Connect with us

China

တရုတ်နိုင်ငံက ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းတည်ဆောက်ရေး အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် သန်းကျိုးမြို့ရှိ ခရီးသွားများလာရောက်ရာကျွန်းပတ်လည် အဝေးပြေးလမ်းပိုင်းတစ်နေရာကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် အဆင့်မြင့် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) တည်ဆောက်ရာတွင် ကြိုးပမ်းအားထုတ်မှုများ အခိုင်အမာဆောင်ရွက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ ဟိုင်ခို မေလန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ် ဧပြီလတွင် ကျွန်းပြည်နယ်တစ်ခုလုံးကို ရှေ့ပြေး လွတ်လပ်သောကုန်သွယ်မှုဇုန်အဖြစ် ဖော်ထုတ်ရေးအတွက် ဟိုင်နန်ပြည်နယ်ကို ပံ့ပိုးကူညီရန် ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး တရုတ်သွင်ပြင်လက္ခဏာများဖြင့် လွတ်လပ်သောကုန်သွယ်မှုဇုန် တည်ထောင်မှုအား ဖြည်းဖြည်းချင်း တိုးချဲ့ကာ ပုံမှန်မြှင့်တင်ခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်သွင်ပြင်လက္ခဏာများနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုဖြင့် FTP တစ်ခုအဖြစ် ဟိုင်နန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ခြင်းနှင့် ဟိုင်နန်ပြည်နယ်ကို ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ၏ စံနမူနာအဖြစ် ဆောင်ရွက်ခြင်းအတွက် တိုက်တွန်းခဲ့သည်။

ဟိုင်နန် FTP တည်ဆောက်ခြင်းသည် ဟိုင်နန်ပြည်နယ်အား ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ ပိုမိုနက်ရှိုင်းမှုအဖြစ် အားအင်ပြည့်ဆောင်ရွက်လျက်ရှိသလို ထိပ်တန်း နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ချိန်ညှိဆောင်ရွက်ရန် အဖွဲ့အစည်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Five years on, China speeds its way to build Hainan free trade port
HAIKOU, April 12 (Xinhua) — Over the past five years, China has made solid strides in building a high-level free trade port (FTP) in its southern island province of Hainan.
On April 13, 2018, China announced a decision to support Hainan in developing the whole island into a pilot free trade zone and gradually exploring and steadily promoting the establishment of a free trade port with Chinese characteristics.
China has called for accelerating the development of Hainan into an FTP with Chinese characteristics and global influence and making Hainan into a paradigm of reform and opening up in the new era.
The Hainan FTP construction is in full swing as the tropical island province further deepens reform and opening up and makes institutional innovations to align with top international standards.
Photo 1: This aerial photo taken on Oct. 6, 2022 shows a section of the round-the-island tourist highway in Danzhou, south China’s Hainan Province. (Xinhua/Pu Xiaoxu)
Photo 2: This aerial photo taken on Nov. 20, 2021 shows the expansion project of Haikou Meilan International Airport in Haikou, south China’s Hainan Province. (Xinhua/Yang Guanyu)