Connect with us

Economy

တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများအပေါ် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်သတ်မှတ်မှုများက ကုန်သွယ်ရေးအရ ဗိုလ်ကျအနိုင်ကျင့်မှုနှင့် လွှမ်းမိုးခြယ်လှယ်မှုကို မီးမောင်းထိုးပြလျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ Taicang ဆိပ်ကမ်းရှိ ဆိပ်ခံတံတားတွင် ပြည်ပသို့တင်ပို့မည့် လျှပ်စစ်မော်တော်ယာဉ်များအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရက ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို လက်နက်သဖွယ် ထပ်မံအသုံးချကာ အမေရိကန်ဈေးကွက်ထဲသို့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများ မဝင်ရောက်နိုင်စေရန် ဟန့်တားခြင်းသည် ကုန်သွယ်ရေးအရ ဗိုလ်ကျအနိုင်ကျင့်မှုနှင့် လွှမ်းမိုးခြယ်လှယ်မှု ပုံစံစစ်စစ်ဖြစ်သည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်မော်တော်ယာဉ် (EV) များအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း၊ ဆိုလာပြားများအပေါ် ၅၀ ရာခိုင်နှုန်း၊ သံမဏိ၊ အလူမီနီယံ၊ EV ဘက်ထရီနှင့် အရေးပါသော ဓာတ်သတ္တုအချို့တို့အပေါ် ၂၅ ရာခိုင်နှုန်း စသဖြင့် စည်းကြပ်ခွန်သတ်မှတ်မှုများကို စက်တင်ဘာ ၁၃ ရက်က ကြေညာခဲ့ကာ အဆိုပါ စည်းကြပ်ခွန်သတ်မှတ်မှုများသည် စက်တင်ဘာ ၂၇ ရက်၌ စတင်အသက်ဝင်မည်ဖြစ်သည်။

 

အမေရိကန်အစိုးရသည် ၎င်းတို့၏ လွဲမှားစွာဆုံးဖြတ်ထားသော မူဝါဒလမ်းစဉ်အတိုင်း ဆက်လက်ကျင့်သုံး၍ ပုဒ်မ ၃၀၁ အရ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ထပ်တိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၃၀၁ ဟူသည် မျက်မှောက်ခေတ် နိုင်ငံတကာ လားရာများနှင့် ဆန့်ကျင်သွေဖည်လျက်ရှိကာ အတိတ်သမိုင်း၏ အမှိုက်ပုံးထဲသို့ စွန့်ပစ်သင့်သော စစ်အေးကာလ၏ အကျိုးဆက်တစ်ခုဖြစ်သည်မှာ ပီပြင်ထင်ရှားလျက်ရှိသည်။

တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်နိုင်ငံက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကျင့်သုံးခြင်းသည် အကြွင်းမဲ့ အသာစီးရရှိရေးနှင့် တရုတ်နိုင်ငံအပေါ် အဆက်မပြတ် ဖိနှိပ်ရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေသည့် လွှမ်းမိုးခြယ်လှယ်လိုသော စိတ်နေသဘောထားကို ထင်ထင်ရှားရှား ပြသနေခြင်းပင်ဖြစ်သည်။

ဈေးနှုန်းချိုသာ၍ အရည်အသွေးမြင့်မားသော တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များ အမေရိကန်ဈေးကွက်ထဲသို့ မဝင်ရောက်နိုင်စေရန် ဟန့်တားခြင်းသည် အမေရိကန်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးရာ မရောက်သည့်အပြင် အမေရိကန်စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုမြင့်တက်စေရုံသာမက အမေရိကန်ပြည်တွင်း၌ ကုန်စည်ဈေးနှုန်းများ မြင့်တက်စေကာ ငွေကြေးဖောင်းပွမှုကိုလည်း ပိုမိုဆိုးရွားစေလိမ့်မည်ဖြစ်သည်။

အမေရိကန်အစိုးရက တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ပစ်မှတ်ထား၍ စည်းကြပ်ခွန်သတ်မှတ်မှုများကြောင့် အထူးသဖြင့် အခွန်အခဝန်ထုပ်ဝန်ပိုး ပိုမိုကြီးလေးလာကာ ဈေးကွက်စွမ်းဆောင်ရည်အား ထိခိုက်ဆုံးရှုံးစေသည့်အတွက် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံရှိ အိမ်ထောင်စုတစ်စုလျှင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၀ ကျော် ပိုမိုပေးဆောင်ခဲ့ရကြောင်း လက်တွေ့ဝင်ငွေခွန်ကောက်ခံမှု အချက်အလက်များအပေါ် အခြေခံ၍ ဇွန်လ၌ ထုတ်ပြန်ခဲ့သည့် U.S. Tax Foundation ၏ သုတေသနလုပ်ဆောင်မှုအရ သိရသည်။

“တရုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် အခွန်ထပ်တိုးသတ်မှတ်တာနဲ့ တခြားကန့်သတ်မှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒအမျိုးမျိုးကြောင့် လူအတော်များများက အဲဒီကန့်သတ်မှုတွေကို ရှောင်ကွင်းဖို့ ဒါမှမဟုတ် ထပ်တိုးကုန်ကျစရိတ်တွေကို တောင့်ခံနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလာကြတာမို့ ဈေးကွက်ယှဉ်ပြိုင်မှုကို ပိုမိုကျဆင်းစေပါတယ်” ဟု The Diplomat မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စက်မှုလုပ်ငန်းကွင်းဆက်၏ တန်ဖိုးနိမ့်နှင့် တန်ဖိုးသင့်ထုတ်ကုန် နေရာ၌သာ အမြဲရပ်တည်နေ၍ မရနိုင်သည်ကို အမေရိကန်နိုင်ငံအနေဖြင့် နားလည်သိရှိသင့်သည်။ တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်စွမ်းရှိကာ ထိုသို့ထုတ်လုပ်နိုင်ရန်လည်း လိုအပ်သကဲ့သို့ ထုတ်လုပ်နိုင်သည့် အခွင့်အရေးလည်းရှိသည်။ အမှန်တကယ် အန္တရာယ်ရှိစေသော လုပ်ထုံးလုပ်နည်းများမှာ တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းမူဝါဒမဟုတ်ဘဲ အမေရိကန်နိုင်ငံ၏ ရေတိုကိုသာကြည့်၍ သဘောထားကျဉ်းမြောင်းသော စစ်အေးကာလ စိတ်နေသဘောထားများ လွန်ကဲနေသည့် ကုန်သွယ်ရေးမူဝါဒသာဖြစ်ပေသည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးသည် အပြန်အလှန်အကျိုးပြုစေသော သဘောသဘာဝရှိကာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာ တိုးတက်မြင့်မားမှုအား ဖိနှိပ်ခြင်းသည် အမေရိကန်နိုင်ငံကိုယ်တိုင်သာမက အခြားသူများကိုပါ ထိခိုက်နစ်နာစေသည်။ အမေရိကန်အစိုးရအနေဖြင့် အမှားများကျူးလွန်နေခြင်းကို ရပ်တန့်ကာ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းသင့်ပေသည်။ (Xinhua)
#China #US #Tariff #တရုတ် #အမေရိကန် #စည်းကြပ်ခွန်
——————————-
(English Version)
Xinhua Commentary: U.S. tariffs on Chinese goods underscore trade bully, hegemony
BEIJING, Sept. 14 (Xinhua) — The U.S. administration has again used protectionism tools to impede Chinese goods from entering the U.S. market, underscoring its typical trade bullying and hegemony.
The Office of the United States Trade Representative announced on Friday tariffs including a 100 percent duty on electric vehicles (EVs), 50 percent on solar cells and 25 percent on steel, aluminum, EV batteries and some key minerals imported from China, effective from Sept. 27.
The U.S. administration has followed its previous misguided policy by imposing additional tariffs on Chinese goods under Section 301. The Section 301 was obviously a product of the Cold War era that contradicts current international trends and should be thrown into the dustbin of history.
The U.S. protectionism against Chinese goods demonstrates its hegemonic mentality of pursuing absolute advantage, and its relentless suppression of China.
Hampering low-priced, high-quality Chinese EVs from entering the U.S. market will not protect U.S. workers and businesses, as it will only render U.S. consumers to bear higher costs, drive up U.S. commodity prices and exacerbate inflation.
An average U.S. household paid over 300 U.S. dollars more in 2023 due to Washington’s tariffs targeting imports from China, mainly because of higher tax burdens and market efficiency losses, said a U.S. Tax Foundation research published in June based on actual revenue collection data.
“With a variety of U.S. policies now adding tariffs and other restrictions to Chinese goods and services, many have had to find ways to either bypass the restrictions or simply absorb the added cost, further reducing competitiveness,” according to a report in The Diplomat.
The U.S. side should know that China cannot permanently stay at the medium and low end of the industrial chain. China has the capability, the need and the right to climb up toward the medium and high end. The truly harmful practices are not Chinese industry policy, but the United States’ own short-sighted, narrow-minded and Cold War mentality-obsessed trade policy.
Sino-U.S. economic and trade relations are mutually beneficial in nature. Suppressing China’s economic and technological advancement hurts the United States itself as well as others. The U.S. administration should stop making mistakes and return to the right track. Enditem
English Caption
An aerial drone photo taken on July 11, 2023 shows new energy vehicles for export at a terminal of Taicang Port, east China’s Jiangsu Province. (Photo by Ji Haixin/Xinhua)