Connect with us

North America

အမေရိကန်က ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်ရန်အတွက် ရုရှား နှင့် ယူကရိန်းအကြား ပဋိပက္ခမီး မွှေးပေးခဲ့ဟု မီဒီယာဖော်ပြ

ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်၌ အလုပ်လုပ်နေသောဝန်ထမ်းများအား ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

“ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ အမေရိကန်နိုင်ငံဟာ သူ့ကိုယ်သူ ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံအဖြစ် တည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းခဲ့ပါတယ် ။ အီရတ် ၊ ယူဂိုဆလားဗီးယား ၊ အာဂဖန်နစ္စတန် နဲ့ အခြားနိုင်ငံပေါင်းများစွာမှာ မရေမတွက်နိုင်တဲ့စစ်ပွဲတွေ ဆင်နွှဲရင်း အမေရိကန်ဗိုလ်ကျစိုးမိုးရေးဝါဒအတွက် ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို သုတ်သင်ရှင်းလင်းခဲ့ပါတယ်” ဟု မကြာသေးမီက facebook လူမှုကွန်ရက်ပေါ်မှ ဖယ်ရှားခြင်း ခံရသော ဗီဒီယိုရုပ်သံဖိုင်တစ်ခုတွင် ဖော်ပြထားသည်။အဆိုပါ ဖယ်ရှားခံရသော ဗီဒီယိုဖိုင်တွင် “ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် နေတိုး(NATO) ရဲ့တိုးချဲ့မှုအစီအစဉ်မှာ ယူကရိန်းပြည်သူတွေဟာ စစ်တုရင်နယ်ရုပ်လေးတွေအဖြစ် အသုံးချခြင်း ခံလိုက်ရပါတယ် ၊ အဲဒီထိပ်တိုက်ရင်ဆိုင်မှုဟာ အခုအခါမှာတော့ သိပ်ကိုပြင်းထန်စွာနဲ့ပဲ အရှိန်မြင့်တက်လို့လာနေပါတယ်” ဟု ဖော်ပြထားသည်ဟု World Socialist အင်တာနက်ဝက်ဆိုက်ဂ်စာမျက်နှာက မတ် ၃၀ ရက်တွင် သတင်းရေးသားခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခတွင် ဂျာမနီနိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆန့်ကျင်သည်ဟု ဂျာမနီဆိုရှယ်လစ် သာတူညီမျှရေးပါတီ(SGP)မှ လွှင့်တင်ခဲ့သော ရုပ်သံဖိုင်တစ်ခုကို ပြီးခဲ့သော ရက်သတ္တပတ်တွင် Facebook က ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ၎င်းတို့၏ ပိုစ့်အား ဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်၍ ဖြေရှင်းချက်ပေးရန် SGP ပါတီ၏ တောင်းဆိုချက်အပေါ် Facebook က ယခုအချိန်ထိ တုန့်ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုသို့ ဗီဒီယိုဖိုင်အား facebook မှ ဖယ်ရှားလိုက်ခြင်းသည် “ စစ်ပွဲနဲ့ စစ်ဝါဒီစနစ်ကို ဆန့်ကျင်သူတိုင်းအပေါ် တိုက်ရိုက် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှုတစ်ခုပါပဲ” ဟု သတင်းကဆိုသည်။

နည်းပညာကုမ္ပဏီကြီးများသည် အစိုးရများနှင့် အဓိက နယ်ချဲ့အင်အားစုများ၏ လက်ကိုင်တုတ်များအဖြစ် အတွင်းကျကျပူးပေါင်းလုပ်ဆောင်နေကြောင်း သတင်းတွင် မှတ်ချက်ပြုထားသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်တွင် ဂူဂဲလ်(google) က အချက်အလက်ရှာဖွေမှုရလဒ်များ ၊ ဆိုရှယ်လစ်စနစ် နှင့် စစ်ဆန့်ကျင်ရေးဝက်ဆိုက်ဂ်များ၌ “ အာဏာပိုင်အရင်းအမြစ်များ” ကိုပေးအပ်သွားမည့်အကြောင်း ထုတ်ဖော်ကြေညာခဲ့သည်ဟူ၍လည်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။( Xinhua)

—————————
(English Version)

U.S. instigates conflict between Russia and Ukraine for global supremacy: media

WASHINGTON, April 3 (Xinhua) — “After the dissolution of the Soviet Union, the United States sought to establish its global supremacy. In the countless wars in Iraq, Yugoslavia, Afghanistan and many other countries, any threat to U.S. hegemony was to be eliminated,” said a video recently removed by Facebook.
“The Ukrainian people are being sacrificed as pawns in order to advance NATO’s confrontation with Russia. This confrontation … is now escalating with breathtaking intensity,” said the deleted video, according to the report on the World Socialist Web Site on Wednesday.
Facebook last week deleted the video opposing Germany’s role in the Russia-Ukraine conflict posted by the Socialist Equality Party of Germany (SGP). Facebook has not yet responded to the SGP’s demand for an explanation.

The deletion of the video is “an act of political censorship directed against anyone who opposes war and militarism,” the report said.
The report noted that the tech companies collaborate intimately with the governments and the state apparatus of the major imperialist powers.
The report also mentioned Google announced in 2017 that it would give preference to “authoritative sources” in search results, socialist and anti-war websites.

Photo- Staff members work at the NATO Headquarters in Brussels, Belgium, March 24, 2022. (Xinhua/Zheng Huansong)