Connect with us

China

တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်မူဝါဒကို နေရာများစွာ၌ ထပ်မံတိုးချဲ့

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Liangma မြစ်တစ်လျှောက် ယဉ်ကျေးမှုအစီအစဉ်တွင် လာရောက်လေ့လာနေသော နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၁၄၄ နာရီကြာ ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒကို နောက်ထပ် ပြည်ဝင်ခွင့်နေရာ သုံးခု ထပ်မံတိုးချဲ့လိုက်ရာ ယခုအခါ အဆိုပါမူဝါဒ လွှမ်းခြုံမှုရှိသော ပြည်ဝင်ခွင့်နေရာ ၃၇ ခုအထိ ရှိလာပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (NIA) က ဇူလိုင် ၁၅ ရက်၌ ကြေညာခဲ့သည်။
ထိုသို့ တိုးချဲ့လိုက်သောနေရာသုံးခုမှာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျိန့်ကျိုး ရှီးဇန့် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ လီကျန်းဆန်းရီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ယူနန်ပြည်နယ် မိုဟန်ဘူတာတို့ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဗီဇာကင်းလွတ်ခွင့်နှင့် ကိုက်ညီမှုရှိသော နိုင်ငံခြားသားများအနေဖြင့် ဇူလိုင် ၁၅ ရက်မှစ၍ ကျိန့်ကျိုး လေဆိပ်မှတစ်ဆင့် ဝင်ရောက်လာနိုင်ပြီး ဟဲနန်ပြည်နယ်အတွင်း အကန့်အသတ်ဖြင့် နေထိုင်နိုင်သည်။ ထို့ပြင် ယူနန်ပြည်နယ်တွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာသူများကလည်း ယင်းပြည်နယ်ရှိနေရာများစွာ၌ နေထိုင်ခွင့်ပြုကြောင်း၊ ယခင်က ကူမင်းမြို့တွင်သာ နေထိုင်နိုင်သော ၎င်းတို့အနေဖြင့် ကူမင်း၊ လီကျန်း၊ တာ့လီနှင့် ရှစ်ဆောင်ပဏ္ဏား အပါအဝင် မြို့ သို့မဟုတ် ပြည်နယ်အဆင့်ဒေသများ ၉ ခုတွင် လည်ပတ်နိုင်ပြီဖြစ်ကြောင်း NIA ထံမှ သိရသည်။
လက်ရှိတွင် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန် အပါအဝင် နိုင်ငံ ၅၄ နိုင်ငံမှ နိုင်ငံခြားသားများအနေဖြင့် ခရီးသွားနှင့် စီးပွားရေးခရီးစဉ် စသည့် ကာလတိုအစီအစဉ် ရည်ရွယ်ထားသူများအနေဖြင့် ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China expands visa-free transit policy to more ports
BEIJING, July 15 (Xinhua) — China’s National Immigration Administration (NIA) announced on Monday that the country’s 144-hour visa-free transit policy has been expanded to three more entry ports, taking the number of ports covered by the policy to 37.
The three new ports are Zhengzhou Xinzheng International Airport in central China’s Henan Province, Lijiang Sanyi International Airport in southwest China’s Yunnan Province, and the Mohan railway port in Yunnan, the administration said in a statement.
Starting from Monday, eligible foreign nationals can enter China through Zhengzhou aviation port visa-free, with the stay limited within Henan Province. Also, people entering Yunnan visa-free are allowed to stay in more areas of the province. Previously, they could only stay in Kunming whereas now, they can visit nine city or prefecture-level areas including Kunming, Lijiang, Dali and Xishuangbanna, according to the NIA.
At present, foreign nationals from 54 countries such as the United States, Canada, and Britain are eligible for the 144-hour visa-free policy for purpose of short-term activities such as travel and business visits.
Photo: Foreign tourists visit a cultural event along the Liangma River in Beijing, capital of China, March 16, 2024. (Xinhua/Ju Huanzong)