Asia
တရုတ်ခရီးသွားဧည့်သည် အမြောက်အမြား ဝင်ရောက်လာမှုကြောင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာဟု ကျွမ်းကျင်သူပြော

ဘန်ကောက်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
မကြာသေးမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမြင့်တက်လာခြင်းသည် ထိုင်းခရီးသွားလုပ်ငန်းအတွက် အပြုသဘောဆောင်သောလက္ခဏာဖြစ်သလို ထိုင်းစီးပွားရေးအတွက်လည်း ပိုမိုကျယ်ပြန့်လာစေကြောင်း ထိုင်းနိုင်ငံသား ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Grand Palace ရှုမျှော်ခင်းနေရာ၌ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် ဆုန်ခရန်ပွဲတော်မတိုင်မီ အပြန်အလှန်ရေပက်ကစားနေသော ဆင်များနှင့် ကမ္ဘာလှည့်ခရီးသွားများကို ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်အထိ တရုတ်ခရီးသွားဧည့်သည်ဦးရေ ၇၃၇,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် အဆပေါင်း ၃၀ ရှိကြောင်း Kasikorn သုတေသနစင်တာ လက်ထောက် မန်နေဂျင်းဒါရိုက်တာ Kevalin Wangpichayasuk က ပြောခဲ့သည်။
ယခင်နှစ်က ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခဲ့ပြီးနောက် ထိုကဲ့သို့ မြင့်တက်လာရခြင်းခြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံအတွင်းသို့ နေ့စဉ် ပျမ်းမျှ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၁၀,၀၀၀ ခန့်ရှိကြောင်းနှင့် ဤသို့ဝင်ရောက်မှုမှာ ဆက်လက်ရှိနေမည်ဟု မျှော်မှန်းထားကြောင်း Kevalin က ဆင်ဟွာ၏ စာဖြင့်မေးမြန်းမှုကို ဧပြီ ၂၇ ရက်က ပြန်လည်ဖြေကြားခဲ့သည်။
“၂၀၂၃ ခုနှစ် တရုတ်ခရီးသွားဧည့်သည်အရေအတွက်က နိုင်ငံအားလုံးအနေနဲ့ အမြင့်ဆုံးဖြစ်လာနိုင်မယ်လို့ ထင်တယ်။ ကပ်ရောဂါမဖြစ်ခင်ကာလကလိုပဲပေါ့” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
………………………………
(English Version)
Thai tourism industry optimistic as Chinese tourist arrivals skyrocket: expert
BANGKOK, April 28 (Xinhua) — The recent steady increase of Chinese tourists to Thailand has been observed by a Thai expert, who views it as a positive sign for the Thai tourism industry and the broader Thai economy.
From Jan. 1 to April 23, over 737,000 Chinese tourists visited Thailand, marking a 30-fold increase from the same period last year, according to Kevalin Wangpichayasuk, assistant managing director of Kasikorn Research Center.
This increase came after China optimized its COVID-19 restriction measures late last year. The daily average of Chinese tourist arrivals is currently around 10,000, and this trend is expected to continue, Kevalin said in a written interview with Xinhua on Thursday.
“We view that the number of Chinese tourists in 2023 will become the highest of all nationalities, as it was in the pre-pandemic era,” she added.
Photo 1, 2: Chinese tourists visit the Grand Palace scenic spot in Bangkok, Thailand, Feb. 7, 2022. (Xinhua/Wang Teng)
Photo 3: Elephants and tourists splash water on each other during a celebration for the upcoming Songkran Festival, in Ayutthaya, Thailand, April 11, 2023. (Xinhua/Rachen Sageamsak)