ့စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မသန်စွမ်းအားကစားပြိုင်ပွဲကို သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
巴黎奥运会开幕式定档7月26日晚7点半
新华社巴黎3月8日电(记者肖亚卓)巴黎奥组委8日正式向外界公布,备受瞩目的奥运会开幕式将于当地时间7月26日晚7点30分开始。届时巴黎处于夏令时,与北京的时差为6小时,这意味着国内的观众将在27日凌晨1点30分欣赏到这场开启于塞纳河的奥运开幕式。
按照巴黎奥组委的设想,开幕式将在夕阳的余晖之下,沿着塞纳河缓缓拉开大幕。运动员们乘坐游船从奥斯特里茨桥由东向西出发,航行6公里至埃菲尔铁塔对岸的特罗卡德罗广场,参加在那里举行的庆祝仪式。
沿途将安排艺术表演,并有12幅画作展示巴黎以及法国的文化遗产。据法国内政部前几日公布的开幕式方案,共有约180艘船只参与开幕式,其中94艘用于搭载运动员。
此外,现场观众的人数从最早预计的60万缩减了将近一半。届时将有10.4万名购票观众在靠近水面的河岸部分观看,另有22.2万名持免费票的观众在离水面较远、位置较高的看台上观看。与此前公布的方案不同的是,这22.2万张免费票将不再面向公众开放注册,而是改由赛事举办地、体育协会以及相关组织方和合作伙伴定向邀请。
自从巴黎奥组委在2021年底正式宣布将在塞纳河上举办奥运会开幕式以来,这一大胆的设想就一直伴随着期待与质疑。公众既期待看到一场前所未有、在开放式区域举行的奥运开幕式,又不得不为安保、交通等现实问题担忧。
据法国内政部介绍,为安全起见,开幕式前后及举办过程中,法国政府将关闭以巴黎为中心、半径150公里范围内所有机场和领空。另外,法国安全部门已着手对约100万人展开风险筛查,其中包括运动员、记者、私人保安以及居住在关键基础设施附近的人。
巴黎奥运会将于7月26日至8月11日举行,残奥会将于8月28日至9月8日举行。
Photo 1:2023年7月17日,巴黎奥组委在法国塞纳河上进行了一场奥运会开幕式迷你彩排。新华社记者 高静 摄
Photo 2:2023年7月17日,巴黎奥组委在法国塞纳河上进行了一场奥运会开幕式迷你彩排。新华社记者 高静 摄