Connect with us

Asia

စင်ကာပူနိုင်ငံ သမ္မတအဖြစ် အဆင့်မြင့်ဝန်ကြီးဟောင်း Shanmugaratnam ရွေးကောက်ခံရ

စင်ကာပူနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ထောက်ခံသူများကို လက်ဝှေ့ယမ်းနှုတ်ဆက်နေသော Tharman Shanmugaratnam (လယ်) အား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ အဆင့်မြင့်ဝန်ကြီးဟောင်း သာမာ ရှန်မူဂါရတ်နန် (Tharman Shanmugaratnam) သည် စုစုပေါင်း မဲအရေအတွက် ၇၀.၄ ရာခိုင်နှုန်း ရရှိခဲ့ပြီးနောက် ၉ ဦးမြောက် သမ္မတအဖြစ် စက်တင်ဘာ ၁ ရက်က ရွေးကောက်ခြင်းခံခဲ့ရကြောင်း သိရသည်။
၎င်း၏ပြိုင်ဘက်များဖြစ်သော Ng Kok Song နှင့် Tan Kin Lian တို့ကမူ မဲအရေအတွက် ၁၅.၇၂ ရာခိုင်နှုန်းနှင့် ၁၃.၈၈ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ခံအရာရှိ Tan Meng Dui ၏ ကြေညာချက်အရ သိရသည်။

စင်ကာပူနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် စင်ကာပူနိုင်ငံသား ၂.၄၈ သန်းကျော် ဆန္ဒမဲပေးခဲ့ကြသည်။ (Xinhua)

………………………………
(English Version)
Former senior minister Shanmugaratnam elected Singaporean president
SINGAPORE, Sept. 2 (Xinhua) — Former senior minister Tharman Shanmugaratnam was elected as Singapore’s ninth president on Friday after garnering 70.4 percent of the total votes.
His rivals Ng Kok Song and Tan Kin Lian received 15.72 and 13.88 percent of the votes respectively, according to an announcement by Returning Officer Tan Meng Dui.
Over 2.48 million Singaporeans voted in the presidential election.
Photo: Tharman Shanmugaratnam (C) waves to supporters after winning Singaporean presidential election in Singapore, on Sept. 1, 2023. (Xinhua/Then Chih Wey)