Connect with us

China

BRICS နိုင်ငံများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ကတိပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ New Development ဘဏ် ရုံးချုပ်အဆောက်အဦအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

BRICS နိုင်ငံများမှ စီးပွားရေးကိုယ်စားလှယ်များက ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ထွန်းသစ်စဈေးကွက်၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေး ဇွန် ၈ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။

BRICS စီးပွားရေးကောင်စီ၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးအား ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ကောင်စီ၏ လုပ်ငန်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၅၀ ခန့်သည် အွန်လိုင်းမှတက်ရောက်ခဲ့ကြကြောင်း သိရသည်။

BRICS နိုင်ငံများအကြား အရည်အသွေးမြင့်မိတ်ဖက်များ တည်ဆောက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ်အား အစည်းအဝေး၌ ထုတ်ပြန်ကြေညာခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ နက်ရှိုင်းစေရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအား ဦးတည်ကြိုးပမ်းဆောင်ရွက်ရေးအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကျွမ်းကျင်အတတ်ပညာရှင် နှင့် အရင်းအမြစ်အားသာချက်များကို အသုံးချရန် နှင့် စီးပွားရေးနလန်ထူမှုအား မြှင့်တင်ရန် သက်ဆိုင်သူများအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း BRICS စီးပွားရေးကောင်စီ တရုတ်အခန်းကဏ္ဍ၏ ဥက္ကဋ္ဌ Chen Siqing က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံများအကြား စီးပွားရေးအသိုင်းအဝိုင်းနှင့်အတူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် တိုးတက်မှုအရှိန်အဟုန်ကို မြှင့်တင်ရန် ဆန်းသစ်ပြောင်းလဲမှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုအား လိုက်နာသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

BRICS စီးပွါးရေးကောင်စီသည် BRICS နိုင်ငံ ၅ နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းများအကြား စီးပွားရေး ၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို ခိုင်မာအားကောင်းလာစေပြီး အဆင့်တိုးမြင့်သွားရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ Durban မြို့၌ ပြုလုပ်ခဲ့သည့် ပဥ္စမကြိမ်မြောက် BRICS ညီလာခံအတွင်း ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)
BRICS countries vow to deepen business cooperation
BEIJING, June 9 (Xinhua) — Business representatives from the BRICS countries pledged Wednesday to enhance multilateral cooperation to safeguard the common interests of emerging markets and developing countries.
The 2022 annual meeting of the BRICS Business Council was held in Beijing, with about 150 representatives from the council’s working groups attending online.
A joint statement on building high-quality partnerships among BRICS countries was published at the meeting, calling for efforts to deepen dialogue and enhance cooperation.
China has cooperated with all parties to leverage professional and resource advantages and promote economic recovery, said Chen Siqing, chairman of the Chinese chapter of the BRICS Business Council.
China will work with business communities among the BRICS countries and adhere to innovation-driven development to enhance growth momentum, Chen added.
The BRICS Business Council was established during the fifth BRICS Summit held in 2013 in Durban, South Africa, with the aim of promoting and strengthening business, trade and investment ties among the business communities of the five BRICS countries. ■
Photo – Aerial photo taken on Sept. 28, 2021 shows the headquarters building of the New Development Bank in Shanghai, east China. (Xinhua/Fang Zhe)