Connect with us

CHINA

COVID-19 ရောဂါတုံ့ပြန်ရာတွင် ရှန်ဟိုင်းမြို့အား ကူညီရန် တရုတ်နိုင်ငံတစ်ဝှမ်း ထောင်ပေါင်းများစွာသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အလျင်အမြန်သွားရောက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျိနန်မြို့၌ ဧပြီ ၃ ရက်တွင် ဆန်းတုန်းပြည်နယ်မှ ရှန်ဟိုင်းမြို့သို့ မထွက်ခွာမီ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
ရှန်ဟိုင်းမြို့တွင် ရောဂါကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့မြင်ရသဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေးကူညီရန် မကြာသေးမီရက်များအတွင်း ရှန်ဟိုင်းမြို့သို့ တရုတ်နိုင်ငံတစ်ဝှမ်း ဒေသ ၇ ခုမှမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀,၀၀၀ ဝန်းကျင် ရောက်ရှိလာခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူများက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီ ၃ ရက်တွင် ဟဲပေ ၊ ကျန်းရှီး နှင့် ဆန်းတုန်းပြည်နယ်များနှင့် ထျန်းကျင်းမြူနီစီပယ်တို့အပါအဝင် ဒေသများမှ ထောင်ပေါင်းများစွာသော ဆရာဝန်များသည် မြန်နှုန်းမြင့် ရထား ၁၀ စင်းဖြင့် လူဦးရေ ၂၅ သန်း ရှိသော ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ဒီအလုပ်အတွက် ကျွန်တော်တို့အသင်းက အဖွဲ့ဝင် ၃၀ ဦးစလုံး စာရင်းပေးခဲ့ပါတယ်။အများစုက ဟဲပေပြည်နယ်မှာ ကပ်ရောဂါတိုက်ဖျက်တုန်းက ပါဝင်ခဲ့သူတွေပါ။”ဟု ထျန်းကျင်းမြူနီစီပယ် Jinnan ခရိုင်မှ ဆေးအဖွဲ့ခေါင်းဆောင် Hao Shu’an က ပြောကြားခဲ့သည်။

အချို့သောဆေးအဖွဲ့များသည် ယာယီဆေးရုံများ၌ အလုပ်လုပ်ကိုင်နေကြပြီ ဖြစ်ကာ ရောဂါမပြင်းထန်သူများ နှင့် ရောဂါလက္ခဏာမပြသသော လူနာများအား လက်ခံကုသရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ရှန်ဟိုင်း မြူနီစပယ်ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။

အန်ဟွေးပြည်နယ်မှ ဆရာဝန်ဦးရေ ၆၅၀ ကျော်သည် Chongming ခရိုင်အတွင်းရှိ ကုတင် ၂,၇၀၀ ဆံသော ယာယီဆေးရုံတစ်ရုံ၌ ဒေသတွင်း ဆေးအဖွဲ့တစ်ဖွဲ့နှင့်အတူ လုပ်ဆောင်လျက် ရှိသည်။ ယင်းဆေးရုံသည် ဧပြီ ၃ ရက် ညပိုင်းတွင် ရောဂါမပြင်းထန်သူများ နှင့် ရောဂါလက္ခဏာမပြသသောလူနာပေါင်း ၁၃၀၀ အား ပထမဆုံးလက်ခံရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Thousands of medical workers nationwide rushing to aid Shanghai in COVID-19 response
SHANGHAI, April 3 (Xinhua) — Around 10,000 medical workers from several regions across China have arrived in Shanghai in recent days to help the fight against COVID-19 as the city has seen surging infections, local health authorities said Sunday.
On Sunday, thousands of medics from regions including Tianjin and the provinces of Hubei, Jiangxi and Shandong arrived in the megacity with a population of 25 million by 10 high-speed trains.
“All 30 members of our team volunteered for the work, with many once taking part in the epidemic fight in Hubei,” said Hao Shu’an, head of a medical team from Jinnan District of Tianjin.
Some medical teams are already working in makeshift hospitals and are ready to receive mild cases and asymptomatic carriers, according to the Shanghai Municipal Health Commission.
Over 650 medics from Anhui Province are working with a local medical team at a makeshift hospital in Chongming District that offers over 2,700 beds. The hospital was scheduled to receive the first group of 1,300 mild cases and asymptomatic carriers on Sunday night. ■
Photo – Medical workers from Shandong Province take part in a departure ceremony before leaving for Shanghai, in Jinan, east China’s Shandong Province, April 3, 2022. A team of some 1,100 medical workers left Jinan Sunday for Shanghai to help fight COVID-19 on the front lines. (Xinhua/Xu Suhui)