Connect with us

Africa & Middle East

ကုလသမဂ္ဂက နိုင်ငံပေါင်း ၁၀ နိုင်ငံအတွက် အရေးပေါ်ကူညီရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွဲဝေချထား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတင်းမီဒီယာများအား ရှင်းလင်းပြောကြားနေပုံကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အာဖရိက၊ အမေရိက (မြောက်အမေရိက၊ ဗဟိုအမေရိက၊ တောင်အမေရိက)၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့ရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ အပူတပြင်း ရန်ပုံငွေလိုအပ်ချက်အတွက် ကုလသမဂ္ဂက ဩဂုတ် ၃၀ ရက်တွင် အရေးပေါ်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချထားပေးခဲ့ကြောင်း သိရသည်။ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၏ ယာယီ under-secretary-general ဂျွိုက်စ်ဆူယာက ဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ (CERF) ထဲမှ အဆိုပါ ရန်ပုံငွေအား တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း UNOCHA က ထုတ်ပြန်ခဲ့သည်။

UNOCHA က စီမံခန့်ခွဲနေသော CERF ရန်ပုံငွေထဲမှ ထပ်တိုးရန်ပုံငွေ၏ သုံးပုံတစ်ပုံကျော်အား ယီမင်နှင့် အီသီယိုပီးယားနိုင်ငံများ၌ အကူအညီပေးရေး အစီအစဉ်များအား ထောက်ပံ့မည်ဖြစ်ကာ ယီမင်နိုင်ငံက အရေးပေါ်ရန်ပုံငွေ ဒေါ်လာ သန်း ၂၀၊ အီသီယိုပီးယားနိုင်ငံက ဒေါ်လာ ၁၅ သန်း ရရှိမည်ဖြစ်သည်။ အဆိုပါနှစ်နိုင်ငံလုံးမှ ပြည်သူများသည် ငတ်မွတ်မှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ ရောဂါဘယနှင့် သဘာဝဘေးအန္တရာယ်တို့ကို စုပြုံခံစားနေရခြင်းကြောင့် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ထပ်တိုးရန်ပုံငွေ ချထားပေးတဲ့ အစီအစဉ်ဟာ ပဋိပက္ခနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရပြီး ရာသီဥတုဒဏ်နဲ့ ဖိစီးမှုတွေကြောင့် အခြေအနေပိုဆိုးရွားလာတဲ့ အဲဒီနိုင်ငံတွေရဲ့ လူသားချင်းစာနာမှု လုပ်ငန်းစဉ်တွေကိုလည်း ထောက်ပံ့သွားမှာဖြစ်တယ်” ဟု အဆိုပါရုံးက ထုတ်ပြန်ခဲ့သည်။

အခြားနိုင်ငံများထဲတွင် မြန်မာနိုင်ငံက ဒေါ်လာ ၁၂ သန်း၊ မာလီနိုင်ငံက ဒေါ်လာ ၁၁ သန်း၊ ဘာကီနာဖာဆိုက ဒေါ်လာ ၁၀ သန်း၊ ဟေတီနိုင်ငံက ဒေါ်လာ ၉ သန်း၊ ကင်မရွန်းနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့က ဒေါ်လာ ၇ သန်းစီ အသီးသီးရရှိမည်ဟုလည်း UNOCHA က ထုတ်ပြန်ခဲ့သည်။

ထို့အတူ အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်သည့် မိုးခေါင်မှုနှင့် ရေလွှမ်းမိုးမှုများကို တုံ့ပြန်နေရသည့် ဘူရွန်ဒီနိုင်ငံနှင့် မာလာဝီ နိုင်ငံတို့ကိုလည်း ထည့်သွင်းထားကာ ဘူရွန်ဒီနိုင်ငံက ဒေါ်လာ ၅ သန်း၊ မာလာဝီနိုင်ငံက ဒေါ်လာ ၄ သန်း လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ခွဲဝေချထားပေးသည့် ရန်ပုံငွေ တစ်စိတ်တစ်ပိုင်းကို CERF ၏ Climate Action Account က ပံ့ပိုးထားသည့် ရာသီဥတုနှင့် လျော်ညီသော လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်အား အထောက်အကူပေးမည်ဖြစ်သဖြင့် ရာသီဥတု ပြောင်းလဲမှုက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ၏ အဓိကအကြောင်းရင်း ဖြစ်နေသည်ကို အသိအမှတ်ပြုလိုက်ခြင်းလည်းဖြစ်သည်။

ဩဂုတ် ၃၀ ရက်တွင် ခွဲဝေပေးခဲ့သည့် ရန်ပုံငွေ ဒေါ်လာ သန်း ၁၀၀ မှာ ယခုနှစ်အတွင်း ရန်ပုံငွေမလောက်ငှသည့် အရေးပေါ်အခြေအနေများအတွက် CERF ၏ ဒုတိယအကြိမ် ရန်ပုံငွေချထားမှုဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း ချက်ဒ်၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဟွန်ဒူးရက်စ်၊ လက်ဘနွန်၊ နိုင်ဂျာ၊ ဆူဒန်နှင့် ဆီးရီးယား အပါအဝင် နိုင်ငံ ၇ နိုင်ငံအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၁၀၀ ချထားပေးခဲ့သည်။

“ရန်ပုံငွေနည်းပါးနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေအတွက် ဒီနှစ်ထဲမှာ ချထားပေးခဲ့တဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ အနည်းဆုံးပမာဏဖြစ်တာမို့ လူသားချင်းစာနာမှု လိုအပ်ချက်တွေနဲ့ CERF အတွက် လက်ခံရရှိနေတဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေအကြား ကွာဟချက်ပိုများလာတာကို မီးမောင်းထိုးပြနေတယ်” ဟု UNOCHA က ဆိုသည်။ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကြောင့် ထိခိုက်လွယ်မှု အများဆုံးဖြစ်နိုင်သူ ၁၈၇ သန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၄၉ ဘီလီယံ တောင်းခံထားသော်လည်း ထိုပမာဏ၏ ၂၉ ရာခိုင်နှုန်းကိုသာ လက်ခံရရှိထားပြီး ဒေါ်လာ ၃၅ ဘီလီယံ ကွာဟလျက်ရှိကြောင်း သိရသည်။ (Xinhua)
———————————
(English Version)
UN releases 100 mln USD in emergency aid funds for 10 countries
UNITED NATIONS, Aug. 30 (Xinhua) — The United Nations on Friday released 100 million U.S. dollars for critical underfunding of emergencies across 10 countries in Africa, the Americas, Asia and the Middle East, UN humanitarians said.
The UN Office for the Coordination of Humanitarian Affairs (OCHA) said the money was authorized from the Central Emergency Response Fund (CERF) by Joyce Msuya, the acting under-secretary-general for humanitarian affairs and emergency relief coordinator.
The office said more than one-third of the new funding from CERF, managed by OCHA, will support aid operations in Yemen and Ethiopia. Yemen emergencies will get 20 million dollars and Ethiopia 15 million dollars because people are grappling with the combined impact of hunger, displacement, diseases and climate disasters in both countries.
“The new funding package will also support humanitarian operations in countries beset by years of conflict and displacement, exacerbated by climate shocks and stresses,” the office said.
OCHA listed the other countries as Myanmar, getting 12 million dollars; Mali, 11 million dollars; Burkina Faso, 10 million dollars; Haiti, 9 million dollars; Cameroon and Mozambique each will get 7 million dollars.
The office also said two countries responding to El Nino-induced drought and flooding are included. Burundi will receive 5 million dollars, and Malawi 4 million dollars. Part of this allocation will promote climate-smart humanitarian action supported by CERF’s Climate Action Account, recognizing climate change as a critical driver of humanitarian needs.
OCHA said the 100 million dollars released on Friday is CERF’s second allocation for underfunded emergencies this year, following the release of 100 million dollars in February for seven countries — Chad, the Democratic Republic of the Congo, Honduras, Lebanon, Niger, Sudan and Syria.
“The combined 200 million U.S. dollars released this year for poorly funded humanitarian crises is the lowest amount in the last three years, underscoring the growing gap between humanitarian needs and the donor funding CERF receives to meet them,” OCHA said.
The humanitarians said 49 billion dollars is being sought to reach 187 million of the most vulnerable people in crises worldwide. However, only 29 percent of the funding has been received, leaving a 35 billion dollars gap. Enditem
English Caption
United Nations (UN) Secretary-General Antonio Guterres speaks to the press at the UN headquarters in New York, March 14, 2022. (Xinhua/Xie E)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.