Connect with us

China

သမ္မတ ရှီနှင့် ပါကစ္စတန် သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီ (Asif Ali Zardari) နှင့် ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် သံမဏိသဖွယ် ခိုင်မာသည့် ချစ်ကြည်ရေးထားရှိကာ အချိန်အခါမရွေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံတို့သည် အချင်းချင်း ခိုင်မာသော နိုင်ငံရေးထောက်ခံပံ့ပိုးမှုရှိခဲ့ကြောင်း၊ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုများကို နီးကပ်စွာထိန်းသိမ်းထားကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှု၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ခဲ့ကာ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် ကောင်းမွန်သော စံနမူနာ ချမှတ်နိုင်ခဲ့ကြောင်း ရှီက ဆိုသည်။
ထို့ပြင် မိမိနိုင်ငံကိုယ်စီ သက်ဆိုင်ရာခေတ်မီအသွင်ပြောင်းရေး တွန်းအားပေးမှုများကို အဆင့်မြှင့်တင်ရေး၊ ခေတ်သစ်တွင် ပိုမိုနီးကပ်သော တရုတ်-ပါကစ္စတန် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု အရှိန်မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများအား အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ပိုမိုအကျိုးပြုနိုင်ရေးအတွက် တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံနှင့်အတူ ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးကို ဗျူဟာမြောက်ရှုထောင့်မှ အစဉ်အမြဲရှုမြင်ကာ ပါကစ္စတန်ကို ရှေးရှုသော ချစ်ကြည်ရေးမူဝါဒ တည်ငြိမ်၍ စဉ်ဆက်မပြတ်ဖြစ်စေရန် မြင့်မားသောအဆင့်၌ ထိန်းသိမ်းထားလျက်ရှိကြောင်း သမ္မတ ရှီက အလေးထားပြောခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ခြင်း၊ နိုင်ငံ၏ အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်သော တိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းရာတွင်လည်း တရုတ်နိုင်ငံအနေဖြင့် အမြဲတစေ အခိုင်အမာ ထောက်ခံကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Xi holds talks with Pakistani president
BEIJING, Feb. 5 (Xinhua) — Chinese President Xi Jinping held talks with Pakistani President Asif Ali Zardari in Beijing on Wednesday.
Xi said China and Pakistan enjoy ironclad friendship and are all-weather strategic cooperative partners.
In recent years, the two countries have provided firm political support for each other, maintained close high-level exchanges, and advanced the construction of the China-Pakistan Economic Corridor and cooperation in various fields, setting a good example for relations between countries, he said.
China stands ready to work with Pakistan to advance their respective modernization drives, accelerate the building of an even closer China-Pakistan community with a shared future in the new era, bring more benefits to the two peoples, and make greater contributions to regional peace, stability and prosperity, Xi said.
Xi stressed that China always views its relations with Pakistan from a strategic perspective, and maintains a high degree of stability and continuity in its friendly policy toward Pakistan. He said that China will, as always, support Pakistan firmly in safeguarding its sovereignty, independence and territorial integrity, in combating terrorism, and in following a development path suited to its national conditions.
Photo 1, 2: Chinese President Xi Jinping shakes hands with Pakistani President Asif Ali Zardari at the Great Hall of the People in Beijing, capital of China, Feb. 5, 2025. (Xinhua/Li Xueren)