Connect with us

Business

မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် MSMEs ကဏ္ဍအရှိန်မြှင့်ဆောင်ရွက်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လက်ကားဈေးတစ်ခုတွင် ရောင်းချနေသော သရက်သီးများကို ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) တိုးတက်ရေး အရှိန်မြှင့်တင်ရန် တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ ကြေးမုံတွင် ဖော်ပြချက်အရ သိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့စဉ် ကော်မတီ၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်တွင်းထုတ်ကုန်အားပေးရေး၊ သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်ရရှိရေး ဟူသော အချက်သုံးချက်ဖြင့် MSMEs အားပေးမြှင့်တင်ရေးအစီအစဉ်များ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ MSME ကဏ္ဍအကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ ဂျီဒီပီ (GDP) ပါဝင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းသာ ခန့်မှန်းပါဝင်လျက်ရှိနေသေးသဖြင့် GDP ပါဝင်မှုအချိုး တိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ကြိုးပမ်းဖော်ဆောင်ရမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်း MSME ကဏ္ဍကို အားဖြည့်ပေးနေသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ ၁၀၂ ခု၊ စက်မှုဇုန်၊ စက်မှုရပ်ကွက် ၃၃ ခု၊ အထူးစီးပွားရေးဇုန် ၃ ခု၊ ရေနက်ဆိပ်ကမ်း ၂ ခု လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်တွင် ပြုလုပ်သော အဆိုပါ MSME ကော်မတီ အစည်းအဝေးတွင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး (OROP) စီမံကိန်းလုပ်ငန်းနှင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
…………………….
(English Version)
Myanmar promotes MSMEs for economic development
YANGON, Oct. 11 (Xinhua) — Myanmar is actively working to accelerate the growth of micro, small, and medium enterprises (MSMEs) to drive the country’s economic development, the state-run daily The Mirror reported on Friday.
During a meeting of the MSME Development Work Committee on Thursday, the committee’s chairman Vice Senior General Soe Win, who is also Vice Chairman of Myanmar’s State Administration Council, said that MSMEs are being developed with the aim of encouraging local products, substituting imports, and enhancing export opportunities, the report said.
He also said that since Myanmar’s MSME sector currently contributes only an estimated 30 percent to the country’s gross domestic product (GDP), efforts must be intensified to increase this contribution and provide more employment opportunities, it said.
As of now, Myanmar has 102 state-owned factories and workshops, 47,119 private factories and workshops, 33 industrial wards, three special economic zones, and two deepwater ports that contribute to the MSME sector, the report said.
The MSME committee’s meeting in Nay Pyi Taw also discussed matters related to the One Region One Product (OROP) initiative and plans for exhibitions and competitions of MSME products, it added.
Photo: Mangoes are seen at a wholesale market in Yangon, Myanmar, June 23, 2023. (Photo by Myo Kyaw Soe/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.