Connect with us

China

တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုက ၅ လတာအတွင်း ၁၂.၇ ရာခိုင်နှုန်း တိုးတက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် နာ့ရုန်းခရိုင်မှ ချင်းလုန်ခရိုင်သို့ ချိတ်ဆက်ထားသော အမြန်လမ်းရှိ ကျန့်ခဲ့မြစ်ကူး အထူးတံတားကြီးတည်ဆောက်မှု လုပ်ငန်းခွင်အား ၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ပထမ ၅ လတာ ကာလအတွင်း တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၂. ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ယင်းကာလတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏသည် ယွမ် ၁.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉၃.၇၅ ဘီလီယံခန့်) ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ကုန်းလမ်းဖောက်လုပ်တည်ဆောက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၃.၂ ရာခိုင်နှုန်း တိုးတက်လာရာ ယွမ် ၁.၁ ထရီလီယံ၊ ရေလမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၃၀.၃ ရာခိုင်နှုန်းတိုးတက်လာရာ ယွမ် ၇၃.၄ ဘီလီယံ ရှိခဲ့သည်။

မေလ တစ်လတည်းတွင်ပင် တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍ မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၀.၇ ရာခိုင်နှုန်း တိုးတတ်လာခဲ့ရာ ၃၃၇.၃ ဘီလီယံ အထိ ရှိခဲ့သည်။ ၎င်းတို့တွင် ကုန်းလမ်းနှင့်ရေလမ်း ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၉.၅ ရာခိုင်နှုန်းနှင့် ၃၁.၉ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ (Xinhua)

…………………………
(English Version)
China’s transport investment up 12.7 pct in January-May
BEIJING, July 3 (Xinhua) — Fixed-asset investment in China’s transport sector surged 12.7 percent year on year in the first five months of 2023, data from the Ministry of Transport shows.
Total fixed-asset investment in the sector stood at 1.4 trillion yuan (about 193.75 billion U.S. dollars) during the period, according to the ministry.
Specifically, road construction investment rose 13.2 percent year on year to 1.1 trillion yuan. Investment amounting to 73.4 billion yuan was channeled into waterway development, soaring 30.3 percent year on year.
In May alone, China’s transport fixed-asset investment climbed 10.7 percent year on year to 337.3 billion yuan, with road and waterway investment up 9.5 percent and 31.9 percent, respectively, from the same period last year. ■
This aerial photo taken on June 25, 2023 shows the construction site of Zangke River grand bridge on the expressway linking Nayong and Qinglong in southwest China’s Guizhou Province.