Connect with us

China

အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong က အင်္ဂါဂြိုဟ်၏ လတ္တီကျုနိမ့်နေရာများတွင် ရေတွေ့ရှိကြောင်း သက်သေရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong အား ဂြိုဟ်ပေါ်ဆင်းသက်သောပလက်ဖောင်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong က အင်္ဂါဂြိုဟ်ပေါ်၌ ပူနွေးဆုံးဒေသများဖြစ်သော လတ္တီကျုနိမ့်နေရာများတွင် ရေရှိသည့် အဓိကလေ့လာမှုသက်သေကို တွေ့ရှိခဲ့ကြောင်း ယခုသီတင်းပတ်ထုတ် Science Advances ဂျာနယ်က ဖော်ပြခဲ့သည်။

အစောပိုင်းကလည်း အင်္ဂါဂြိုဟ်ပေါ်၌ ရေအမြောက်အမြားတွေ့ရှိကြောင်း သက်သေကို ယခင်လေ့လာတွေ့ရှိမှုများ၌ တွေ့ရှိခဲ့သော်လည်း သိသာထင်ရှားသော ရာသီဥတုပြောင်းလဲမှုများက အလွန်နည်းပါးသော ဖိအားနှင့် ရေငွေ့ပါဝင်မှုများအဖြစ်သို့ ဦးတည်သွားကြောင်း၊ လက်ရှိဂြိုဟ်ပေါ်၌ ရေအရည်အဖြစ် တည်ရှိရန်မှာ ခက်ခဲကြောင်း ဖော်ပြထားသည်။ ယခုအခါ ရေသည် အစိုင်အခဲ သို့မဟုတ် အငွေ့ပုံစံများဖြင့်သာ တည်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ထားကြောင်း သိရသည်။

သို့ရာတွင် နာဆာ၏ Phoenix Mars ဂြိုဟ်ပေါ်ဆင်းယာဉ်၏ စက်ရုံလက်တံပေါ်၌ တွေ့ရှိရသော အရည်အစက်လေးများက အင်္ဂါဂြိုဟ်ပေါ်ရှိ လတ္တီကျုမြင့်မားသော နွေရာသီ၌ ဆားရည်အဖြစ် ထွက်ပေါ်လာသည်ကို သက်သေပြခဲ့သည်။ သို့ရာတွင် ယင်းဂြိုဟ်တွင် မျက်နှာပြင်အပူချိန် အမြင့်ဆုံးဖြစ်သော လတ္တီကျုနိမ့်နေရာများ၌ ရေအရည်များ ရှိကြောင်း သက်သေကမူ လိုအပ်နေဆဲဖြစ်သည်။
ယခုအခါ Zhurong ဂြိုဟ်ပေါ်သွားယာဉ်မှ ရှာဖွေတွေ့ရှိမှုသည် အဆိုပါ လစ်လပ်မှုကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Mars rover Zhurong finds evidence of water at red planet’s low latitudes

BEIJING, April 30 (Xinhua) — China’s Mars rover Zhurong has provided key observational evidence of liquid water at low Martian latitudes, the warmest regions on the red planet, according to a new study published in the journal Science Advances this week.
Previous studies found evidence of a large amount of liquid water on early Mars, but dramatic climate changes led to very low pressure and water vapor content, making it difficult for liquid water to exist sustainably on the present-day planet. Scientists believe that water can now only exist there in solid or gaseous forms.
However, droplets observed on the robotic arm of NASA’s Phoenix Mars lander prove that salty liquid water can appear in the summer at high latitudes on Mars. But evidence of liquid water at the planet’s low latitudes, where surface temperatures are highest, is still lacking.
Findings from the Zhurong rover now fill that gap.
Photo: Photo released on June 11, 2021 by the China National Space Administration (CNSA) shows a selfie of China’s first Mars rover Zhurong with the landing platform. (CNSA/Handout via Xinhua)