Connect with us

Videos

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းက အားလပ်ရက်အတွင်း တရုတ်ခရီးသွားများ မြင့်တက်လာခြင်းဖြင့် ပြန်လည် သက်ဝင် လှုပ်ရှား

ဘန်ကောက် ၊ မေ ၂ ရက်(ဆင်ဟွာ)

ဇန်နဝါရီလတွင် နွေဦးပွဲတော်အားလပ်ရက်ပြီးနောက် ပထမဆုံး ရက်ရှည်အားလပ်ရက်ဖြစ်သည့် မေဒေးအားလပ်ရက်အတွင်း ထိုင်းနိုင်ငံ၌ တရုတ်ခရီးသွားဧည့်သည်ဦးရေမှာ မြင့်တက်လာခဲ့ကြောင်း သိရသည်။တရုတ်ခရီးသွားအများအပြား ဝင်ရောက်လာခြင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာရေးအား စိတ်အားထက်သန်စွာ အသင့်စောင့်ကြိုနေသည့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအား မြှင့်တင်မှု ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်မှ ဧပြီ ၂၃ ရက်အထိ ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ၇၃၇,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အဆ ၃၀ တိုးလာခဲ့ကြောင်း ဘန်ကောက်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် Kasikorn သုတေသနစင်တာထံမှ သိရသည်။ (Xinhua)
——————————
Surge in Chinese tourists during holidays revitalizes Thailand’s tourism industry
Thailand is seeing a surge in the number of Chinese tourists during the May Day holiday, the first long holiday after the Spring Festival holiday in January.

The influx of Chinese tourists has provided a boost to Thailand’s tourism industry, which has been eagerly awaiting the return of international visitors.

From January 1 to April 23, over 737,000 Chinese tourists visited Thailand, marking a 30-fold increase from the same period last year, according to Bangkok-based think tank Kasikorn Research Center.

Xinhua News Agency correspondents reporting from Bangkok.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.