Connect with us

Asia

SCO အဖွဲ့ဝင်နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအရ ပေါင်းစည်းမှုတို့ကို တိုးမြှင့်လျက်ရှိ

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၃ ကြိမ်မြောက် အစိုးရခေါင်းဆောင်များ ကောင်စီအစည်းအဝေး တက်ရောက်နေသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
မကြာမီက ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေး၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) နိုင်ငံများ၏ ခေါင်းဆောင်များက စီးပွားရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု စသည့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရန် တိုက်တွန်းခဲ့သည်။
ရှုပ်ထွေး၍ အပြောင်းအလဲမြန်သော နိုင်ငံတကာဝန်းကျင်၌ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့် အက်စတာနာ ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို တက်တက်ကြွကြွ အကောင်အထည်ဖော်ကာ စုပေါင်းညီညာမှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ဖြင့် နီးနီးကပ်ကပ် ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်ကြောင်း SCO အဖွဲ့ဝင်နိုင်ငံများ၏ ၂၃ ကြိမ်မြောက် အစိုးရခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ချိန်မှစ၍ SCO အနေဖြင့် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးအတွက် စိတ်ပိုင်းဖြတ်ထားကာ အဖွဲ့ဝင်နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအရ ပေါင်းစည်းမှုများကို အထောက်အကူပေးသည့် အခန်းကဏ္ဍမှာလည်း ပိုမိုမြင့်မားလာခဲ့သည်။
လုံခြုံရေးနှင့် တည်ငြိမ်ရေးကို တိုးမြှင့်ခြင်း
“မျက်မှောက်ကာလအထိ သက်ရောက်နေဆဲဖြစ်တဲ့ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးနှင့် အစွန်းရောက်ဝါဒ၊ မူးယစ်ကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေလို ခြိမ်းခြောက်မှုအမျိုးမျိုးကို တန်ပြန်ဖို့ အခြေခံကျတဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒတွေအပေါ် အခြေခံပြီး SCO ပဋိညာဉ်စာတမ်းကို ကနဦးကတည်းက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်” ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရလက်အောက်ရှိ Financial တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ အက်ဂျီနီယာ မက်ခ်မူတိုဗာက ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှုရှိရေး၊ ပြည်တွင်းရေးကိစ္စများတွင် ကြားဝင်စွက်ဖက်ခြင်းမပြုရေး စသည့် မူဝါဒများကို အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်အတွင်း SCO အနေဖြင့် ထိရောက်အကျိုးရှိသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများနှင့်အတူ ဒေသတွင်း လုံခြုံရေးအခြေအနေ တိုးတက်စေရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ယန္တရားမှတစ်ဆင့် ထောက်လှမ်းရေးသတင်း အချက်အလက် မျှဝေခြင်းနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ခဲ့သည့်အတွက် အကြမ်းဖက်မှုအား တိုက်ဖျက်ရာတွင် ပိုမိုထိရောက်သော ကြိုးပမ်းမှုရလဒ်များကို ရရှိခဲ့သည်။
လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော နောက်ထပ်ရှုထောင့်တစ်ခုမှာ ဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် အတွေ့အကြုံများနှင့် အကောင်းဆုံး အလေ့အထများကို ဖလှယ်ခြင်းပင်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများအကြား လေ့ကျင့်ရေးအစီအစဉ်များ၊ ဝန်ထမ်းအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးခြင်းတို့ ပါဝင်သည်။
စွမ်းအင်ဖူလုံရေးသည်လည်း SCO အဖွဲ့၏ လုပ်ငန်းစဉ်၌ အရေးပါသော အခန်းကဏ္ဍတွင်ရှိနေသည်။ မကြာသေးမီ နှစ်များအတွင်း SCO ၏ ကြိုးပမ်းအားထုတ်မှုများက စုပေါင်းစွမ်းအင်ဈေးကွက် ဖန်တီးရေးနှင့် စွမ်းအင်နယ်ပယ်၌ ပူးတွဲစီမံကိန်းများ ဖော်ဆောင်ရေးကို ရှေးရှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပထဝီဝင်နိုင်ငံရေး အကြောင်းရင်းများနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများ လွှမ်းခြုံပါဝင်လျက် ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေအောက်တွင် SCO အဖွဲ့အနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ဆိုက်ဘာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုအသစ်များအတွက် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ချိန်ညှိပြင်ဆင်ကာ ခေတ်သစ်ကာလ၏ ခြိမ်းခြောက်မှုများကို ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိစွာ ထိထိရောက်ရောက် တုံ့ပြန်နိုင်အောင် လုပ်ဆောင်ခဲ့သည်။
စီးပွားရေးအရ ပေါင်းစည်းမှုဆီသို့
ပြီးခဲ့သည့်နှစ်များအတွင်း SCO အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်ခြင်းနှင့် စီးပွားရေးအရ ပေါင်းစည်းမှုအား လွယ်ကူချောမွေ့အောင် လုပ်ဆောင်ရာတွင် အံ့မခန်း တိုးတက်မှုများကို ရရှိခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် အဖွဲ့အား စတင်တည်ထောင်ပြီးနောက်ပိုင်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ ယင်းသည် SCO ၏ ဩဇာကြီးထွားလာမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ဆက်နွှယ်မှုကို ထင်ဟပ်စေသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ဟောင်းလည်းဖြစ်၊ တတ်သိပညာရှင်အဖွဲ့ Institute of Strategic Studies Islamabad ၏ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သည့် ဆိုဟေး မာမွတ်က ဆိုသည်။
အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ပါကစ္စတန်အနေဖြင့် SCO ၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ယန္တရားကို တန်ဖိုးထားလျက်ရှိသည်။ အစ္စလာမ်မာဘတ်မြို့၌ ကျင်းပခဲ့သည့် SCO အစည်းအဝေးအား အကျိုးရှိရှိအသုံးချ၍ ပါကစ္စတန်နှင့် ဗဟိုအာရှ၊ တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် အရေးကြီးကြောင်း အပြည်ပြည်ဆိုင်ရာ အစ္စလာမ်မစ်တက္ကသိုလ် လူမှုရေးသိပ္ပံ မဟာဌာနမှ ပါမောက္ခ အမီနာမာဆွတ်က ပြောကြားခဲ့သည်။
စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက SCO အသိုက်အဝန်း၏ လူမှုစီးပွားဘဝ တိုးတက်မှုများကို များစွာအထောက်အကူပေးရုံသာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ယူရေးရှား ကုန်းမြေထု၏ ထက်ဝက်ကျော်ကို လွှမ်းခြုံထားသော အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် SCO အဖွဲ့အနေဖြင့် အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်မြင့်မားလာခြင်းကြောင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာသည့်အတွက် ကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများကို ထိန်းသိမ်းနိုင်ခဲ့သည်။
အထူးသဖြင့် တရုတ်-ဗဟိုအာရှ ဓာတ်ငွေ့ပိုက်လိုင်း၊ ကာဂျစ်စတန်နိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော North-South အဝေးပြေးလမ်းမသစ်၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ၊ တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံ၊ ယူရေးရှား သယ်ယူပို့ဆောင်ရေးစင်္ကြံ စသော ဒေသတွင်းရှိ အထင်ကရ စီမံကိန်းများက စီးပွားရေးအရ အပြန်အလှန်ဆက်ဆံမှုများကို များစွာလွယ်ကူချောမွေ့စေခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် စုစုပေါင်းလူဦးရေ များပြားသည့် SCO အဖွဲ့အနေဖြင့် ကြီးမားသော ဈေးကွက်အလားအလာကိုလည်း ကိုယ်စားပြုလျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံအားလုံး၏ စုပေါင်း စီးပွားရေးတိုးတက်မှုက ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝယ်လိုအားကို နှိုးဆွရာတွင် အထောက်အကူဖြစ်စေသည့်နည်းတူ အပြန်အလှန်အနေဖြင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ခိုင်မာအားကောင်းစွာ တိုးတက်စေရေးကိုလည်း မောင်းနှင်ပေးလျက်ရှိသည်။
ဩဇာလွှမ်းမိုးမှုနှင့် သက်ဝင်လှုပ်ရှားမှု မြင့်တက်လာ
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း SCO အနေဖြင့် သက်ဝင်လှုပ်ရှားမှုကို ထိန်းထားနိုင်ခဲ့ကာ အပြောင်းအလဲများနှင့် မငြိမ်သက်မှုများ ပြည့်နှက်နေသော နိုင်ငံတကာအခင်းအကျင်း၌ ဩဇာကြီးမားသော ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
စီးပွားရေးအရွယ်အစား၊ စစ်ရေးစွမ်းရည် သို့မဟုတ် နိုင်ငံတကာ၌ ဩဇာလွှမ်းမိုးမှု မည်သည့်အခြေအနေ၌ပင် ရှိစေကာမူ အဖွဲ့ဝင်နိုင်ငံအားလုံးတွင် တူညီသော သဘောထားတစ်ရပ်တည်း ဖြစ်စေရန် ရှန်ဟိုင်းစိတ်ဓာတ်က ပုံဖော်ပေးလျက်ရှိသည်။
“မျက်မှောက်ခေတ် ကမ္ဘာကြီးဟာ အနောက်ဗဟိုပြု နိုင်ငံတကာလုံခြုံရေးစနစ် ပြိုကွဲတဲ့အဆင့်ကို ကြုံတွေ့နေရပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတွေအနေနဲ့ တန်းတူရည်တူရှိတဲ့ အချုပ်အခြာအာဏာပိုင် ကမ္ဘာ့နိုင်ငံရေးပလေယာ (player) အဆင့်အတန်းကို ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းနေချိန်မှာ အနောက်အုပ်စုမပါဝင်တဲ့ အင်အားပေါင်းစည်းမှုအတွက် ပလက်ဖောင်းတစ်ခု ဖြစ်လာမယ့် SCO ရဲ့ အလားအလာဟာ သိသိသာသာ မြင့်မားလာပါတယ်” ဟု မက်ခ်မူတိုဗာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“အဲဒီအခင်းအကျင်းကို စိတ်ဝင်စားတဲ့နိုင်ငံတွေ များပြားလာခြင်းက အဲဒီအဆင့်အတန်းကိုရော အဖွဲ့အပေါ် အများယုံကြည်လက်ခံနိုင်စွမ်းကိုပါ မလွဲမသွေ မြင့်မားလာစေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
SCO အဖွဲ့၏ ဩဇာကြီးထွားလာသည်နှင့်အမျှ အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာလည်း ပိုမိုကျယ်ပြန့်လာသည့်အတွက် အဖွဲ့၏ သက်ဝင်လှုပ်ရှားမှုကို အားဖြည့်ပေးလျက်ရှိသည်။ လက်ရှိတွင် SCO အဖွဲ့၌ တရုတ်၊ အိန္ဒိယ၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘီလာရုစ်တို့ ပါဝင်ကာ လေ့လာသူအဖြစ် နိုင်ငံ ၂ နိုင်ငံ၊ ဆွေးနွေးဖက်အဖြစ် နိုင်ငံ ၁၄ နိုင်ငံရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ သက်တမ်းအတွက် SCO အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံက “SCO စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်” ဟူသော အဓိကခေါင်းစဉ်ကို အဆိုပြုခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အများပြည်သူကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးရေး၊ ရာသီဥတုပြောင်းလဲမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုကဏ္ဍမြှင့်တင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေး စသည့် ကျယ်ပြန့်သော နယ်ပယ်အသီးသီးတွင် ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အဆိုပါခေါင်းစဉ်အောက်မှ အားပေးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)


…………………….
(English Version)
SCO bolsters security cooperation, economic integration among members
BEIJING, Oct. 18 (Xinhua) — At the just-concluded meeting in Islamabad, Pakistan, government leaders from Shanghai Cooperation Organization (SCO) members called for deepening cooperation in a range of areas including economy and trade, security, connectivity, energy, finance and green development.
Participants to the 23rd Meeting of the Council of Heads of Government of Member States of the SCO agreed that in the face of a complex and volatile international environment, all parties need to actively implement the outcomes of the Astana Summit, work closely in solidarity and coordination.
Since its inception in 2001, the SCO has been committed to strengthening mutual trust, dialogue and cooperation, with its ever-increasing role in bolstering security cooperation and economic integration for its members.
ENHANCING SECURITY, STABILITY
“From the very beginning, the SCO Charter was signed based on the fundamental principle of cooperation in countering the types of threats that are still relevant today — terrorism, separatism and extremism, as well as drug trafficking, transnational crime and illegal migration,” said Evgenia Makhmutova, associate professor at the department of political science of the Financial University under the Government of the Russian Federation.
The member states work on the basis of a list of principles, among which are mutual respect for sovereignty, and non-interference in internal affairs, the scholar told Xinhua.
With effective multilateral cooperation and coordination, the SCO has been playing a positive role in improving security situation of the region over the past more than two decades.
Through its Regional Anti-Terrorist Structure, SCO member countries have been able to enhance intelligence sharing and operational coordination, hence more effective efforts in combating terrorism.
Another important aspect of security cooperation is the exchange of experience and best practices in law enforcement, which encompasses training programs, staff exchanges and technical assistance among member states.
Energy security also holds an important place on the SCO agenda. In recent years, efforts have been directed toward creating a unified energy market and developing joint projects in the energy field.
Under evolving circumstances featuring new geopolitical factors and technological advancements, the SCO is also adapting its activities to new challenges, such as protectionism, cybersecurity and climate change, making the organization more flexible and capable of effectively responding to modern-day threats.
TOWARD ECONOMIC INTEGRATION
Over the years, the SCO has made remarkable achievements in boosting trade and facilitating economic integration among member states.
Sohail Mahmood, former foreign secretary of Pakistan and director general of think tank the Institute of Strategic Studies Islamabad, said that trade among SCO members had grown significantly since its founding, reflecting the organization’s growing influence and global relevance.
As a member state, Pakistan values the SCO mechanism for securing economic cooperation. Amina Masood, professor of the faculty of social sciences of International Islamic University Islamabad, said it’s important to take advantage of the SCO meeting in Islamabad to increase the country’s trade and technical partnership with Central Asian and South Asian countries.
Economic cooperation has “not only greatly supported socio-economic development in the SCO community, but also contributed to regional and global economic growth and development,” the professor said.
The 10-member SCO, which covers over half of the Eurasian landmass, has maintained trade growth and closer economic interactions thanks to better connectivity provided by enhanced infrastructure.
In the region, landmark projects, notably the China-Central Asia Gas Pipeline, the Chinese-built new North-South highway in Kyrgyzstan, the China-Pakistan Economic Corridor, the China-Mongolia-Russia Economic Corridor and the Eurasian transport corridor, have greatly facilitated economic exchanges.
At the same time, with a large combined population, the SCO represents vast market potential. Collective economic development of all members helps fuel demand for goods and services, which in turn drives vigorous growth of the region’s economies.
GROWING INFLUENCE, VITALITY
Over the past two decades, the SCO has maintained its vitality and become an influential regional and international organization in an international landscape fraught with changes and turbulence.
The Shanghai Spirit ensures that every member state has an equal voice, regardless of economic scale, military potential, or international influence, setting an example of multilateral cooperation.
“As the world today is going through a phase of disintegration of the Western-centred system of international security, and the countries of the Global South are striving for the status of equal and sovereign world players, the potential for the SCO to become a platform for the integration of non-Western forces is noticeably expanding,” Makhmutova told Xinhua.
“The growing number of countries interested in this format undoubtedly enhances the status and credibility of the organization,” said the Russian scholar.
As its influence grows, the scope of cooperation for SCO, which currently groups China, India, Iran, Kazakhstan, Kyrgyzstan, Pakistan, Russia, Tajikistan, Uzbekistan and Belarus, with two observer countries and 14 dialogue partners, is also expanding, thereby adding more vitality to the organization.
China, the SCO rotating presidency for 2024-2025, has put forward a central theme of “SCO Year of Sustainable Development.”
Under this theme, closer cooperation will be fostered in a wide range of areas, such as poverty alleviation, food security, public health, development financing, climate change and green development, industrialization, digital economy and connectivity. Enditem
English Caption
Chinese Premier Li Qiang attends the 23rd Meeting of the Council of Heads of Government of Member States of the Shanghai Cooperation Organization (SCO) in Islamabad, Pakistan, Oct. 16, 2024. (Xinhua/Li Tao)