Connect with us

China

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ဒေသခံများအနေဖြင့် တရုတ်ပြည်မကြီးတွင် ခရီးသွားလာရေး၊ နေထိုင်ရေး အဆင်ပြေစေရန် မူဝါဒ စီမံချက်သစ်များကို တရုတ်နိုင်ငံ ကြေညာ

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ဒေသခံများအနေဖြင့် တရုတ်ပြည်မကြီးတွင် ခရီးသွားလာရေးနှင့် နေထိုင်ရေး လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်သည့် မူဝါဒ စီမံချက်သစ်နှစ်မျိုးမှာ မတ် ၂၀ ရက်က စတင်အသက်ဝင်လာပြီဖြစ်ကြောင်း တရုတ်ဗဟိုအစိုးရက ကြေညာခဲ့သည်။
အဆိုပါ မူဝါဒသစ်အရ တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ဒေသခံများအနေဖြင့် ၎င်းတို့၏ ခရီးသွားလာခွင့် စာရွက်စာတမ်းများ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ယူဆောင်ရန် မေ့လျော့နေခြင်းတို့ ဖြစ်ပွားခဲ့ပါက ခုနစ်ရက်သက်တမ်းရှိသည့် ယာယီ အီလက်ထရွန်းနစ် အထောက်အထား လျှောက်ထားနိုင်ပြီဖြစ်ကာ တရုတ်ပြည်မကြီးအတွင်းရှိ မြို့များတွင် လေယာဉ်စီးခွင့်နှင့် ရထားစီးခွင့်များ ရရှိမည်ဖြစ်ကြောင်း အမျိုးသား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (NIA) က ပြောကြားခဲ့သည်။
NIA က ခရီးသွားလာခွင့်နှင့် နေထိုင်ခွင့်တို့ကို ချိတ်ဆက်ထားသည့် စိစစ်အတည်ပြုရေး ဝန်ဆောင်မှုတစ်မျိုးကိုလည်း စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ လူပုဂ္ဂိုလ်များအနေဖြင့် NIA ၏ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ခွင့်ပြုချက်အထောက်အထား တောင်းခံခြင်း သို့မဟုတ် နိုင်ငံတစ်ဝန်းရှိ ခရိုင်အဆင့် သို့မဟုတ် ယင်းထက်ပို၍ အဆင့်မြင့်သော လူဝင်မှုကြီးကြပ်ရေးရုံးတစ်ခုခုတွင် တရားဝင် စာရွက်စာတမ်း အထောက်အထား ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ဒေသခံများအတွက် ဝန်ဆောင်မှုပေးနေသည့် အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း အလိုအလျောက် စိစစ်အတည်ပြုရေး လုပ်ငန်းစဉ်အတွက် ၎င်းတို့၏ စနစ်များကို NIA ၏ မှန်ကန်ကြောင်း အတည်ပြုရေး ပလက်ဖောင်းနှင့် ပေါင်းစည်းချိတ်ဆက်နိုင်မည်ဖြစ်သည်။ (Xinhua)
…………………..
(English Version)
China introduces new measures to facilitate travel, residency for HK, Macao, Taiwan residents on mainland
BEIJING, March 20 (Xinhua) — China’s central government announced Thursday that two new measures aimed at facilitating travel and residency for residents of Hong Kong, Macao and Taiwan on the mainland took effect on Thursday.
Under the new policy, Hong Kong, Macao and Taiwan residents who lose, damage, or forget to carry their travel permits can apply for a temporary electronic permit valid for seven days, allowing them to board flights and trains within mainland cities, the National Immigration Administration (NIA) said.
The NIA has also launched a verification service linking travel and residence permits.
Individuals can request proof of their permit association via the NIA’s online platform or obtain an official paper document from any immigration office at or above the county level nationwide.
Government agencies and businesses serving Hong Kong, Macao and Taiwan residents can integrate their systems with the NIA’s authentication platform for automatic verification.