ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ သာစည်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄နာရီဝန်းကျင်ခန့်က ကလေးငယ် ၆ဦးသည် ဧရာဝတီမြစ်အတွင်းမှ ဖားဥဟုယူဆရသော ဥများကောက်ယူကြော်စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရေနုတ်မြောင်းပြုပြင်နေသော လုပ်သား ၁၉ဦးသည် ဇွန် ၂၄ရက်နေ့တွင် မှိုများစားသောက်ပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။