Connect with us

China

တရုတ်နိုင်ငံရှိ သစ်တောကြိုးဝိုင်းရှိ မျိုးသုဉ်းလုနီးပါး မီလူသမင်အကောင်ရေ ၈,၀၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ရန်ချိန်မြို့ရှိ တာဖုန်း မီလူ အမျိုးသားသဘာဝသစ်တောကြိုးဝိုင်းတွင် မီလူသမင်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ အမျိုးသားသစ်တောကြိုးဝိုင်းတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးမျိုးစိတ်ဖြစ်သော Pere David’s သမင်ဟု လူသိများသည့် မီလူ (milu) သမင်များ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ ပထမဆုံးအကြိမ်အဖြစ် ယင်းသမင် အ‌ကောင်ရေ ၈,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ တာဖုန်း မီလူ အမျိုးသားသစ်တောကြိုးဝိုင်း၌ ယခုနှစ်အတွင်း ဇွန်လ သားပေါက်ရာသီကုန်ဆုံးပြီးနောက် သမင်သားပေါက် ၈၂၅ ကောင် ပေါက်ဖွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သစ်တောအာဏာပိုင်များထံမှ သိရသည်။
ထိုသစ်တောကြိုးဝိုင်းတွင် အဆိုပါ သမင်အမျိုးအစား အကောင်ရေ ကောင်းမွန် တည်ငြိမ်တိုးပွားမှုကို ဆက်လက်ထိန်းသိမ်းလျက်ရှိရာ ယမန်နှစ်က အကောင်ရေ ၇,၈၄၀ ရှိရာမှ ယခုအခါ ၈,၂၁၆ ‌ကောင် ရှိလာခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/UUm
……………………………………..
(English Version)
Endangered milu deer thrive in China reserve as population tops 8,000
NANJING, July 4 (Xinhua) — The population of milu, commonly known as Pere David’s deer, has exceeded 8,000 for the first time in a national reserve in China dedicated to protecting this endangered species.
The Dafeng Milu National Nature Reserve in eastern Jiangsu Province welcomed 825 newborns this year after the calving season ended in June, according to the provincial forestry authorities.
The population of this endangered deer species has maintained healthy and steady growth in the reserve, increasing from 7,840 last year to 8,216 now.
Photo: Milu are seen at Dafeng Milu National Nature Reserve in Yancheng, east China’s Jiangsu Province, June 11, 2020. (Xinhua/Li Bo)