Connect with us

Europe

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များအကြောင်း ဆွေးနွေး

ယူကရိန်းသမ္မတ Volodymyr Zelensky က ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့ သို့ အလည်အပတ်ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenနှင့် ၂၀၂၁ ခုနှစ်၊ မေ ၆ ရက်တွင် တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့သည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန Facebook တွင် မတ် ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
.
Kuleba နှင့် Blinken တို့သည် ယူကရိန်းအတွက် ခံစစ်လက်နက်များ ထောက်ပံ့မှုသစ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယူကရိန်းသည် ရုရှားနှင့် ပဋိပက္ခဖြေရှင်းရေးအတွက် သံတမန်နည်းလမ်းများအရအဖြေရှာရန် ကတိကဝတ်ပြုထားကြောင်း Kuleba က အလေးပေးပြောကြားခဲ့သော်လည်း ယူကရိန်း၏ မဟာမိတ်များက ရုရှားအပေါ် ဖိအားများ တိုးမြှင့်ရာတွင် “ရုရှားဘက်မှ အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းမှုများကို အဆင်သင့်ဖြစ်နေသည်ဟု မပြမချင်း” စည်းလုံးညီညွတ်မှုကို ပြသရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ဘီလာရုဇ်- ပိုလန်နယ်စပ်တွင် ကျင်းပရန် မျှော်လင့်ထားသည့် ရုရှားနှင့် ဒုတိယအကြိမ် ဆွေးနွေးပွဲအတွက် မတ် ၂ ရက်က ထွက်ခွာသွားခဲ့ကြောင်း ယူကရိန်းအစိုးရပိုင် Ukrinform သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

……………………
(English Version)
Ukrainian FM, U.S. secretary of state discuss new sanctions against Russia
KIEV, March. 2 (Xinhua) — Ukrainian Foreign Minister Dmytro Kuleba and U.S. Secretary of State Antony Blinken discussed new sanctions against Russia in a phone conversation, the Ukrainian Foreign Ministry said Wednesday in a statement on Facebook.
Kuleba and Blinken also talked over the new supplies of defensive weapons for Ukraine.
Kuleba emphasized that Ukraine is committed to finding diplomatic ways for settling the conflict with Russia, but Kiev’s allies must show unity in increasing pressure on Russia “until Moscow demonstrates its readiness for constructive negotiations.”
According to the Ukrainian government-run Ukrinform news agency, the Ukrainian delegation on Wednesday departed for the second round of talks with Russia, which is expected to take place on the Belarus-Poland border. Enditem
Photo-Ukrainian President Volodymyr Zelensky meets with visiting U.S. Secretary of State Antony Blinken in Kiev, capital of Ukraine, May 6, 2021.(Ukrainian Presidential Office/Handout via Xinhua)