Connect with us

China

တရုတ် ဒုတိယဝန်ကြီးချုပ်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးတို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေး၊ အသွင်ကူးပြောင်းရေး ကာလအတွင်း သဘောထားကွဲလွဲမှုများကို ကိုင်တွယ်စီမံရန် သဘောတူညီ

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန်တို့သည် ဇန်နဝါရီ ၇ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမေရိကန်၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု ကာလအတွင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ သဘောထားကွဲလွဲမှုများကို ကိုင်တွယ်စီမံရန်၊ တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။
တရုတ်-အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အဓိက ဝာာဝန်ရှိသူနှစ်ဦးအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများကို ပြန်လည်သုံးသပ်ခဲ့ကာ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသည့် အရေးပါသော ဘုံသဘောတူညီမှုများကို အကောင်အထည်ဖော်ရာ၌ နှစ်နိုင်ငံ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် အခြားသော တွေ့ဆုံဆွေးနွေးမှု ယန္တရားများ၏ အရေးပါသော အခန်းကဏ္ဍကိုလည်း ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအရ ကန့်သတ်မှုများအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ကာ အထူးသဖြင့် အမေရိကန်ဘက်က မကြာမီက လုပ်ဆောင်ခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်က ၎င်း၏ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
He Lifeng, Yellen hold virtual talks, agree to manage transition period differences
Chinese Vice Premier He Lifeng on Tuesday held talks via video link with U.S. Treasury Secretary Janet Yellen, with both sides agreeing to maintain communication, manage differences and continue stabilization of China-U.S. economic relations during the political transition period in the U.S.
The two lead persons for China-U.S. economic and trade affairs reviewed the experience of China-U.S. economic exchanges and cooperation in recent years and spoke highly of the important role of China-U.S. economic and financial working groups and other dialogue mechanisms in implementing the important consensus reached by the two heads of state.
The Chinese side expressed concern over U.S. economic and trade restrictions on China — in particular clarifying China’s position concerning the recent trade investigation initiated by the U.S. side.