Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး အဆင့်မြင့်နိုင်ငံတကာအစည်းအဝေးများ တက်ရောက်မည်

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား သတင်းစာရှင်းလင်းပွဲ တစ်ခု တက်ရောက်နေသည်ကို ၂၀၂၁ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် သတ္တမအကြိမ်​မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်မည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့​​နောက် ဝမ်သည် ဇူလိုင် ၃ ရက်မှ ၁၄ ရက်အတွင်း ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံသို့လည်း တရားဝင်ခရီးစဥ်အဖြစ် သွားရောက်မည်ဖြစ်ကာ ဒုတိယအကြိမ်မြောက် တရုတ်-အင်ဒိုနီးရှား အဆင့်မြင့်ဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်ရေး ယန္တရား အစည်းအဝေးကိုလည်း လက်ခံကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၁ ရက်တွင် ကြေညာခဲ့သည်။

ထို့​ပြင် ဝမ်သည် ၁၄ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးနှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ပြုလုပ်မည့်
ဆဋ္ဌမအကြိမ်မြောက် တရုတ်-ကမ္ဘောဒီးယား အစိုးရချင်း ညှိနှိုင်းဆောင်ရွက်မှုကော်မတီ အစည်းအဝေး တို့၌ သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Chinese FM to attend several high-level international meetings
Source: XinhuaEditor: huaxia2022-07-01 21:42:45

BEIJING, July 1 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi will chair the seventh Lancang-Mekong Cooperation Foreign Ministers’ Meeting in Myanmar and attend the G20 Foreign Ministers’ Meeting in Indonesia upon invitation.

Wang will also pay an official visit to Thailand, the Philippines, Indonesia, and Malaysia and host the second Meeting of China-Indonesia High-level Dialogue Cooperation Mechanism from July 3 to 14, Foreign Ministry Spokesperson Zhao Lijian announced on Friday.

Wang will also chair the 14th Meeting of the China-Vietnam Steering Committee for Bilateral Cooperation and the sixth Meeting of China-Cambodia Intergovernmental Coordination Committee in Nanning, the capital city of south China’s Guangxi Zhuang Autonomous Region, said the spokesperson. ■
Photo: Chinese State Councilor and Foreign Minister Wang Yi attends a press conference on China’s foreign policy and foreign relations via video link on the sidelines of the fourth session of the 13th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 7, 2021. (Xinhua/Zhang Yuwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.