Connect with us

မြန်မာ-ENG

မြန်မာနိုင်ငံရှိ မူလတန်းကျောင်းသား/ကျောင်းသူများကို တရုတ်ဖောင်ဒေးရှင်းက အခမဲ့အာဟာရကျွေးမွေး

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) က အခမဲ့ကျေးမွေးသော နေ့လယ်စာ စားသုံးနေကြသည့် မူလတန်းကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကို ဇွန် ၃ ရက်တွင် စတင်လိုက်သည်နှင့်အမျှ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း (CFRD) သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ စာသင်ကျောင်း ၁၀ ကျောင်းက မူလတန်းကျောင်းသား/ကျောင်းသူများအား အခမဲ့အာဟာရများ ကျွေးမွေးလျက်ရှိသည်။
နေ့စဉ်လူမှုဘဝများနှင့် ပညာရေးအပေါ် ကောင်းမွန်‌သော အကျိုးကျေးဇူးများရှိသည့်အတွက် အခမဲ့ အာဟာရကျွေးမွေးရေးစီမံကိန်း အလှူရှင်များကို ကျေးဇူးတင်ကြောင်း ကျောင်းသား/ကျောင်းသူများနှင့် မိဘများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) က အခမဲ့ကျေးမွေးသော နေ့လယ်စာ ပြင်ဆင်ပေးနေသော ဝန်ထမ်းများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) က အခမဲ့ကျေးမွေးသော နေ့လယ်စာ စားသုံးရန် ပြင်ဆင်နေသော မူလတန်းကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်ရှိ အမှတ် (၄၂) ၊ အခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက်နေသော တတိယတန်းကျောင်းသူ မသွန်းဝတီထက်က “သမီးတို့ ဒီနေ့ (ဇွန် ၆ ရက်) နေ့လယ်စာကို ကြက်သားနဲ့စားခဲ့တယ်။ ကြက်သားရော၊ ဝက်သားရောကြိုက်တယ်။ အရမ်းလည်းပျော်တယ်။ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သမီးကြီးလာတဲ့အခါကျရင် ကျောင်းဆရာမဖြစ်ချင်တယ်” ဟု ပြောခဲ့သည်။
နောက်ထပ် တတိယတန်းကျောင်းသားဖြစ်သော အသက် ၁၀ နှစ်အရွယ် မောင်ခန့်မှူးကိုကိုက “အစားအစာတွေ လှူဒါန်းပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အခက်အခဲတွေရှိနေတဲ့ သားတို့လိုကျောင်းသားတွေအတွက် ဒီနေ့လယ်စာတွေက အရမ်းကောင်းပါတယ်။ စားလို့လည်းအရမ်းကောင်းတယ်” ဟု ပြောသည်။

CFRD ၏ အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program) စီမံကိန်းမန်နေဂျာ ကိုရွှေဝါထွန်းက စာသင်နှစ် တစ်နှစ်လုံးအတွက် ရန်ကုန်ရှိ အခြေခံပညာကျောင်း ၁၀ ကျောင်းက ကျောင်းသား/ကျောင်းသူ ဦးရေ ၅,၀၀၀ ကျော်ကို နေ့လယ်စာအခမဲ့ ကျွေးမွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
“ကျောင်းသားကျောင်းသူတွေ အာဟာရပြည့်ဝစွာရရှိရမယ်၊ ကလေးမိဘတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရမယ်။ ပြီးတော့ ကလေးတွေရဲ့ ပညာသင်ယူမှု တိုးတက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအစီအစဉ်ကို ပြုလုပ်တာဖြစ်ပါတယ်” ဟု ၎င်းက စီမံကိန်း၏ ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) က အခမဲ့ကျေးမွေးသော နေ့လယ်စာ စားသုံးနေကြသည့် မူလတန်းကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) က အခမဲ့ကျေးမွေးသော နေ့လယ်စာ စားသုံးနေကြသည့် မူလတန်းကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့က သက်ဆိုင်ရာမြို့နယ်တွေက ပညာရေးမှူးရုံးတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး လုပ်တာပါ။ ကလေးတွေကို မနက်စာဆိုရင် ရိုးရာမုန့်လေးတွေကျွေးပြီးတော့ နေ့လယ်စာကတော့ အဓိက ထမင်းကိုပဲ အသားဟင်းတစ်မျိုးနဲ့ အသီးအရွက်တစ်မျိုး ကျွေးမွေးပါတယ်” ဟု ကိုရွှေဝါထွန်းက ဖြည့်စွက်ပြောခဲ့သည်။
အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်းသည် လှိုင်သာယာမြို့နယ်ရှိ စာသင်ကျောင်း ၁၀ ကျောင်းမှ မူလတန်းကျောင်းသား/ကျောင်းသူများအားလုံးကို လွှမ်းခြုံထားမည်ဖြစ်ကာ နောက်ထပ် ပညာသင်နှစ်သုံးနှစ်အထိ ဆက်လက်ပံ့ပိုးရန် သတ်မှတ်ထားကြောင်း သိရသည်။အဆိုပါ စီမံကိန်းအတွက် ကျောင်းသား/ကျောင်းသူများသာမက မိဘများကလည်းပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ကြသလို စီမံကိန်းဖြစ်မြောက်ရေး လှူဒါန်းသူများကိုလည်း ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ဒုတိယတန်းကျောင်းသူ၏ မိခင် အသက် ၄၉ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်းက “ကျွန်မတော့ အရမ်းပျော်ပါတယ်။ ကျွန်မတို့က ပုံမှန်ထမင်းဘူး မထည့်ပေးနိုင်ဘူး။ တစ်ခါတလေ ထမင်းမစားရတဲ့အခါလည်းရှိတယ်။ အခုဆိုရင် ကျွန်မ သမီးအတွက် ထမင်းဘူးကို စိတ်မပူရတော့ဘူးပေါ့။ အလှူရှင်တွေလည်း ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) က အခမဲ့ကျေးမွေးသော နေ့လယ်စာ စားသုံးရန် ပြင်ဆင်နေသော မူလတန်းကျောင်းသား/ကျောင်းသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နောက်ထပ် မိခင်တစ်ဦးဖြစ်သော ဒေါ်ခင်သီတာလှိုင်ကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ၎င်းတို့အတွက် အခက်အခဲရှိကြောင်း၊ ၎င်းတွင် ကလေးနှစ်ဦးရှိကြောင်း၊ ယခုကဲ့သို့ ကလေးများအား အာဟာရလှူဒါန်းသူများကို ကျေးဇူးတင်ရှိကြောင်းနှင့် ပိုမိုလှူဒါန်းနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း၊ အချို့မိဘများအတွက်မူ ကလေးများအား ကျောင်းထမင်းဘူးပြင်ဆင်ထည့်ပေးရန် ခက်ခဲလျက်ရှိကြောင်း ဆင်ဟွာကို ပြောပြခဲ့သည်။
ထို့ပြင် ပဉ္စမတန်းကျောင်းသားတစ်ဦး၏ အဘွားဖြစ်သော အသက် ၇၀ နှစ်အရွယ် ဒေါ်ခင်ဋ္ဌေးရီက “ကျွန်မ အရမ်းပျော်ပါတယ်။ မြေးလေးက ၅ တန်းတက်နေပါတယ်။ မိဘမရှိတဲ့ မိသားစုတွေအတွက် ကလေးတွေကို ထမင်းဘူးထည့်ပေးဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ အလှူရှင်တွေ စီးပွားရေးတိုးတက်ပြီး ဘုန်းကြီးအသက်ရှည်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောခဲ့သည်။

ကျောင်းသား/ကျောင်းသူ ၆၀၀ ခန့် တက်ရောက်ပညာသင်ကြားနေသောကျောင်း၏ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားများအတွက် အခမဲ့ အာဟာရကျွေးမွေးရေးသည့် အလှူရှင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“အခမဲ့ နေ့လယ်စာကျွေးမွေးတဲ့အစီအစဉ်က ကျောင်းတက်ရောက်မှုနဲ့ သင်ယူလေ့လာမှုနှုန်းကို အများကြီး တိုးတက်စေတယ်” ဟု ၎င်း၏အမြင်ကို ပြောခဲ့သည်။

ယခုဆိုလျှင် ၎င်း၏ နွမ်းပါးသောကျောင်းသား/ကျောင်းသူများအနေဖြင့် အာဟာရအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ပညာသင်ကြားနိုင်မည်ဖြစ်ကာ ကလေးများက နိုင်ငံအနာဂတ်အတွက် တောက်ပသောကြယ်ပွင့်လေးများဖြစ်ကြောင်း အဆိုပါ ဆရာမကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Chinese foundation donates free meals to primary school students in Myanmar
YANGON, June 10 (Xinhua) — As Myanmar’s 2024-25 academic year begins on June 3, the China Foundation for Rural Development (CFRD) is providing free meals to primary school students across 10 schools in Hlaingtharya Township of Yangon Region.
Students and parents expressed gratitude to the donors for the free meals program, highlighting the positive impact on their daily lives and education.
Thoon Wati Htet, a third-grade student at Basic Education Primary School (42) in Hlaingtharya Township, had lunch provided by the CFRD on Thursday. “Today, we had chicken curry for lunch. I enjoy both chicken and pork curries. I feel happy and grateful to the donors. When I grow up, I want to become a school teacher,” she said happily while enjoying her meal.
Khant Hmu Ko Ko, 10, another third-grader from the same school, also shared on Thursday, “I feel thankful to the people who donated the food. These meals are great for students like us who are facing some challenges. And they taste delicious too.”
Ko Shwe War Tun, project manager of the CFRD’s Smiling Children Program, the free meal program for the students, said they provide free lunch to over 5,000 primary school students from 10 basic education schools in Yangon for the whole academic year.
“The purpose of the program is to provide good nutrition to students, create job opportunities, and improve students’ learning capacity,” he said.
“We work in cooperation with respective township education offices. We provide breakfast with traditional snacks and lunch with one type of curry and a vegetable,” he added.
The program will cover all the primary school students from 10 schools in Hlaingtharya Township and is slated to continue for the next three academic years, he said.
Not only the students but also their parents are happy and grateful to the donors for the student nutrition program.
“I’m very happy. Sometimes, we don’t have regular meals and have to skip some. Now, I don’t need to prepare a lunch box for my daughter. I also wish the donors happiness and health. My daughter is my youngest of five children,” said Daw Nwe Nwe Win, 49, a mother of a second-grader from the school.
Another parent, Khin Thida Hlaing, told Xinhua that it is a tough time for them because of rising commodity prices. “I’m grateful to the donors and wish them prosperity and more donation. I have two children. Some parents here find it hard to prepare lunch boxes.”
Daw Khin Htay Yee, 70, a grandmother of a fifth grader, said, “I’m very happy. My grandchild is in grade five. Especially for families without a father or mother, it is difficult to prepare lunch for the students. I wish the donors success and a long life.”
The headmistress of the school, with 600 students, also thanked the donors for the free meals for her students. “Because of the free lunch program, school attendance and learning rates have improved a lot,” she said.
“Now, my poor students can learn without worrying about their meals. I’m very happy for them. They are the bright stars of our nation’s future,” she added.
Photo 1-6: Primary school students prepare to have free meals provided by the China Foundation for Rural Development (CFRD) in Yangon, Myanmar, June 6, 2024. (Photo by Myo Kyaw Soe/Xinhua)
Photo 2: Staff members dispense free meals provided by the China Foundation for Rural Development (CFRD) for primary school students in Yangon, Myanmar, June 6, 2024. (Photo by Myo Kyaw Soe/Xinhua)
Photo 3, 4, 5: Primary school students prepare to have free meals provided by the China Foundation for Rural Development (CFRD) in Yangon, Myanmar, June 6, 2024. (Photo by Myo Kyaw Soe/Xinhua)