Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟန်ဂေရီနိုင်ငံ သမ္မတအသစ် Katalin Novak ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တွင် ဟန်ဂေရီပါလီမန်၌ ကျမ်းသစ္စာမကျိန်ဆိုမီ မိသားစုနှင့်အတူ Katalin Novak (ရှေ့တန်း အလယ်) အား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟန်ဂေရီနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် Katalin Novak ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို မေ ၁၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်-ဟန်ဂေရီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် မကြာသေးမီနှစ်များ တွင် မြင့်မားသောအဆင့်ကို ထိန်းထားလျက်ရှိကြောင်း၊ မကြာခဏအဆင့်မြင့် ဖလှယ်မှုများ၊ နယ်ပယ်စုံတွင် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ၌ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုဖြင့် အထင်အရှားရှိခဲ့ကြောင်း ရှီက ပြောခဲ့သည်။

ထို့ပြင် ရှီက တရုတ်-ဟန်ဂေရီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက အရေးပါကြောင်း၊ Novak နှင့်အတူ နှစ်နိုင်ငံကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နှင့် ဟန်ဂေရီကြား နှစ်နိုင်ငံအဆင့်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားမူဘောင်များကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးကျေးဇူးရရှိရန် တရုတ်-ဟန်ဂေရီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား အဆင့်သစ်သို့ မြှင့်တင်ရေး ပူးတွဲကြိုးပမ်းအားထုတ်မှုများကိုလည်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Xi sends congratulatory message to Hungary’s new president Katalin Novak
Source: Xinhua
Editor: huaxia
2022-05-10 19:44:30
BEIJING, May 10 (Xinhua) — Chinese President Xi Jinping on Tuesday sent a congratulatory message to Katalin Novak on her taking office as the Hungarian president.
The development of China-Hungary relations, Xi said, has maintained at a high level in recent years, marked by frequent high-level exchanges, fruitful cooperation in various fields and sound cooperation in international and regional affairs.
Xi said he attaches great importance to the development of China-Hungary relations, adding that he is ready to work with Novak to deepen political mutual trust and traditional friendship between the two countries.
Xi also called for joint efforts to strengthen cooperation between the two countries both at the bilateral level and within the Belt and Road cooperation, the China-Central and Eastern European countries cooperation and other frameworks, and to promote the China-Hungary comprehensive strategic partnership to a new level so as to benefit the two countries and their peoples. ■
Photo : Katalin Novak (front, C) is seen with her family before taking oath in Hungarian Parliament, Budapest, Hungary, March 10, 2022. (Photo by Attila Volgyi/Xinhua)