Connect with us

International Organizations

အစ္စရေးအနေဖြင့် ဂါဇာဒေသတွင် လူသားချင်းစာနာမှုတာဝန်ဝတ္တရားများ ဖြည့်ဆည်းဆောင်ရွက်ရန် တရုတ်နိုင်ငံတိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်းအရေး အပါအဝင် အရှေ့အလယ်ပိုင်းအခြေအနေဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအ‌ဝေးကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ရန်၊ ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီများ လျင်မြန် ဘေးကင်းစွာဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုကို ဂရုပြုရန် တရုတ်နိုင်ငံက ဇူလိုင် ၂ ရက်၌ ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဆိုးဝါးနေကြောင်း၊ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်ကာ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေကြောင်း၊ သန်းပေါင်းများစွာသော ပြည်သူများက ဆာလောင်မှု၊ ရောဂါ၊ နာကျင်မှုနှင့် မျှော်လင့်ချက်ပျက်သုဉ်းမှုများနှင့် ရုန်းကန်နေကြရကြောင်း ပါလက်စတိုင်းအရေး အပါအဝင် အရှေ့အလယ်ပိုင်းအခြေအနေဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအ‌ဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖူချုံးက မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China urges Israel to fulfill humanitarian obligations in Gaza
UNITED NATIONS, July 2 (Xinhua) — China on Tuesday called on Israel to fulfill its obligations under international humanitarian law and heed the international community’s call to ensure the rapid and safe entry of humanitarian supplies into Gaza.
In remarks at the UN Security Council briefing on the situation in the Middle East, including the Palestinian question, China’s permanent representative to the United Nations Fu Cong highlighted the severe humanitarian crisis in Gaza, exacerbated by extreme shortages of essential supplies and dire health conditions. He noted that “millions of people are struggling with hunger, disease, pain, and despair”.
Photo: A UN Security Council briefing on the situation in the Middle East, including the Palestinian question, is held at the UN headquarters in New York, on July 2, 2024. (Xinhua/Xie E)