Politics, Law & Military
မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ဘိန်းဖြူဘလောက်တုံး ၄ဝ ဒသမ ၂ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်၌ ဘိန်းဖြူဘလောက်တုံး ၄ဝ ဒသမ ၂ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင် ကြေးမုံသတင်းစာက ဇန်နဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီးအား သတင်းအရ ရှာဖွေရာတွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိမူးယစ်ဆေးဝါးများမှာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိပြီး မော်တော်ယာဉ် မောင်းနှင်သူနှင့် လိုက်ပါသူတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
—————————–
Over 40 kg of heroin, 200,000 stimulant tablets seized in eastern Myanmar
YANGON, Jan. 3 (Xinhua) — Myanmar authorities have seized 40.2 kg of heroin blocks and 200,000 stimulant tablets in eastern Myanmar’s Shan state, the state-run daily The Mirror reported on Friday.
Acting on a tip-off, anti-narcotics police searched a vehicle in Mong Pan township of southern Shan state on Dec. 28, 2024, and seized the narcotics, the report said.
The confiscated narcotics are approximately worth 540 million kyats (about 257,142 U.S. dollars), and two suspects were arrested for the case, it said.
The suspects were charged under the country’s law, and further investigations were ongoing, it added. Enditem