China
ဟားအယ်ပင်းမြို့တွင် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲ မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားကျင်းပ
ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့တွင် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲအတွက် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်ခဲ့ရာ မီးရှူးတိုင်သယ်ဆောင်သူ ၁၂၀ ဦးတို့ ပါဝင်ခဲ့ကြသည်။
၁၁ ကီလိုမီတာရှိသော မီးရှူးတိုင်သယ်ဆောင်းရေးလမ်းကြောင်းတွင် နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသည့် ဟားအယ်ပင်းဗဟိုလမ်း၊ မြို့ကိုဖြတ်သန်းစီးဆင်းလျက်ရှိသော ဆုန်းဟွာမြစ် စသည်တို့အပါအဝင် ယင်းမြို့ရှိ အထင်ကရနေရာများစွာကို လွှမ်းခြုံထားကြောင်း သိရသည်။
ဟားအယ်ပင်းမြို့သည် ၁၉၉၆ ခုနှစ်က တတိယအကြိမ် အာရှဆောင်းရာသီအားကစားပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ကမ္ဘာ့တိုက်ကြီးအဆင့် ဆောင်းရာသီအားကစားပွဲကို လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ကြည့်ရှုသူပရိသတ်ထဲတွင် တတိယအကြိမ်နှင့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲ နှစ်ခုလုံး၌ ရေခဲထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သော အသက် ၅၄ နှစ်အရွယ် Wang Lehui လည်း ပါဝင်ခဲ့သည်။
“၂၉ နှစ်အတွင်းမှာ အခြေခံအဆောက်အအုံတွေ၊ ပစ္စည်းတွေက သိသိသာသာ တိုးတက်လာတယ်။ ပြီးတော့ ဆောင်းရာသီအားကစားပွဲ တိုးတက်မှုတွေက မြင့်မားတဲ့အဆင့်သစ်ကို ရောက်ရှိလာခဲ့တယ်။ ဟားအယ်ပင်းက ကမ္ဘာအနှံ့ဂုဏ်သတင်း ကြီးမားလာတာနဲ့အတူ နာမည်ကျော်ခေတ်မီမြို့တစ်မြို့ ဖြစ်လာခဲ့ပါပြီ” ဟု Wang က ဆိုသည်။ (Xinhua)
……………………….
(English Version)
Torch relay of 9th Asian Winter Games held in Harbin
HARBIN, Feb. 3 (Xinhua) — With 120 torchbearers participating, the torch relay for the 9th Asian Winter Games was held Monday in Harbin.
The 11-kilometer relay route covered several landmarks in the city, including Harbin Central Street, which has a history of more than 100 years, and the Songhua River, which runs through the city.
Harbin previously hosted the 3rd Asian Winter Games in 1996, marking China’s first time hosting a continental winter sports event.
Among the spectators was 54-year-old Wang Lehui, who worked as an ice maintenance staff member at both the 3rd and 9th Asian Winter Games.
“In the past 29 years, infrastructure and facilities have improved significantly, and the development of winter sports has reached new heights,” Wang said. “Harbin has become a renowned modern city with a growing global reputation.”
Photo 1: Photo taken on Feb. 3, 2025, shows the general view of the launch ceremony of the 2025 Asian Winter Games Torch Relay in Harbin, northeast China’s Heilongjiang Province. (Xinhua/Xie Jianfei)
Photo 2: Torch bearer, Shen Xue greets audience during the 2025 Asian Winter Games Torch Relay in Harbin, northeast China’s Heilongjiang Province, on Feb. 3, 2025. (Xinhua/Xie Jianfei)