Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် လူ ၃၀ သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ရှိ အဆောက်အအုံတစ်ခုအတွင်း နေထိုင်သူများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အာဖရိကတွင် လူဦးရေအထူထပ်ဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူ ၃၀ ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကျန်းမာရေး အာဏာပိုင်များက ဇွန် ၁၃ ရက်တွင် ပြောကြားသည်။
ဇန်နဝါရီလမှစကာ ပြည်နယ် ၃၀ ရှိ ဒေသန္တရအုပ်ချုပ်ရေးဒေသ ၉၆ ခုအတွင်း ကာလဝမ်းရောဂါဖြစ်ပွားသည်ဟု သံသယရှိသူ ၁,၁၄၁ ဦးအနက် အတည်ပြုလူနာ ၆၅ ဦးရှိကြောင်း နိုင်ဂျီးရီးယား ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (အင်န်စီဒီစီ)က ထုတ်ပြန်ထားသည်။
နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်နယ် ၃၆ ခုအနက် ပြည်နယ် ၁၀ ခုတွင် ကာလဝမ်းရောဂါဖြစ်ပွားသည်ဟု သံသယရှိသူ စုစုပေါင်းအရေအတွက်မှာ ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ အနောက်တောင်ပိုင်းပြည်နယ်လာဂို့စ်၌ လွန်ခဲ့သည့်သုံးရက်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသဖြင့် ငါးဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီကာ ဆေးရုံတက်ရောက် ကုသလျက်ရှိကြောင်း အင်န်စီဒီစီက ပြောကြားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ အထူးသဖြင့် လူဦးရေထူထပ်သော ဒေသများတွင် သောက်သုံးရေလုံလောက်စွာမရှိခြင်းကြောင့် ကာလဝမ်းရောဂါ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းသိရသည်။ (Xinhua)
…………………………………….
(English Version)
Cholera outbreak kills 30 in Nigeria
ABUJA, June 13 (Xinhua) — At least 30 deaths have been reported so far this year in the cholera outbreak in Nigeria, Africa’s most populous country, public health authorities said Thursday.
A total of 65 confirmed cases out of 1,141 suspected cases of cholera have been reported across 96 local government areas in 30 states from the onset in January, the Nigeria Center for Disease Control and Prevention (NCDC) said in a statement, issuing an alert to the public on the increasing trend of cases as the rainy season intensifies.
Ten out of Nigeria’s 36 states have so far contributed 90 percent of the total number of suspected cases, the NCDC said, noting the southwestern state of Lagos had reported at least five deaths and dozens hospitalized in the past three days.
The cholera outbreak is frequently reported in Nigeria due to the lack of potable water supply, especially in densely populated areas. ■
People are seen from a building in Lagos, Nigeria, Feb. 28, 2024. (Xinhua/Han Xu)