Connect with us

Africa & Middle East

တရုတ်နိုင်ငံအနေဖြင့် အရပ်သားများအား မဆင်မခြင် တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Loey Felipe/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံအကြား လက်ရှိဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၏ အနီရောင်စည်းအား ချိုးဖောက်လျက် အရပ်သားများအပေါ် မဆင်မခြင် တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၅ ရက်က လက်ဘနွန်-အစ္စရေး အခြေအနေနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖုက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်ပြည်သူများသည် ဆယ်စုနှစ်များအတွင်း သွေးထွက်သံယိုအဖြစ်ဆုံး သီတင်းပတ်နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ထောင်နှင့်ချီသည့် ဆက်သွယ်ရေးကိရိယာများအား အဝေးထိန်းစနစ်ဖြင့် တစ်ပြိုင်နက်တည်း ဖောက်ခွဲမှုကြောင့် အပြစ်မဲ့အရပ်သား အများအပြား သေကျေပျက်စီးခဲ့ကာ အစ္စရေးစစ်တပ်၏ အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးပြီး အခြား ၂,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဖုက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက အဲဒီလို အညှာအတာမဲ့တဲ့ မဆင်မခြင် တိုက်ခိုက်မှုတွေကို ထပ်မံရှုတ်ချပါတယ်” ဟု ဖုက ဆိုသည်။
လက်ဘနွန်နိုင်ငံက ၎င်းတို့၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် နိုင်ငံ၏ဂုဏ်သိက္ခာတို့အား ခုခံကာကွယ်နေခြင်းကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံလျက်ရှိကာ နိုင်ငံတကာဆက်ဆံရေးကို စီမံခန့်ခွဲလျက်ရှိသော အခြေခံစံနှုန်းများကို ချိုးဖောက်သည့် လုပ်ရပ်များအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၏ အနီရောင်စည်းအား ချိုးဖောက်လျက် အရပ်သားများအပေါ် မဆင်မခြင် တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖုက ပြောကြားခဲ့သည်။
အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးအတွက် အားပေးထောက်ကူရန်နှင့် ပဋိပက္ခ ကျယ်ပြန့်အရှိန်မြင့်တက်လာြခင်းမရှိအောင် တားဆီးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းလျက်ရှိသော်ြငားလည်း လက်တွေ့အခြေအနေမှာ ဆန့်ကျင်ဘက်လားရာဆီသို့ ဦးတည်နေသည်ဟု ဖုက ဆိုသည်။ “ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက်မှာ စုဝေးနေချိန်မှာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ပြတ်ပြတ်သားသား တောင်းဆိုနေပေမဲ့လည်း အစ္စရေးနိုင်ငံက ပဋိပက္ခကို ကျယ်ပြန့်အောင်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒါဟာ နိုင်ငံတကာရဲ့ တရားမျှတမှုနဲ့ နိုင်ငံတကာဥပဒေရဲ့ အာဏာသက်ရောက်မှုကို မထီမဲ့မြင်ပြုတဲ့သဘော သက်ရောက်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲထပ်မံဖြစ်ပွားမည်ကို လက်ခံ၍မရနိုင်ကြောင်း၊ စစ်ရေးအရ မဆင်မခြင်လုပ်ဆောင်မှုများကို ရပ်တန့်ကာ တင်းမာမှုများ ပြေလျော့ရေးအတွက် ပံ့ပိုးပေးရန် အလွန်အရေးကြီးကြောင်း ဖုက အလေးအနက်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပန်ကြားတိုက်တွန်းမှု၊ ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ရေးအတွက် ကြိုးပမ်းမှုများနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းရေးအတွက် ကြိုးပမ်းသွားရန် လက်ဘနွန်နိုင်ငံက ဆန္ဒရှိမှု အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ ကြိုးပမ်းအားထုတ်မှုများကို ၎င်းက အလေးအနက်ပြောကြားခဲ့ကာ အစ္စရေးနိုင်ငံကိုလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ရန်၊ အင်အားအသုံးပြုကာ စိတ်အားထက်သန်နေခြင်းကို ရပ်တန့်ရန်၊ လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံမှုအား ချိုးဖောက်နေမှုများကို ရပ်တန့်ရန်၊ အရှေ့အလယ်ပိုင်းဒေသအား နောက်ထပ်ကပ်ဘေးတစ်ခုဆီသို့ ဆွဲသွင်းနိုင်သည့် စွန့်စားသော လုပ်ရပ်များကို ရပ်တန့်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့ပြင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ အခြေအနေတင်းမာအောင် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်လည်း သက်ဆိုင်သည့် ဘက်အသီးသီးအား ဖုက တိုက်တွန်းခဲ့သည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းလျက်ရှိသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တာဝန်ကို မီးမောင်းထိုးပြလျက် နိုင်ငံရေးသဘောဆန္ဒနှင့် ငြိမ်းချမ်းရေးအတွက် ဦးဆောင်မှုအခန်းကဏ္ဍကို ပြသရန်၊ လက်ဘနွန်နိုင်ငံနှင့် အာရပ်နိုင်ငံများ၏ မျှော်လင့်ချက်များကို တုံ့ပြန်ရန်၊ စစ်ပွဲအား ရပ်တန့်ရေးနှင့် အခြေအနေတင်းမာမှုကို လျှော့ချရေးအတွက် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုများကို အခိုင်အမာလုပ်ဆောင်ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အထောက်အကူပေးရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးကို ဖုက တိုက်တွန်းခဲ့သည်။ (Xinhua)
…………………….
(English Version)
China firmly opposes any indiscriminate attacks against civilians: envoy
UNITED NATIONS, Sept. 26 (Xinhua) — Fu Cong, China’s permanent representative to the United Nations, said China is seriously concerned about the current situation between Lebanon and Israel, and firmly opposes any indiscriminate attacks against civilians that breach the red line of international humanitarian law.
In remarks at the UN Security Council briefing on the Lebanese-Israeli situation on Wednesday, Fu said the Lebanese people have just experienced the bloodiest week in decades, with thousands of communications devices detonated simultaneously via remote control causing heavy casualties of innocent civilians, and over 500 people killed and close to 2,000 others injured in large-scale airstrikes launched by Israel.
“China once again condemned such unscrupulous and indiscriminate attacks,” said the ambassador.
China firmly supports Lebanon in defending its sovereignty, security, and national dignity, and strongly condemns acts that violate the basic norms governing international relations, Fu said, adding, “We firmly oppose any indiscriminate attacks against civilians that breach the red line of international humanitarian law.”
Noting the efforts by the international community on promoting an immediate ceasefire and preventing the conflict from spilling over and expanding, Fu said the reality, however, is heading in the opposite direction. “As world leaders gather here in New York, making an overwhelming call for the maintenance of peace in the Middle East in the General Assembly general debate, Israel has chosen to expand the conflict. This is nothing short of a mockery of international justice and the authority of international law.”
The ambassador emphasized that the Middle East “cannot afford another war,” and that it is imperative to stop military adventurism and facilitate deescalation.
He took note of the efforts by the international community, including the appeal of the UN secretary-general, the mediation efforts by the world body, and Lebanon’s willingness to seek a diplomatic solution, and urged Israel to “make the right decision, put aside its obsession with the use of force, stop its military operations in Gaza, stop its violations of Lebanon’s sovereignty and security, and stop adventurous acts that could drag the region into a new catastrophe.”
Fu also called on all relevant parties to exercise maximum restraint and to avoid escalating the situation.
Underscoring the Security Council’s responsibility of maintaining international peace and security, he urged all council members to demonstrate political will and leadership for peace, respond to the expectations of Lebanon and Arab states, and support the council in taking strong, necessary actions without delay, in order to play an effective role in stopping the war and easing the situation. Enditem
English Caption
A UN Security Council briefing on the situation in the Middle East is held at the UN headquarters in New York, on Sept. 19, 2024. (Loey Felipe/UN Photo/Handout via Xinhua)