China
မြန်မာနိုင်ငံက နိုင်ငံတကာ အထည်အလိပ်နှင့် စက်ပစ္စည်းပြပွဲ ဒီဇင်ဘာလတွင် ကျင်းပမည်
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံတကာအထည်အလိပ်နှင့် စက်ပစ္စည်းပြပွဲအား ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက် နိုင်ငံပိုင်နေ့စဉ်သတင်းစာ Global New Light of Myanmar တွင် ဖော်ပြခဲ့သည်။
ယင်းပြပွဲအား မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း နှင့် Chinese Texitle & Garment Association in Myanmar (CTGA) တို့ပူးပေါင်းပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြပွဲတွင် တရုတ်ကုန်အမှတ်တံဆိပ် ၂၀ ကျော်က ၎င်းတို့၏ ထုတ်ကုန်များကို ပြခန်းပေါင်း ၁၂၀ ဖြင့် ပြသသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံက ပြခန်းပေါင်း ၄၀ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများ၊ အပ်ချုပ်စက်များ၊ အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသည့် စက်ပစ္စည်း အမျိုးမျိုး၊ ဖိနပ်နှင့်အိတ် အမျိုးမျိုးနှင့် Home Textile အစရှိသည့် ပစ္စည်းအမျိုးမျိုးကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သည့် ဗဟုသုတများရရှိနိုင်မည့် Panel Discussion များ၊ Made in Myanmar Product များကို ပြသမည့် Fashion Show များ၊ Costume Competition များ၊ စီးပွားရေးဆိုင်ရာအချက်အလက်များကို ဖလှယ်နိုင်မည့် Business Matching များလည်း ပြပွဲတွင် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Myanmar to hold international textile, machinery fair in December
YANGON, Nov. 6 (Xinhua) — Myanmar International Textile and Machinery Fair 2024 will take place in Yangon from Dec. 6 to Dec. 8, the state-run Global New Light of Myanmar reported on Wednesday.
The fair was co-organized by the Myanmar Garment Manufacturers Association and the Chinese Textile & Garment Association in Myanmar, with the aim of effectuating sustainable development of Myanmar garment businesses, the report said.
Over 20 Chinese brands will present their products in 120 booths, while Myanmar will participate in 40 booths, it added.
The event will feature garments and related goods, sewing machines, equipment, shoes, bags, and home textile products, the report said.
It will also include panel discussions, fashion shows to display made-in-Myanmar products, and costume and business matchings, it added. Enditem
Photo – People visit an exhibition booth during the 2023 Myanmar International Textile and Machinery Fair in Yangon, Myanmar, on Dec. 8, 2023. (Photo by Myo Kyaw Soe/Xinhua)