China
တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများ နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေး
ဗီယင်နာ၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့သည် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ မေ ၁၀ ရက်နှင့် ၁၁ ရက်များ၌ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ပွင့်လင်း နက်ရှိုင်း ခိုင်မာ၍ အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် တရုတ်-အမေရိကန် ဆက်ဆံရေးရှိ အတားအဆီးများကို ဖယ်ရှားခြင်း၊ တည်ငြိမ်သော ဆက်ဆံရေးထားရှိ၍ အခြေအနေဆိုးဝါးလာမှုကို ကာကွယ်ရန် ဆွေးနွေးခဲ့ကြသည်။
CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်က ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မပြောင်းလဲသောရပ်တည်ချက်ကို အပြည့်အဝရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အာရှ-ပစိဖိတ်ဒေသအခြေအနေ၊ ယူကရိန်းနှင့် အခြားနိုင်ငံတကာနှင့် ဒေသတွင်းရေးရာများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသလို မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်အသုံးပြုရန်လည်း ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………
(English Version)
Senior Chinese, U.S. officials talk on bilateral ties
VIENNA, May 11 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee and U.S. National Security Advisor Jake Sullivan had candid, in-depth, substantive and constructive discussions on bilateral ties here on Wednesday and Thursday.
The two sides held discussions on removing obstacles in China-U.S. relations and stabilizing the relationship from deterioration.
Wang, also a member of the Political Bureau of the CPC Central Committee, fully expounded China’s solemn position on the Taiwan question.
The two sides also exchanged views on the situation in the Asia-Pacific region, Ukraine and other international and regional issues of common interest.
Both sides agreed to continue to make good use of this strategic communication channel.
Photo: Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with U.S. National Security Advisor Jake Sullivan in Vienna, Austria, May 10, 2023. (Xinhua)