Connect with us

China

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း 5G အခြေစိုက်စခန်း ၂၅,၀၀၀ တည်ဆောက်မည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်ပြည်နယ်တွင် 5G အခြေစိုက်စခန်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ မြှင့်တင်ရန် ယခုနှစ်အတွင်း 5G အခြေစိုက်စခန်း ၂၅,၀၀၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နှစ်မကုန်မီက ယင်းပြည်နယ်၌ 5G အခြေစိုက်စခန်း စုစုပေါင်း ၆၇,၀၀၀ တည်ဆောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ ကျောက်မီးသွေးတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်း အပါအဝင် နယ်ပယ်များစွာ၌ အသုံးပြုလျက်ရှိကြောင်း ပြည်နယ်ဆိုင်ရာ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဦးစီးဌာနအရ သိရသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များက 5G နည်းပညာများနှင့် ကွန်ရက်များ တိုးတက်မှုရှိရေး ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်မတိုင်မီ မြို့များအားလုံးနှင့် ကျေးရွာများအားလုံးနီးပါး၌ 5G ကွန်ရက်လွှမ်းခြုံမှုရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s Shanxi to build 25,000 5G base stations in 2023
TAIYUAN, March 25 (Xinhua) — North China’s Shanxi Province will build 25,000 5G base stations this year to accelerate its information and communication infrastructure construction, according to local authorities.
By the end of 2022, the province had set up a total of 67,000 5G base stations, which have been applied in a wide range of fields including transportation, coal mining, and tourism, according to the provincial industry and information technology department.
In recent years, China has sped up its efforts to develop 5G technologies and networks. By 2025, China aims to achieve 5G network coverage in all cities and towns, as well as most villages. Enditem
Photo: Aerial photo taken on April 15, 2020 shows people working at the construction site of a 5G base station in Chongqing, southwest China. (Xinhua/Wang Quanchao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.