Connect with us

Sino-Myanmar

တရုတ်ပညာသင်ဆုများက မြန်မာကျောင်းသားများအတွက် ပညာသင်ယူမှုနယ်ပယ်ပိုမိုကျယ်ပြန့်စေရန် အင်အားဖြစ်စေ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် CITIC Star ပညာသင်ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ပညာသင်ဆုရ ကျောင်းသားတစ်ဦးကို ပညာသင်ဆု ပေးအပ်ချီးမြှင့်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
စိတ်လှုပ်ရှားနေသောမျက်နှာနှင့် မျှော်လင့်ချက်များ တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများသည် တရုတ်အဖွဲ့အစည်းများမှ ပေးအပ်သော ပညာသင်ဆုများ လက်ခံရယူရန် ရန်ကုန်မြို့ရှိ အခမ်းအနားကျင်းပရာခန်းမအတွင်း စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့က ပူးပေါင်း၍ မြန်မာနိုင်ငံ ‌ရေကြောင်းပညာတက္ကသိုလ် (MMU) နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှ ကျောင်းသား/ကျောင်းသူ ၂၄၀ ကို ပညာသင်ဆုများနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် တရုတ်ဘာသာအဓိက တတိယနှစ်ကျောင်းသားအဖြစ် ပညာသင်ကြားနေသော အသက် ၂၁ နှစ်အရွယ် မောင်ချမ်းမြေ့သည် ရန်ကုန်၌ နေထိုင်သူဖြစ်ကာ မိသားစုတွင် အကြီးဆုံးသားဖြစ်သည်။
“ကျွန်တော့်မှာ အသက် တစ်နှစ်အရွယ် ညီမလေးရှိပါတယ်။ ဒီပညာသင်ဆုရရှိတဲ့အတွက် ပြောမပြတတ်အောင်ဝမ်းသာပီတိဖြစ်မိပါတယ်။ ပညာသင်ဆုပေးတဲ့ CITIC Myanmar ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု မောင်ချမ်းမြေ့က ပြောခဲ့သည်။
“ဒီပညာသင်ဆုရတဲ့ပိုက်ဆံကို သုံးပြီးတော့ တရုတ်နဲ့ပတ်သက်တဲ့စာအုပ်တွေ လေ့လာဖို့ ဝယ်လို့ရတယ်။ ဖတ်လို့ရတယ်။ HSK အရည်အချင်းစစ်စာမေးပွဲတွေ ဖြေဖို့ပြင်ဆင်တဲ့အခါမှာလည်း အထောက်အကူပြုတယ်။ ပြီးတော့ သွားလာစရိတ်၊ တခြားငွေရေးကြေးရေးအခက်အခဲတွေကိုလည်း ပြေလည်စေတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုလည်းများစွာရှိသည့်အတွက် မောင်ချမ်းမြေ့အနေဖြင့် YUFL တွင် တရုတ်စာသင်ယူလေ့လာရန် ‌ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ “ဒါကြောင့် တရုတ်စာသင်ယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ တရုတ်စာတွေ ယဉ်ကျေးမှုတွေကို ပိုပြီးစိတ်ဝင်စားလာတယ်။ လက်ဖက်ရည်ယဉ်ကျေးမှုကို သဘောကျတယ်။ ပေကျင်းအော်ပရာကိုလည်း သဘောကျတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ပညာသင်ဆုက နှစ်နိုင်ငံကြားဆက်ဆံရေးကို တိုးမြှင့်စေကြောင်း၊ ပြည်သူအချင်းချင်းဆက်ဆံရေးကို ပိုပြီးတိုးစေကြောင်း၊ ကျွမ်းကျင်သောတရုတ်ဘာသာပြန်တစ်ဦး ဖြစ်လာရန်နှင့် အနာဂတ်တွင် တရုတ်နိုင်ငံ၌ ပညာသင်ကြားရန် ဆန္ဒရှိကြောင်းလည်း မောင်ချမ်းမြေ့က ဖြည့်စွက်ပြောခဲ့သည်။
YUFL တွင် ထိုင်းဘာသာအဓိက ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်သော မရွှေယမင်းဦးကလည်း ပညာသင်ဆုရရှိသည့်အပေါ် ၎င်း၏ခံစားမှုကို ယခုလိုမျှဝေခဲ့သည်။ “ဒီပညာသင်ထောက်ပံ့ကြေးက ကျောင်းသားတွေအတွက် အရမ်းကိုအရေးပါပါတယ်။ ပညာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဘွဲ့ရပြီးရင် မြန်မာနိုင်ငံအတွက် လိုအပ်တဲ့အခန်းကဏ္ဍမှာ အထောက်အကူပြုဖို့ ရည်ရွယ်ထားပါတယ်”
ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးရရှိသူများ၏ကိုယ်စား မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား မောင်မြတ်ဘုန်းကိုက CITIC Myanmar ကို အထူးပင်ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ရင်းနှီးသည့် ညီအစ်ကိုဆက်ဆံရေး ဆက်လက်တည်ဆောက်ရာမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရသည့်အတွက် ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ကျောင်းသူ အသက် ၂၁ နှစ်အရွယ် မအာဇာနည်က မိသားစုတွင် မွေးချင်းငါးဦးရှိသည့်အတွက် အငယ်ဆုံးဖြစ်ကြောင်း၊ ယခုရရှိသော ပညာသင်သင်ထောက်ပံ့ကြေး လိုအပ်နေချိန်တွင် ရရှိခဲ့သည့်အတွက် အလွန်ပင် အကျိုးရှိပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
“ညီမတို့မိသားစုမှာ အမအကြီးဆုံးကလည်း တက္ကသိုလ်တက်နေတော့ ငွေကြေးအထောက်အပံ့က လိုအပ်နေတာပါ။ ဒီပညာသင်ဆုက ညီမ နောက်ဆုံးနှစ်တက်တဲ့အခါမှာရော အနာဂတ်မှာပါ အဆင်ပြေပြီး အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်” ဟု မအာဇာနည်က ဆိုသည်။
“ဆိပ်ကမ်းဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ် အဓိကသင်ယူနေတဲ့ ကျောင်းသားဖြစ်တဲ့အတွက် အနာဂတ်မှာ မြန်မာနိုင်ငံမှာ ဆိပ်ကမ်းတွေတည်ဆောက်ပြီး တိုးတက်ဖို့ရည်မှန်းထားပါတယ်။ ဒီပညာသင်ထောက်ပံ့ကြေးက ညီမတို့ရပ်ရွာရော နိုင်ငံအတွက်ရော အကျိုးကျေးဇူးရှိစေဖို့ အထောက်အကူပြုစေပါတယ်။ တရုတ်-မြန်မာချစ်ကြည်ရေးကိုလည်း တွန်းအားဖြစ်စေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာကျောင်းသားများအတွက် ပိုမိုကောင်းမွန်သော ပညာရေးသင်ယူလေ့လာရန်နှင့် နိုင်ငံ၏ ပညာရေး မြှင့်တင်ရန် အတူတကွဆောင်ရွက်ကြသော CITIC Myanmar နှင့် ပါဝင်ဆောင်ရွက်ကြသောအဖွဲ့များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
CITIC Myanmar နှင့် CFRD တို့သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးအလိုက် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
CITIC Star scholarship အစီအစဉ်အရ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာရေကြောင်းပညာတက္ကသိုလ် နှစ်ခုမှ ကျောင်းသား/ကျောင်းသူများအား လာမည့်နှစ်နှစ်အတွက် ပညာသင်ဆုပေါင်း ၂၄၀ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် CITIC Star ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Feature: Chinese scholarships empower Myanmar students to greater horizons
YANGON, Sept. 12 (Xinhua) — With faces glowing with excitement and eyes sparkling with hope, Myanmar’s university students eagerly awaited the presentation of scholarships from Chinese organizations at a seminar hall in Yangon on Thursday.
China’s CITIC Myanmar, in partnership with the China Foundation for Rural Development (CFRD), presented scholarships and stipends to 240 students from Myanmar Maritime University (MMU) and Yangon University of Foreign Languages (YUFL).
Chan Myae, a 21-year-old third-year student majoring in Chinese language at YUFL, is the eldest son in his family in Yangon.
“I have one younger sister. I’m extremely happy to receive this support and would like to thank CITIC Myanmar for the scholarship,” he said.
“With the cash I received, I will be able to purchase Chinese books for my studies, prepare for HSK exams (a Chinese proficiency test), and ease my transportation and other financial burdens,” he said.
Regarding his choice to study Chinese at YUFL, he said China and Myanmar are neighbors with many bilateral economic relationships. “That’s why I chose to study Chinese. Then, I developed an interest in Chinese language and culture, particularly Chinese tea culture and Beijing opera,” he said.
“The scholarship enhances the relationship between the two countries and fosters people-to-people connections,” he said, adding that he wants to become a professional translator and study in China in the future.
Shwe Yamin Oo, a second-year Thai language student at YUFL, shared her joy in receiving the scholarship. “This support is crucial for students like us and greatly benefits our education,” she said. “After graduation, I aim to work in roles that benefit our country.”
On behalf of the scholarship and stipend recipients, Myat Phone Ko, a fourth-year student from MMU, thanked CITIC Myanmar and expressed willingness to be a part of the China-Myanmar brotherhood relation.
R Zar Ni, a 21-year-old fourth-year student at MMU, is the youngest one of five siblings. She said this scholarship came at a time of dire need.
“Our family requires financial support as my elder sister is also now attending university. The stipend will help me through my final year and support my future,” she said.
“As a student majoring in port and harbor engineering, I plan to build ports and harbors in the future. This support will help me contribute to my community and country and also foster China-Myanmar friendship,” she added.
U Ko Ko Hlaing, union minister of ministry 2 at the office of the chairman of the state administration council, thanked CITIC Myanmar and all involved parties for working together to provide better learning conditions for Myanmar students and promote the progress of the country’s education.
He also said that CITIC Myanmar and the CFRD have worked hard to contribute to Myanmar’s poverty alleviation and development.
The CITIC Star scholarship program will award 240 scholarships annually over the next two years to students from MMU and YUFL.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.