Connect with us

Media

တရုတ်နိုင်ငံက တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို အောက်တိုဘာလတွင် ကျင်းပမည်

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပေကျင်းမြို့တွင် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဩဂုတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။

ကွန်ရက်ချိတ်ဆက်မှုက အဓိကဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) က နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းသစ်တစ်ခုအဖြစ် ပံ့ပိုးပေးရန်နှင့် BRI တွင် ပါဝင်သည့်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တွန်းအားသစ် ဖြည့်တင်းပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ဝမ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ဖိုရမ်သည် BRI ၁၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားအဖြစ်သာ ပြုလုပ်ခြင်းမဟုတ်ဘဲ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုအား အရည်အသွေးမြှင့်တင်ရန် စီစဉ်မှုအဖြစ် မိတ်ဖက်နိုင်ငံအားလုံးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုလည်းပဲ ဖြစ်ကြောင်း ဝမ်က ဆိုသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၃၀ ပြည့်နှစ်တွင် BRI သယ်ယူပို့ဆောင်မှု အခြေခံအဆောက်အအုံ အပြည့်အဝ အကောင်အထည်ပေါ်ပြီဆိုပါက ကမ္ဘာလုံးဆိုင်ရာ အမှန်တကယ်ဝင်ငွေသည် ၀.၇ ရာခိုင်နှုန်းမှ ၂.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် မျှော်မှန်းထားကာ လူဦးရေ ၇.၆ သန်းကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှလည်းကောင်း၊ လူဦးရေ ၃၂ သန်းကို အသင့်အတင့် ဆင်းရဲနွမ်းပါးမှုလည်းကောင်း ဆွဲတင်ပေးနိုင်မည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………..
(English Version)
China to host 3rd Belt and Road Forum for Int’l Cooperation in October

BEIJING, Aug. 31 (Xinhua) — China will host the third Belt and Road Forum for International Cooperation in Beijing in October, Chinese foreign ministry spokesperson Wang Wenbin said Thursday.
Wang told a daily news briefing that focusing on connectivity as the main theme, the Belt and Road Initiative (BRI) aims to provide a new platform for international economic cooperation and add fresh impetus to participating countries’ development and world economic growth.
Wang said the forum is not only the highlight in commemorative events to mark the BRI’s 10th anniversary, but also an important platform for all partners to plan high-quality Belt and Road cooperation.
According to the World Bank, by 2030, BRI transport infrastructure, if fully implemented, is expected to increase global real income by 0.7 percent to 2.9 percent, lifting 7.6 million people from extreme poverty and 32 million people from moderate poverty, Wang added.