Connect with us

Education & Health

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း လူ ၁၃၃ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ဆေးကုသမှုခံယူ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်း ကျေးရွာ ရွှေဖြူရတနာစာသင်တိုက်တွင် လူပေါင်း ၁၃၃ ဦး အစာအဆိပ်သင့်မှုကြောင့် ဆေးကုသမှု ခံယူခဲ့ ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကျေးရွာနေပြည်သူများက စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား စားသုံးပြီးနောက် ည ၈ နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် (၆၈) ဦး၊ အတွင်းလူနာအဖြစ် (၆၅) ဦး လာရောက်ကုသမှုခံယူခဲ့ကြောင်း၊ ဆေးရုံတက်လူနာများအနက် အတွင်းလူနာ(၄၁)ဦးသည် ရောဂါသက်သာ ကောင်းမွန်သဖြင့် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနည်းတူ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်က လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များလှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။ (Xinhua)
…………………….
(English Version)
133 hospitalized after food poisoning in Myanmar
YANGON, Sept. 19 (Xinhua) — A total of 133 people from Oktwin township in the Bago region, southern Myanmar, were hospitalized due to food poisoning, the information team of the State Administration Council reported on Thursday. The incident occurred on Wednesday evening after local residents consumed fried vermicelli, sauce, rice, and tamarind egg curry donated to them earlier that morning, the report said. The patients experienced food poisoning symptoms such as abdominal pain, vomiting, and diarrhea at around 8 p.m. local time, the report said. The patients were transported to Taungoo General Hospital, with 68 treated as outpatients and 65 admitted as inpatients. Of the inpatients, 41 were discharged on Thursday morning after recovering, it said. In a separate incident, over 100 people from Tatkon township in Nay Pyi Taw Union Territory were hospitalized on Tuesday due to food poisoning. The country’s Ministry of Health has urged local authorities and healthcare officials in flood-affected areas to ensure that donated foods are safe and hygienic, the report added. Enditem